Sales Hotline : 09448001653    



Duolingo English Test ဆိုတာ ဘာလဲ

Duolingo သည် ဘာသာစကား အသစ်ကို  self- study လုပ်ရာတွင် အကောင်းဆုံး apps တစ်ခု ထဲမှ တစ်ခု ဖြစ်ပါသည်။ ၎င်းတွင် ဘာသာစကားလေ့လာရာသာမက နောက်ပိုင်းတွင် စာမေးပွဲများပါ ဖြေဆို လာနိုင်ပြီး IELTS/ TOEFL များကဲ့သို့ပင် နိုင်ငံတကာကျောင်းတော်တော်များများသည် ၎င်းစာမေးပွဲ ရလဒ်များကို လက်ခံလာကြသည်ကို တွေ့ရပါတယ်။ 

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကာလများအတွင်း IELTS Test Center များ ပိတ်ထားလျက်ရှိရာ အိမ်တွင် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်းရှိယုံနှင့် အလွယ်တကူဖြေဆိုနိုင်သည့် Duolingo English Test ကို ဖြေဆိုကြကာ ၎င်းရမှတ်ဖြင့် ပညာတော်သင်ဆုများ လျှောက်လာကြသည်ကို လေ့လာရပါတယ်။  နိုင်ံငံတကာမှ ပညာရေး အဖွဲ့အစည်းပေါင်း သုံးထောင်ကျော်မှလည်း Duolingo Test Results များကို လက်ခံလျက်ရှိပါသည်။ 

လွယ်ကူသက်သာခြင်း

အင်တာနက်ကွန်နက်ရှင် ရှိယုံဖြင့် အချိန်မရွေး ဖြေဆိုနိုင်သည့်အတွက် သတ်မှတ်ထားသည့် test center ကို လာရောက်ရန်မလာ‌သောကြောင့်  အချိန်ကုန်သက်သာပြီး တစ်ဦးနှင့် တစ်ဦး ထိတွေ့မှု နည်းလာသောကြောင့် ‌ရောဂါကူးစက်မည်ကိုလည်းစိုးရိမ်ရန် မလိုတော့ပါဘူး။

အချိန်ကုန်သက်သာခြင်း

ဖြေဆိုချိန် တစ်နာရီခန့်သာ ရှိသည့်အပြင် အမှတ်စာရင်း ရမှတ်ကို 48 နာရီ အတွင်း သိနိုင်ကြောင့် အလွန်အဆင်‌ပြေသည်။ ထို့အပြင်မည်သည့် အခ‌ကြေးငွေမှလည်း ထပ်မံပေးဆောင်ရန် မလိုပေ။ သို့သော် နောက်ပိုင်းတွင် ဖြေဆိုသူများလာသောကြောင့် ရမှတ်များမှာ အနည်းဆုံး ဆယ်နာရီ၊ အများဆုံး နှစ်ဆယ့်လေးနာရီ နောက်ကျသည့် အချက်တစ်ချက်တော့ရှိနေသည်။

စာမေးပွဲကြေးသက်သာခြင်း

Duolingo English Test ၏ စာမေးပွဲဖြေဆိုရန် စာမေးပွဲကြေးမှာ 49$ (မြန်မာငွေ - 80000 ကျပ် ခန့်)သာရှိပြီး အခြား အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲကြေးများထက် အစပေါင်းများစွာ သက်သာလျက်ရှိပါသည်။ 

Duolingo English Test ကို တစ်လလျှင် နှစ်ကြိမ် - မိမိအမှတ်စာရင်းကို မကျေနပ်သေး၍ ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်လည် ဖြေဆိုလိုပါက ရက်သုံးဆယ်အတွင်း ပြန်လည် ဖြေဆိုနိုင်ပါသည်။ ရက်သုံးဆယ်အတွင်း နှစ်ခါသာ ဖြေဆိုနိုင်ပြီး သုံးကြိမ်မြောက် ဖြေမယ်ဆိုရင်  နောက်ထက် ရက်သုံးဆယ် ထပ်စောင့် ဖို့တော့ လိုတယ်နော်။ 

