 
						မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (Myanmar Maritime University) တွင် အောက်ပါ မဟာသိပ္ပံဘွဲ့သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖွင့်လှစ်သင်ကြားပါမည်။
ဘွဲ့လွန်ဒီပလိုမာသင်တန်းများအား လျှောက်ထားနိုင်မည့်သူများ -
ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို တစ်ပတ်လျှင် (၅) ရက်၊ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာရီမှ နံနက် (၉) နာရီအထိ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း တက်ရောက်ရပါမည်။
သင်တန်းတက်ရောက်ရမည့်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန၀င်းအတွင်းရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန (HRDC) တွင် ဖြစ်သည်။
သင်တန်းကာလ (၁) နှစ် အောင်မြင်ပြီးဆုံးပါက အောက်ပါ ဘွဲ့လွန်ဒီပလိုမာဘွဲ့များကို ရရှိပါမည် -
ဝင်ခွင့်လျှောက်လွှာပုံစံများကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ထုတ်ယူနိုင်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၃) ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
ဝင်ခွင့် လျှောက်လွှာနှင့်အတူ -
Advertisement : Yangon Directory
မဟာဘွဲ့သင်တန်းအတွက် လျှောက်ထားနိုင်မည့်သူများ
မဟာသိပ္ပံဘွဲ့သင်တန်းကို တနင်္လာနေ့မှ သောကြာနေ့ အထိ ညနေ (၅) နာရီမှ (၇) နာရီနှင့် စနေနေ့ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ တစ်ပတ်လျှင် (၆) ရက် တက်ရောက်ရပါမည်။
သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန၀င်းအတွင်းရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန (HRDC) တွင် ပို့ချပေးမည်ဖြစ်ပါသည်။
သင်တန်းကာလ (၂) နှစ် တက်ရောက်အောင်မြင်ပြီးပါက ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်ရေး စီမံခန့်ခွဲမှုမဟာသိပ္ပံဘွဲ့ (M.Sc Logistics & Supply Chain Management) ကို ရရှိပါမည်။
ဝင်ခွင့်လျှောက်လွှာပုံစံများကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ထုတ်ယူနိုင်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၃) ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
ဝင်ခွင့် လျှောက်လွှာနှင့်အတူ -
အထက်ပါ မဟာဘွဲ့သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း၊ လူတွေ့ဖြေဆိုခွင့် ကတ်ပြားထုတ်ပေးမည့်နေ့ရက်နှင့် လူတွေ့ဖြေဆိုရမည့်အစီအစဉ်များကို ထပ်မံ ကြေညာပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ Website (www.mmu.edu.mm) တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ်- ၀၉-၄၂၃၅၁၀၈၅၄ သို့ လည်းကောင်း ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။