Sales Hotline : 09448001653       Download App



21 ရာစုကျောင်းသားတိုင်း၏ ဖုန်းတွင် ရှိသင့်သည့် မိုဘိုင်းလ် အက်ပလီကေးရှင်းများ 

 

တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် အင်တာနက် ရှိရုံဖြင့် ဘာမဆိုအလွယ်တကူ လေ့လာနိုင်ဖြစ်တာ အားလုံးအသိပါ။ 

ဒါကြောင့် လေ့လာမှုများကို ပို၍ အထောက်အကူဖြစ်စေမည့် မိုဘိုင်းလ် အက်ပလီကေးရှင်းများ မိမိတို့ဖုန်းတွင် ထည့်သွင်းထားမည်ဆိုပါက အချိန်ကုန်သက်သာပြီး နေ့တိုင်းနေ့တိုင်း productive ဖြစ်နေမှာ အမှန် ဖြစ်ပါတယ်။ 

တော်တော်များများ သိပြီးသား ဖြစ်ကြမှာပါ၊ ဒါပေမဲ့ မသိသေးတဲ့ သူများအတွက် အထောက်အကူ ဖြစ်အောင် ပြောပြပေးချင်ပါတယ်။ 

LinkedIn Learning 

အားလုံးသိတဲ့အတိုင်း LinkedIn ဆိုတာက လူငယ်တိုင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ Skills အသစ်တွေ အမြဲလေ့လာနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ဒီ LinkedIn မှာမိမိတို့ လုပ်ကိုင်နိုင်စွမ်းကို ချပြနိုင်သလို လိုအပ်သည့် skill အသစ်များကိုလည်း LInkedIn Learning မှာ သင်ယူနိုင်ပြီ ဖြစ်ပါတယ်။ 

Power BI essential learning, Excel 2013: Pivot Tables,Python: Design a pattern,Electronic Foundations: fundamentals အစရှိသည့် သင်ခန်းစာများကို လေ့လာနိုင်ပါတယ်။

LinkedIn Learning  ၏ အားသာချက်များမှာ- 

  • ကျွမ်းကျင်ပညာရှင်များမှ သင်ကြားပို့ချထားသည့် သင်ခန်းစာပေါင်း 16,000 ကျော်ကို ‌ရွေးချယ်လေ့လာနိုင်ခြင်း။
  • အဆင်မပြေပါက သင်ခန်းစာများ အချိန်မရွေးပြန်ဖျက်နိုင်ပြီး ပထမဆုံး တစ်လမှာတော့ အခမဲ့သင်နိုင်ခြင်း။
  • သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ရနိုင်ခြင်း။
  • တက်‌ရောက်သင့်သည့် သင်ခန်းစာများကို အကြုံပေးခြင်း။
  • သင်တန်းတက်ရောက်နေတုန်း Quizz များ၊ Project files များဖြင့် လေ့ကျင့်နိုင်ခြင်း။
  • ဖုန်းတွင် ဖြစ်စေ၊ ကွန်ပြုတာတွင် ဖြစ်စေ အချိန်မရွေး လေ့လာနိုင်ခြင်း တို့ ဖြစ်ပါသည်။

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<< 

 

ShweBook Dictionary Pro

Dictionary apps လေးတစ်ခုလောက်ကတော့ ဖုန်းထဲရှိတာအကောင်းဆုံးပါ။ ဒီ အင်္ဂလိပ် -မြန်မာ အဘိဓာန်လေးက ယူနီကုဒ်ရော ဇော်ဂျီပါ အသုံးပြုလို့ရသောကြောင့် လက်ရှိတွင် အဆင်‌‌ပြေမည် ထင်ပါတယ်။ 

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<< 

Duolingo - language lesson

ဒီဇီးကွက် အစိမ်းလေးကို အားလုံးသိမှာပါ။ ဘာသာစကားလေ့လာဖို့ဆိုရင် ဒီဟာလေးက ပျော်ဖို့လည်းကောင်းသလို စာလည်းမြန်မြန်ရစေပါတယ်။ Duolingo ကနေ ဘာသာစကားပေါင်း 30 ကျော်ကို နေရာမရွေး၊အချိန်မရွေး လေ့လာနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင်အခုဆိုရင် IELTS ရမှတ်များ အစား Duolingo English Test က ရမှတ်များကို  အစားထိုးလက်ခံလာကြာတာကို တွေ့ရပါတယ်။

ဆက်စပ်ဖတ်ရှုရန် >>> ဂိမ်းလည်းကစားမယ်၊ ဘာသာစကားအသစ် အသစ်တွေလည်းလေ့လာလို့ရမည့်  Duolingo