Visa card သို့မဟုတ် Mastercard ဖြင့် သင်တန်းကြေးကို အလွယ်တကူပေးချေနိုင်ပြီဖြစ်ပါသည်။ စာမေးပွဲ ဖြေဆိုလျှင် အဓိက လိုအပ်သည်မှာ Camera ကောင်းကောင်းပါသည့် ကွန်ပြူတာ/ လက်ပ်တော့ ကောင်းကောင်း ရှိရန်လိုအပ်သည်။ တည်ငြိမ်ကောင်းမွန်သော အင်တာနက် ကောင်းကောင်း ရှိရန်မှာ အလိုအပ်ဆုံးအချက် နော်။ သတိ သတိ။ 

 

 

 

 

 

 

စာမေးပွဲဖြေရာတွင် နောက်ထပ်အရေးကြီးသည့်အချက်မှာ ပတ်ဝန်းကျင် အ‌နှောင့်အယှက်မဝင်စေရန် ဖြစ်သည်။ အမေက အခန်းထဲဝင်လာတာတို့၊ မီးပျက်ပြီး မှောင် သွားတာတို့ဆိုရင် စာမေးပွဲက အော်တိုထွက်သွား ဖြစ်ပါတယ်။ ထို့အပြင် မှတ်ပုံတင်ကတ်ဖြစ်စေ၊ ပတ်စပို့ဖြစ်စေ၊ ကားလိုင်စင် ဖြစ်စေ မိမိကိုယ်မိမိ သက်သေပြနိင်မည့် အချက်အလက်များ ပါသည့် ကတ်များလိုအပ်ပါသည်။ 

 

 

 

 

 

 

 

 

 

 

 

 

 

Duolingo English Test ၏ နောက်ထပ် သဘောကျစရာ အချက်တစ်ချက်ကတော့   Practise Test ကို အချိန်မရွေး၊ အကြိမ်အရေအတွက်မရွေး ဖြေနိုင်ခြင်း ဖြစ်ပါသည်။ ငွေသွင်းပြီး ဖြေရသည့် စာမေးပွဲလိုမျိုး ဒီအလေ့အကျင့် ပြုသည့် စာမေးပွဲကို ခဏခဏ ဝင်ဖြေနိုင်တာ တော်တော် အဆင်ပြေလျက်ရှိသည်။ Self-study ဆိုရင် Duolingo ကို ပြေးမြင်သကဲ့သို့ ယခု Self- Test မှာလည်း Duolingo English Test မှာကျောင်းသားများအတွက် အလွန် တန်ဖိုးရှိပါတယ်။ 

 

 

 

 

 

 

 

Duolingo Test Results ကို နိုင်ငံတကာပညာ‌ရေးအဖွဲ့အစည်းပေါင်း ၃၀၀၀ ကျော်မှ လက်ခံထားပြီး ဘယ် တက္ကသိုလ်များမှ လက်ခံသည်ကို လေ့လာနိုင်ရန် အတွက် နိုင်ငံကို ရွေးချယ်၍ ဖြစ်စေ၊ အက္ခရာစာလုံး အစဖြင့် ဖြစ်စေ အလွယ်တကူ ရှာဖွေနိုင်ပြီ ဖြစ်ပါသည်။ 

ရမှတ် သတ်မှတ်ချက်များ 

ရမှတ် သတ်မှတ်ချက်များ အနေဖြင့် 10 - 160 အထိ သတ်မှတ်ထားပြီး overall score တွင် သင့်အနေဖြင့် နောက်တစ်ဆင့် ဘာထပ်လုပ်နိုင်ဆိုသည် ယေယူယျ အကြံဉာဏ်များကို ဖော်ပြပေးထားပါသည်။

Subscore တွင် သင့်အနေဖြင့် သတ်မှတ်ထားသည့် နယ်ပယ်တွင် သင့်အနေဖြင့် မည်မျှ ကျွမ်းကျင်သည်ကို ဖော်ပြပေးထားပါသည်။ 

Subscore ဟုဆိုရာတွင် 

  • Literacy - အရေး-အဖတ်စွမ်းရည်၊
  • Comprehension - အကြား- အဖတ်စွမ်ရည်၊
  • Conversation - အပြော - အကြား စွမ်းရည်၊
  • Production - အရေး - အပြော စွမ်ရည် 

တို့ ဖြစ်ကြပါသည်။ 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပိုမို သိရှိလိုပါက - Duolingo English Test 

အဆင်‌ပြေ လွယ်ကူသော လေ့လာမှူများ ဖြစ်ကြပါစေနော်။
By Myanmar Education Guide (EDGE) 

Knowledge Read 4140 times