Sales Hotline : 09448001653       Download App



Electrolysis Concept အကြောင်း တစ်စေ့တစ်စောင်း

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ လေ့လာနေကြတဲ့ ညီငယ်၊ညီမငယ်တို့အတွက် အသုံးဝင်မယ့် Chemistry Chapter 4 - Electrolysis

Electrolysis ကို လေ့လာသောအခါ လျှပ်စစ်စီးဆင်းရခြင်း အကြောင်းကို နားလည်ရပါမယ်။ လျှပ်စစ်စီးရခြင်း မစီးရခြင်းအပေါ်မူတည်၍ Conductor(လျှပ်ကူးပစ္စည်း), Non-conductor(လျှပ်မကူးပစ္စည်း), Electrolyte (လျှပ်ကူးပျော်ရည်) နှင့် Non-electrolyte(လျှပ်မကူးပျော်ရည်) ဆိုပြီး ဂုဏ်ရည် (၄) ခုကွဲပါတယ်။

ဒါ့အပြင် Conductor များ လျှပ်စစ်စီးသောသဘာဝနှင့် Electrolyte များ လျှပ်စစ်စီးသောသဘာဝ မတူတာကို ခြားနားစွာ နားလည်ရပါမယ်။

 Conductor လျှပ်စစ်စီးရခြင်းမှာ Free Electron သို့မဟုတ် Delocalized Electron ကြောင့် ဖြစ်ပါတယ်။ ဒီ Electron တွေက ဘယ်လို စီးဆင်းလည်း ပြောရရင် ပြင်ပမှ Electron များဝင်လာတဲ့အခါ ကပ်လျက်ရှိတဲ့ Atom တစ်ခုမှတစ်ခုသို့ Electron များ တွန်းထုတ်လိုက်ခြင်း ဖြင့် လျှပ်စစ်စီးတာဖြစ်ပါတယ်။

ရေပိုက်ထဲက ရေတွေ စီးသလို အနောက်က ရေမော်လီကျူးက အရှေ့က ရေမော်လီကျူး ကို ဆင့်ကဲဆင့်ကဲ တွန်းထုတ် လိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ ပြောရရင် တစ်တောက်ပစ် တစ်တောက်ထိုး ခဲတံလို တဖက်ကနေတွန်းလိုက်တာနှင့် နောက်တစ်ဖက်ကနေ Electron ထွက်လာခြင်းပါ။ ထိုနေရာမှာ မှားယွင်းသာ အယူအဆက Battery ထဲကထွက်လာသော Electron များ Wire ကြိုးမှာ စီးဆင်းနေခြင်းလို့ထင်မြင်ခြင်းဖြစ်ပါသည်။

ထိုအခါ ထို အယူအဆ အမှားကြောင့် Cathode is a source of electron လို့ ပြောသောအခါ Battery က ပို့လိုက်သော Electron တွေကြောင့် ဟု ထင်လိုက်ကြပါတယ်။ နဂိုကတည်းက Cathode တွင် ရှိနေသာ Electron တွေ လို့မထင်တော့ဘူး။ အမှန်ကတော့ Cathode မှာကိုက Electron ရှိနေတာဖြစ်ပါတယ်။ အကယ်၍ သာ Battery က ဘယ် လောက်ပို့ပို့ Cathode မှာ Electron မရှိဘူးဆိုရင် ဘယ်လိုမှ Battery က Electron တွန်းထုတ် နိုင်မှာ မဟုတ်ဘူးဆိုတာတော့ ပိုပြီးသိထားသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Battery က Electron တစ်လုံး တွန်းထုတ်လိုက် Cathode က Electron တစ်လုံးထွက်လာလိုက် ဖြစ်ခြင်းကြောင့် Source of Electrons သို့မဟုတ် Electron Donor ဟု ခေါ်ခြင်းဖြစ်ပါတယ်။