Duolingo English Test ဆိုတာ ဘာလဲ

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<< 

Photomath

ဒီ Photomath ကတော့ calculator သပ်သပ် မဟုတ်ဘဲ သင်္ချာဖော်မြူလာများအတိုင်း တွက်ချက်နိုင်သူလေးဖြစ်ပါတယ်။ သူ့မှာ လုုပ်ဆာင်ချက် တော်တော်များများပါတာကြောင့် သင်္ချာနှင့် ပတ်သက်လာလျှင် သူတစ်ခုထဲနဲ့ အဆင်ပြေမှာ အမှန်ပါပဲ။ 

ဆက်စပ်ဖတ်ရှုရန် >>>  သင်္ချာမှာ ဆရာတစ်ဆူဖြစ်ဖို့ Photomath နှင့် လေ့ကျင့်ကြမယ်

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<<

Google Drive 

သူကတော့ မရှိမဖြစ် apps တွေထဲက တစ်ခုပါ။ File တွေကို Cloud ပေါ်မှာသိမ်းထားပေးပြီး account တစ်ခုရှိတာနဲ့ နေရာမရွေးအသုံးပြုနိုင်ပြီ ဖြစ်တာကြောင့် သူ့ရဲ့ အားသာချက်ကတော့ လုပ်လက်စတွေ မပြီးသေးလည်း ပျက်သွားမျိုးတွေ မဖြစ်ဘဲ ဒေတာတွေကို လုံခြုံအောင် သိမ်းထားနိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့လည်း 15GB Free ပေးထားသောကြောင့် အဆင်ပြေလှပါတယ်။ 

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<<

Google Keep 

နောက်တစ်ခုကတော့ Google Keep ပါ။ Google ရဲ့ product တွေထဲ တစ်ခု ဖြစ်တဲ့ အတွက် Gmail တစ်ခုရှိရုံနဲ့ အကုန်ချိတ်ဆက် ထားပြီးသား ဖြစ်ပါတယ်။ ဒီ Keepမှာ notes တွေ မှတ်ဖို့အတွက် အသင့်လျော်ဆုံးပါ။ Notes မှတ်တာအပြင် Photo များမှာ Save လုပ်လို့ရတာကြောင့် ဒါကလည်း ရှိသင့်သည့် application တစ်ခု ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<<

Zoom 

အွန်လိုင်း သင်ခန်းစာများ သင်ကြားကြရာတွင် မရှိမဖြစ်ဖြစ်လာသည့် Zoom ဟာလည်း ရှိထားသင့်သည့် application တစ်ခုပါ။ zoom ကတော့ အားလုံး ရင်းနှိးပြီးသား ဖြစ်တဲ့အတွက် အများကြီး ပြောဖို့ မလိုတော့ဘူးထင်ပါတယ်။ 

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<<

Google Translate 

ဒါကတော့ မရှိရင်လည်း ဖြစ်တယ်ဆိုပေမဲ့ အသုံးဝင်သည့် application တစ်ခုပါ။ မသိနားမလည်သည့် စာကြောင်းကို အနီးစပ်ဆုံး ဘာသာပြန်ပေးနိုင်သည့် အတွက် Dictionary ကြည့်ပြီး ဘာသာပြန်တာထက်စာရင် အချိန်တိုအတွင်း အဓိပ္ပါယ် သိနိုင်ပါတယ်။

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<<

Urban Dictionary

ဒီဟာလေးက တော့ ဗန်းစကားကို ခေတ်နဲ့အညီ up to date သိနိုင်ဖို့ အတွက် ရည်ရွယ်ပါတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တာပဲ ဖြစ်စေ၊ သီချင်းနားထောင်တာပဲ ဖြစ်စေ သူတို့ သုံးတဲ့စကားလုံးတွေက ကိုယ်ထင်ထားသလို မဟုတ်တဲ့အတွက် အဓိပ္ပါယ်မတူတဲ့အခါ အဆင် မပြေဖြစ်ရ‌ရော။ နောက်ပြီး သူ့ဆီမှာက တစ်ခု ပိုသောကျမိတာက “Word of the day” အပိုင်းပါ၊ နေ့စဥ်နဲ့ အမျှ စကားလုံး အသစ်တွေသိရတဲ့ အတွက် ကိုယ်က သူများထက် နောက်မကျတော့ဘူးပေါ့။ 

 

ဒေါင်းလုဒ်ရယူရန် လင့်ခ် >>> Click Here <<<

လေ့လာမှုများ အဆင်ပြေ လွယ်ကူကြပါစေနော်။ 

By Myanmar Education Guide - EDGE

International News Read 2216 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176