မြန်မာနိုင်ငံက အင်္ဂလိပ်စာသင်ကြားရေး ဆရာ၊ ဆရာမတွေအတွက် International House Bangkok မှာ CELTA အွန်လိုင်းသင်တန်းကို ၁၀၀% ပညာသင်ဆုနဲ့ တက်ရောက်နိုင်မယ့် အစီအစဉ်ကို မျှဝေပေးချင်ပါတယ်။
CELTA (Certificate in Teaching English to Speakers of Other Languages) ဆိုတာ TKT၊ TESOL တို့လိုပဲ အင်္ဂလိပ်ဘာသာစကားက မိခင်ဘာသာစကား မဟုတ်တဲ့ နိုင်ငံက ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ကြားပေးရတဲ့အခါမှာ လိုအပ်တဲ့ သင်ကြားရေး အောင်လက်မှတ်တစ်ခု ဖြစ်ပါတယ်။
CELTA က Cambridge English က အသိအမှတ်ပြုပေးအပ်တဲ့ သင်ကြားရေးလက်မှတ်တစ်ခုဖြစ်တာကြောင့် International School တွေမှာ အလုပ်လျှောက်ချင်တာဖြစ်ဖြစ်၊ နိုင်ငံခြားသွားပြီး English Teacher အဖြစ် ရပ်တည်ချင်တာဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲ Freelance English Teacher တစ်ယောက်အဖြစ် လုပ်ကိုင်ချင်တာဖြစ်ဖြစ် အသုံးဝင်ပါတယ်။
ဒါကြောင့်လည်း အင်္ဂလိပ်စာသင်ကြားရေးနယ်ပယ်က ဆရာ၊ ဆရာမတွေက CELTA သင်တန်းကို တက်ရောက်ချင်ကြတာဖြစ်ပါတယ်။ သင့်အနေနဲ့လည်း CELTA သင်တန်းကို တက်ရောက်ချင်ပေမဲ့ သင်တန်းကြေးက အခက်အခဲဖြစ်နေတယ်ဆိုရင် IH-Bangkok မှာ ပညာသင်ဆု လျှောက်ပြီး တက်လို့ရပါတယ်။
Advertisement : Yangon Directory
ပညာသင်ဆုလျှောက်မယ့်သူတွေက -
ပညာသင်ဆုလျှောက်ထားမှု
သတ်မှတ်အရည်အချင်းတွေနဲ့ ပြည့်စုံတယ်ဆိုရင် အောက်ပါ အွန်လိုင်း ပညာသင်ဆုလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၈) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
> https://gxrqzjae.forms.app/celta-scholarship-application-form?
ပထမအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက်နေ့တွင် ကြေညာပေးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၆) ရက်ကနေ (၇) ရက်အထိ အင်တာဗျူး ဖြေဆိုရပါမယ်။ အင်တာဗျူး အောင်သူတွေကို ဒီဇင်ဘာ (၁၁) ရက်နေ့ အသိပေး ကြေညာသွားမှာ ဖြစ်ပြီး ဒီဇင်ဘာ (၃၁) ရက်နေ့မှာ CELTA သင်တန်းအတွက် လျှောက်လွှာ ထပ်တင်ဖို့ လိုအပ်ပါတယ်။
ပညာသင်ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၄) ရက်နေ့မှာ အတည်ပြု ကြေညာပေးမှာ ဖြစ်ပါတယ်။ သင်တန်းကိုတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၉) ရက်၊ မတ်လ (၁၆) ရက်နဲ့ ဧပြီ (၂၇) ရက်တို့မှာ စတင် ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
စည်းကမ်းချက်များ
CELTA မှာ ဘာတွေ သင်ရမှာလဲ?
Assignment ဘယ်နှစ်ခု ရေးရလဲ?
အောက်ပါ ခေါင်းစဉ် (၄) ခုအတွက် စာလုံးရေ (၇၅၀) ကနေ (၁,၀၀၀) ကြားရှိ Assignment (၄) ခုကို ရေးရပါတယ်။
စာမေးပွဲပုံစံ
CELTA မှာ စာမေးပွဲ သီးသန့် မရှိပါဘူး။ သင်တန်းတစ်လျှောက်မှာ စစ်ဆေးတဲ့ လက်တွေ့သင်ကြားရေးတွေ၊ Assignment တွေအပေါ်မှာပဲ အမှတ် A၊ B၊ Pass နဲ့ Fail သတ်မှတ်ပြီး အောင်လက်မှတ် ထုတ်ပေးတာ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်ကို မေးမြန်းစုံစမ်းရန်
[email protected] / 09954279363
အသေးစိတ်ဖတ်ရှုရန်
> https://www.thespacelanguageacademy.com
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။