ရန်ကုန်ပညာရေးတက္ကသိုလ်က ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာသင်တန်း

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာသင်တန်း (Postgraduate Diploma in English) ကို ဖေဖော်ဝါရီ (၉) ရက်နေ့မှ စ၍ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်သည်။
 
အဆိုပါသင်တန်းကို အသက် (၆၀) နှစ်အောက် ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကို ဦးစားပေးမည်ဖြစ်ပြီး အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက် ပါရှိရမည်။

သင်တန်းကာလကို အောက်ဖော်ပြပါအတိုင်း Level (၅) ခု သတ်မှတ်ထားပြီး Level (၁) ခုကို (၁၀) ပတ် ကြာ တက်ရောက်ရပါမည်။ Level (၅) ခုလုံး ပြီးဆုံးပါက Postgraduate Diploma in English (PGDip.Eng) ဒီပလိုမာလက်မှတ်ကို ရရှိပါမည်။ သင်တန်းကြေးမှာ Level တစ်ခုလျှင် (၈၀,၀၀၀) ကျပ် ပေးသွင်းရပါမည်။

  •     Elementary Level
  •     Pre-Intermediate Level
  •     Intermediate Level
  •     Upper Intermediate Level
  •     Advanced Level

Advertisement : Yangon Directory

သင်တန်းကို ဖေဖော်ဝါရီ (၂၃) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နံနက် (၇) နာရီမှ (၉) နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိ အဆင်ပြေရာ အချိန် ရွေးချယ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရပါမည်။

စိတ်ပါဝင်စားသူများသည် lms.yuoe.edu.mm မှတဆင့် ဖေဖော်ဝါရီ (၉) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်ကာ သတ်မှတ်လူဦးရေပြည့်သည်အထိ လျှောက်လွှာတင်နိုင်သည်။

ပညာရေးဝန်ထမ်းများသာ လျှောက်နိုင်ရန် သီးခြားလျှောက်လွှာပုံစံ ထည့်သွင်းထားပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများ MoE Staff Only တွင် လျှောက်ထားခွင့် မရှိပါ။

Online Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm တွင် ကြေညာသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၀) ရက်နေ့၊ နံနက် (၉) နာရီမှစ၍ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသော စာရွက်စာတမ်း (မူရင်း) များတင်ပြ၍ လျှောက်လွှာရယူ ကျောင်းအပ်နှံရပါမည်။

  • ဓာတ်ပုံ (၄) ပုံ
  • နိုင်ငံသားစိစစ်ရေးကတ်ပြာ (မူရင်းနှင့်မိတ္တူ)
  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်းနှင့်မိတ္တူ)
  • ဘွဲ့လက်မှတ် (မူရင်းနှင့်မိတ္တူ)
  • အစိုးရဝန်ထမ်းများအတွက် သက်ဆိုင်ရာဌာန အကြီးအကဲ၏ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် (မူရင်း)
  • ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ် (မူရင်းနှင့် မိတ္တူ)

အသေးစိတ်အချက်အလက်များကို ရန်ကုန်ပညာရေးတက္ကသိုလ် Website (www.yuoe.edu.mm) နှင့် သင်တန်းရေးရာဌာန (ရန်ကုန်ပညာရေးတက္ကသိုလ်) တွင် သွားရောက် စုံစမ်းနိုင်သည်။

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 35453 times