ကျောင်းသားများအတွက် စိတ်ရှုပ်ဖို့ အကောင်းဆုံး နှင့် ကြောက်ဖို့ အကောင်းဆုံး ဘာသာရပ်ကို မေးခဲ့မည် ဆိုလျှင် “သင်္ချာဘာသာ” ဟု တော်တော်များများ ဖြေဆိုကြမည်မှ မလွဲပေ။ကျောင်းပြီးသွား၍ လုပ်ငန်းခွင်သို့ ရောက်နေသည့်တိုင် သင်္ချာသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတတ်ပါသည်။စိတ်မပူပါနှင့်တော့။ထိုစိုးရိမ်မှုတွေ၊ ရှုပ်ထွေးသည့် သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် Photomath ဟု ခေါ်သည့် ပညာရေး ဆိုင်ရာ အက်ပလီကေးရှင်း တစ်ခုနှင့် မိတ်ဆက်ပေးပါရစေ။စာရင်းအင်း ပညာရှင် တော်တော်များများသည် Photomath ကိုကျောင်းသားများအတွက်အကောင်းဆုံးသင်ယူခြင်းအက်ပလီကေးရှင်းတစ်ခုအဖြစ်ဖော်ပြထားကြပါသည်။Photomath မှ သင်ယူခြင်းနည်းလမ်းများမှ အလွန်ပင် ရိုးရှင်းလှပါသည်။လက်ရေးဖြင့် ရေးထားသော သို့မဟုတ် ပုံနှိပ်ထားသော မေးခွန်းများကို အက်ပလီကေးရှင်းတွင်ပါသော စကင်နာ နှင့် ရိုက်ယူကာ အက်ပလီကေးရှင်းမှ ၎င်းဘာသာတွက်ချက်ကာ အဖြေထုတ်ပေးမည် ဖြစ်သည်။ တစ်ဆင့်ချင်းစီ တွက်ချက်မှုများပါဝင်ပြီး ထိုအဆင့်များအတွက် လွယ်ကူသော ရှင်းလင်းချက်များလည်းပါဝင်ပါသည်။
ဆက်စပ်ဖတ်ရှုရန် >>> သင်္ချာကြောက်စိတ်ကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်း လေးခု
Photomath ၏ အကောာင်းဆုံး လုပ်ဆောင်ချက် ခြောက်ချက်မှာ -
Scan printed/handwritten problems - ပုံနှိပ်ထားသော သို့မဟုတ် လက်ရေးဖြင့် ရေးထားသော ပုစ္ဆာများကို စကင် (scan)ဖတ်နိုင်ခြင်း
Multiple solving methods - ဖြေရှင်းနည်းအမျိုးမျိုး ပါရှိခြင်း
Animated instructions - ရုပ်ပုံများဖြင့် ရှင်းပြထားပေးခြင်း
Interactive graphs- ဂရပ်ဖ်ပုံများနှင့် ကြည့်ရှုနိုင်ခြင်း
Scientific calculator - သိပ္ပံနည်းကျဂဏန်းတွက်စက် ပါဝင်ခြင်း
No need for internet - အင်တာနက် အသုံးပြုရန် မလိုအပ်ခြင်း တို့ ဖြစ်ပါသည်။
ထို့အပြင် ဘာသာစကား ၃၀ ကျော်ဖြင့် လည်း ရွေးချယ်လေ့လာနိုင်ပါသည်။
Photomath ကို ဒေါင်းလုတ်ရယူနိုင်ရန်
Apple Store >>> Click Here <<<
Google Play Store >>> Click Here <<<
By Myanmar Education Guide - EDGE