ဂိမ်းလည်းကစားမယ်၊ ဘာသာစကားအသစ် အသစ်တွေလည်းလေ့လာလို့ရမည့်  Duolingo 

ဘာသာစကား အသစ် သင်ယူခြင်းဆိုသည်မှာ စိတ်ရှည်သည်းခံမှုနှင့် အချိန်မှန်လေ့ကျင့်မှုများ မရှိပါက ကျွမ်းကျင်စွာတတ်မြောက်နိုင်မည် မဟုတ်ပါ။

သို့သော် ထိုအချက်က လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ အကယ်၍ သင်ကြားနည်းစနစ်များနှင့် လိုက်လျောညီထွေ မရှိသောအခါ အာရုံစိုက်မှူများ နှင့် စိတ်ဝင်စားမှုများက လျင်မြန်စွာလျော့နည်းလာပြီး မ‌‌‌‌အောင်မြင် ဖြစ်တတ်ပါသည်။ Duolingo သည် ဘာသာစကား သင်ယူခြင်းကို လွယ်ကူစေရန် အထောက်အကူ ဖြစ်စေသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။

၎င်းသည် ပျော်စရာကောင်းပြီးအပြန်အလှန်အကျိုးသက်ရောက်မှုရှိစေသည့် သင်ခန်းစာများဖြင့် ကူညီပေးပြီး အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ မန်ဒရင်း၊ လက်တင်စသည့်များစွာသောဘာသာစကားများကိုသင်ယူနိုင်သည့် နေရာကောင်း တစ်ခု ဖြစ်ပါသည်။ အခြေခံအနေဖြင့် ရုပ်ပုံကားချပ်များကို အမည်တပ်ရသည့် ဂိမ်းကစားနည်းများဖြင့် စတင်သောကြောင့် စိတ်ဝင်စားဖို့ကောင်းပါသည်။

အဆင့်များစွာကို ပြီးမြောက်လာလေလေ ဝေါဟာရနှင့်သဒ္ဒါစွမ်းရည်ကိုတိုးတက်စေမည့်ဆွဲဆောင်မှုရှိသောကစားနည်းများစွာ နှင့် ရင်ဆိုင်ရလေလေ ဖြစ်ပါသည်။ ထို့အပြင် တစ်နေ့တာ လုပ်ဆောင်ရမည့် ပန်းတိုင်များကိုလည်း ကိုယ်တိုင်သတ်မှတ်နိုင်သည်။ တိုးတက်လာမှု စွမ်းရည်များကိုလည်း ခြေရာခံပေးကာ လိုအပ်သည်များကိုလည်း ထောက်ပြနိုင်ပါသည်။

အကယ်၍ ကောင်မွန်စွာလုပ်ဆောင်နိုင်ပါက XPs များရမည်ဖြစ်ပါသည်။ XPs မှတ်များ များလာလေလေ စာဖတ်ခြင်းနှင့်နားထောင်ခြင်း စွမ်းရည်ကို ပိုမိုနားလည်နိုင်ရန်အတွက် အပြန်အလှန်အကျိုးသက်ရောက်မှုရှိသောပုံပြင်များအစုံအလင် ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

Duolingo ၏ အကောင်းဆုံး လုပ်ဆောင်ချက်ငါးခုမှာ -

  • 30+ languages           ဘာသာစကား ၃၀ ကျော် လေ့လာနိုင်ခြင်း
  • Interactive stories       အပြန်အလှန်အကျိုးသက်ရောက်မှုရှိသောပုံပြင်များ ပါဝင်ခြင်း
  • Forum discussion       ဖိုရမ်များတွင် ပါဝင် ဆွေးနွေးနိုင်ခြင်း
  • Leaderboards competitions  ခေါင်းဆောင်ပိုင်းဆိုင်ရာ ပြိုင်ပွဲများ ပါရှိခြင်း
  • Language learning events  ဘာသာစကားသင်ယူမှု ပွဲစဉ်များ ပါဝင်ခြင်း စသည်တို့ ဖြစ်ပါသည်။

Facebook account နှင့်ဖြစ်စေ Google Account ဖြစ်စေ ချိတ်ဆက်ပြီး သင်ကြားနိုင်ပြီဖြစ်ပါသည်။

Duolingo Website တွင် ဝင်ရောက်သင်ကြားနိုင်သကဲ့သို့ Google Play Store တွင် ‌ဒေါင်းလုတ်ရယူကာ သင်ခန်းစာများလေ့လာနိုင်ပြီဖြစ်ပါသည်။

‌နောက်ပိုင်းတွင်  Duolingo English Test ဖြင့် အင်္ဂလိပ်စာ အရည်အချင်းစစ် ရလဒ်များကို လက်ခံလာကြပြီ ဖြစ်သည်။ ထိုရမှတ်ဖြင့် နိုင်ငံတကာ ကျောင်းများသည်လည်း IELTS/TOFEL ရမှတ်များ အစား Duolingo ရမှတ်များဖြင့် ကျောင်းအပ်လက်ခံလာသည်ကိုလည်း တွေ့ရပါသည်။ 

Duolingo English Test အကြောင်း ပိုမိုသိရှိလိုပါက >>> Click Here <<< 

ပိုမိုသိရှိလိုပါက >>> Duolingo <<<

By Myanmar Education Guide - EDGE

Tips Tips Tips Tips Tips Read 2042 times