ရန်ကုန်ပညာရေးတက္ကသိုလ်က ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း (Postgraduate Diploma in English) ကို နိုဝင်ဘာ (၁၁) ရက်နေ့မှ စပြီး အွန်လိုင်းမှ လျှောက်ထားနိုင်သည်။
 
အဆိုပါသင်တန်းကို အသက် (၆၀) နှစ်အောက် ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကို ဦးစားပေးမည်ဖြစ်ပြီး အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက် ပါရှိရမည်။

သင်တန်းကာလကို အောက်ဖော်ပြပါအတိုင်း Level (၅) ခု သတ်မှတ်ထားပြီး Level (၁) ခုကို (၁၀) ပတ် ကြာ တက်ရောက်ရပါမည်။ Level (၅) ခုလုံး ပြီးဆုံးပါက Postgraduate Diploma in English (PGDip.Eng) ဒီပလိုမာလက်မှတ်ကို ရရှိပါမည်။ သင်တန်းကြေးမှာ Level တစ်ခုလျှင် (၈၀,၀၀၀) ကျပ် ပေးသွင်းရပါမည်။

  •     Elementary Level
  •     Pre-Intermediate Level
  •     Intermediate Level
  •     Upper Intermediate Level
  •     Advanced Level

Advertisement : Yangon Directory

သင်တန်းကို နိုဝင်ဘာလ (၂၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နံနက် (၇) နာရီမှ (၉) နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိ အဆင်ပြေရာ အချိန် ရွေးချယ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရပါမည်။

စိတ်ပါဝင်စားသူများသည် lms.yuoe.edu.mm မှတဆင့် နိုဝင်ဘာ (၁၁) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်ကာ သတ်မှတ်လူဦးရေပြည့်သည်အထိ လျှောက်လွှာတင်နိုင်သည်။

ပညာရေးဝန်ထမ်းများသာ လျှောက်နိုင်ရန် သီးခြားလျှောက်လွှာပုံစံ ထည့်သွင်းထားပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများ MoE Staff Only တွင် လျှောက်ထားခွင့် မရှိပါ။

Online Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm တွင် ကြေညာသွားမည်ဖြစ်ပြီး လျှောက်လွှာပုံစံ စစ်ဆေးရန်နှင့် ကျောင်းအပ်နှံရန် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ကျောင်းသားရေးရာဌာန၌ သွားရောက် လုပ်ဆောင်ရပါမည်။ 

အသေးစိတ်အချက်အလက်များကို ရန်ကုန်ပညာရေးတက္ကသိုလ် Website (www.yuoe.edu.mm) နှင့် သင်တန်းရေးရာဌာန (ရန်ကုန်ပညာရေးတက္ကသိုလ်) တွင် သွားရောက် စုံစမ်းနိုင်သည်။

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 50 times