 နောက်တစ်ခု လျှပ်စစ်စီးခြင်း ကို ဆွေးနွေးလိုပါတယ်။ Wire တို့ Electrode တို့သည် Conductor ဖြစ်၍ လျှပ်စစ်စီးပါတယ်။ လျှပ်စစ် ဘာကြောင့်စီးလဲ လို့မေးရင် Electron များ ရွှေ့လျားခြင်းကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု မေးချင်တာက လျှပ်စစ် တကယ် စီးပါလား။ တကယ်တော့ လျှပ်စစ် စီးခြင်း မရှိပါဘူး။ လျှပ်စစ်စီးခြင်းမှာ စိတ်ကူးယဉ် ဖန်တီးထားခြင်း သာဖြစ်ပါတယ်။ (Physics ဘာသာရပ် လျှပ်စစ် အခန်းတွင် ရှိပါတယ်) ဒီလိုပြောရင် ဟာ လျှပ်စစ် မစီးရင် ဘာလို့ ဓာတ်လိုက်တာလဲ မေးပါလိမ့်မယ်။ ဓာတ်လိုက်တာကလည်း လျှပ်စစ်စီးတာမဟုတ်ပါဘူး ခန္ဒာကိုယ်ထဲကို Electron ဝင် ရောက် လာခြင်းဖြစ်ပါတယ်။

ဥပမာ နဲ့ ရှင်းပြပါမယ်။ ကားတစ်စီးသွားနေပါတယ်။ တကယ်တော့ ကား သွားနေတာလား ကားအပေါ်မှ လူ သွားနေတာလား။ သေသေချာချာ တွေးကြည့်ပါ။ တကယ်တော့ ကား Body နှင့် ကား မောင်းတဲ့ သူ အရှေ့ သို့သွားနေခြင်း မဟုတ်ပါ။ ကားဘီး လေးဘီးသည် အနောက်သို့ ဦးတည်၍ လိမ့်နေခြင်းသာ ဖြစ်ပါတယ်။ ကား Body နှင့် လူက အရှေ့ သို့ သွားနေတာကို သာမြင် ကြတယ်။ တကယ် အလုပ်လုပ်နေတဲ့ ဘီး ၄ ဘီးကို မမြင် ကြသလို ဘီးရဲ့ ဦးတည်ရာနှင့် ကား Body လားရာသည် ဆန့်ကျင်ဖက် ဖြစ်နေတာကိုလည်း သတိမပြုမိကြပါဘူး။

ဒီဥပမာကို အမှီပြုပြီး ဘီးဆိုသော Electron တွေက စီးနေတာကို သတိမပြု ဘဲ အရှေ့ သို့ သွားနေသော ကား Body အလား လျှပ်စစ်စီးတာကိုသာ မြင်သောအခါ လျှပ်စစ်စီးတယ်လို့ ထင်ကြခြင်းဖြစ်ပါတယ်။

ဒါကြောင့် လျှပ်စစ် စီးခြင်းဆိုတာ မရှိပါ။ Electron စီးခြင်း သာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတုဗေဒအခန်း(၄) လျှပ်စီးပျော်ရည်များ လျှပ်စစ်စီးခြင်း ကို လေ့လာတဲ့အခါ အခြေခံကျတဲ့ ဒီအချက်လေးတွေကို ကျောင်းသားတွေသိထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် Electrolysis အခန်းက တွက်စာတွေက လွယ်ပေမယ့် ကျောင်းသားအများစုက ကျက်စာတွေပါပြီး ကျက်ရမယ်ဆိုတာကို သတိမပြုမိကြပါဘူး။

ဒါကြောင့် ၂၀၁၅ ခုနှစ် ဓာတုမေးခွန်းမှာ အခန်း(၄) နဲ့ ပတ်သက်တဲ့ ကျက်စာတစ်ပုဒ်ကို မေးသွားတဲ့အခါ ကျောင်သားတွေ အတော်လေး ဂယောက်ဂယက်ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ အခြေခံယူဆချက်တွေအပြင် သင်ရိုးစာအုပ်ပါ အချက်အလက်များကို ကြေညက်စွာနားလည်ဖို့ အရေးကြီးကြောင်း စကားကမ်းလိုက်ရပါတယ်။

By Myanmar Education Guide - EDGE

Latest Post Tips Read 1334 times