GED ကို ဖြေဆိုအောင်မြင်ထားပြီး ဥရောပနိုင်ငံတွေမှာ ကျောင်းတက်ဖို့ စိတ်ကူးရှိသလား? ဒါဆိုရင်တော့ ဥရောပမှာ ဘယ်တက္ကသိုလ်တွေက ဝင်ခွင့်အတွက် GED ကို အသိအမှတ်ပြု လက်ခံပေးလဲဆိုတာ သိဖို့ လိုလာပါပြီ။
ဥရောပနိုင်ငံတွေဆိုတာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေ အများဆုံး တည်ရှိပြီး ပညာရေးအဆင့်အတန်းလည်း မြင့်မားတဲ့အတွက်ကြောင့် မြန်မာကျောင်းသားတွေ ကျောင်းသွားတက်ချင်ဆုံး နိုင်ငံတွေဆိုလည်း မမှားပါဘူး။
ဥရောပနိုင်ငံတွေထဲက မြန်မာကျောင်းသားတွေ ရွေးချယ်မှုများတဲ့ နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ ပိုလန်၊ အိုင်ယာလန်၊ စပိန်၊ အီတလီ၊ ဂျာမနီတို့မှ GED လက်ခံတဲ့ တက္ကသိုလ်တွေကို ဖော်ပြပေးသွားပါမယ်။
ယူကေနိုင်ငံက တက္ကသိုလ်များ
အိုင်ယာလန်နိုင်ငံကတက္ကသိုလ်များ
ဂျာမနီနိုင်ငံကတက္ကသိုလ်များ
ပိုလန်နိုင်ငံကတက္ကသိုလ်
စပိန်နိုင်ငံကတက္ကသိုလ်
အီတလီနိုင်ငံကတက္ကသိုလ်
GED အောင်လက်မှတ်ကို ဥရောပနိုင်ငံက တက္ကသိုလ်တွေက အသိအမှတ်ပြု လက်ခံကြပေမဲ့ တက္ကသိုလ်ဝင်ခွင့်မှာ တခြားသော SAT/ACT တို့လို ပညာရေးအထောက်အထားတွေ၊ ဘာသာစကားအရည်အချင်းတွေ လိုအပ်ပါသေးတယ်။
တချို့တက္ကသိုလ်တွေက GED အောင်လက်မှတ်နဲ့ဆိုရင် ဘွဲ့ကြိုပထမနှစ်ကို တိုက်ရိုက် တက်ရောက်ခွင့်မပြုဘဲ ဝင်ခွင့်စာမေးပွဲတွေ ဖြေဆိုခိုင်းတာမျိုး၊ Foundation Program တွေ တက်ရောက်ခိုင်းတာမျိုးလည်း ရှိနိုင်ပါတယ်။
အာရှနိုင်ငံရှိ GED လက်ခံတဲ့ တက္ကသိုလ်များ
> https://www.edge.com.mm/article/ged-accept-universities.html
နိုင်ငံအလိုက် GED လက်ခံတဲ့ တက္ကသိုလ်စာရင်းကို သိလိုတယ်ဆိုရင် အောက်ဖော်ပြပါ လင့်ခ်ကနေတဆင့် ကိုယ်သိချင်တဲ့ နိုင်ငံ၊ ကျောင်းနာမည်ကို Search Box ထဲ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။
>> https://www.ged.com/en/university-acceptance/
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။