Plagiarism ငြိတယ်ဆိုတာက နားလည်လွယ်အောင်ပြောရရင် တခြားတစ်ယောက် ရေးပြီးသားစာကို ခွင့်ပြုချက်မတောင်းဘဲ ကိုယ်ရေးထားသလိုမျိုး ပြန်ကူးချတာမျိုးကို ခေါ်ပါတယ်။ ၂၁ ရာစုခေတ်မှာ AI တွေ တဟုန်ထိုးခေတ်စားလာတာဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Assignment ရေးတဲ့အခါ AI Tools တွေကို သုံးပြီး စာသားတွေကို တိုက်ရိုက်ကော်ပီကူးလာတာမျိုး ရှိပါတယ်။
ဒါကြောင့် သင်က ဆရာတစ်ယောက်ဖြစ်တယ်ဆိုရင် ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် မှန်မှန်ကန်ကန် အမှတ်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်ကျောင်းသားက Plagiarism ငြိနေတယ်၊ ဘယ်ကျောင်းသားက ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးသားလာလဲဆိုတာကို သိမှ အမှတ်အနည်း၊ အများ သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းသားတွေရဲ့ စာတမ်းတွေ၊ အိမ်စာတွေကို စစ်ဆေးတဲ့အခါ Plagiarism ငြိ/မငြိဆိုတာကို အောက်မှာ ဖော်ပြပေးထားတဲ့ Online Tools တွေနဲ့ လွယ်လွယ်ကူကူ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
Related Article : စာရေးသားရာမှာ အသုံးဝင်တဲ့ AI Writing Tools (၅) ခု
>> https://www.edge.com.mm/article/-ai-writing-tools.html
PaperOwl ဟာ အသုံးပြုရလွယ်ကူပြီး အခမဲ့ Plagirism စစ်ဆေးလို့ရပါတယ်။ စစ်ဆေးချင်တဲ့ စာသားကို ကူးထည့်လိုက်တာနဲ့ Scan ဖတ်ပြီး ရလဒ်ကို ရာခိုင်နှုန်းအလိုက် ဖော်ပြပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်ကို စာလုံးရေ ၁၀,၀၀၀ အထိ စစ်ဆေးနိုင်ပါတယ်။ စာသားတွေအပြင် PDF ဖိုင်တွေကိုပါ စစ်ဆေးပေးနိုင်ပါတယ်။
စာသားတွေကို Paste လုပ်ပြီး စစ်ဆေးနိုင်သလို၊ Format အမျိုးမျိုးနဲ့ Save ထားတဲ့ Documents တွေကိုလည်း Upload လုပ်ပြီး အခမဲ့ စစ်ဆေးနိုင်ပါတယ်။ တစ်ခါစစ်ရင် စာလုံးရေ ၁,၀၀၀ အထိပဲ လက်ခံပါတယ်။ စာသား (၂) ခု (သို့) ဖိုင် (၂) ဖိုင်ကိုလည်း Compare လုပ်ပြီး စစ်လို့ရပါတယ်။ Plagiarism အပြင် Grammar အမှား/အမှန်ကိုလည်း စစ်ဆေးနိုင်ပါသေးတယ်။
Plagiarism စစ်ဆေးလို့ရတဲ့အပြင် အရေးအသားပိုင်း တိုးတက်ချင်သူတွေ သုံးသင့်တဲ့ Tool တစ်ခုပါ။ သဒ္ဒါ၊ သတ်ပုံနဲ့ စာလုံးပေါင်းအမှားတွေကိုပါ စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးပြီးနောက် သင့်စာသားကို အမှတ်ပေးပြီး အရေးအသားကို တိုးတက်စေဖို့အတွက် အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေကိုပါ ဖော်ပြပေးပါတယ်။
စာသား (သို့) စာရွက်စာတမ်းတွေကို စစ်ဆေးလို့ ရပါတယ်။ ဝါကျတစ်ကြောင်းချင်းစီကို မူရင်းဟုတ်မဟုတ် သေချာအကဲဖြတ်ပေးပါတယ်။ ကူးထားတဲ့ စာသားတွေကို အနီရောင်နဲ့ ပြပေးပါတယ်။ ကူးယူထားတဲ့ အကြောင်းအရာနဲ့ အဓိပ္ပါယ်တူပေမဲ့ ကွဲလွဲအောင်ရေးသားနိုင်တဲ့ အကြံပြုချက်ကိုလည်း ပြောပြပေးပါတယ်။ တစ်ကြိမ်ကို စကားလုံးရေ ၁,၀၀၀ အထိ စစ်ဆေးပေးနိုင်ပါတယ်။
Plagiarism Checker X ကို သုံးပြီး Click တစ်ချက်နှိပ်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း Plagirism ငြိ/မငြိကို စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးနိုင်တဲ့ အကြိမ်အရေအတွက်ကိုတော့ သတ်မှတ်ထားတာမရှိပေမဲ့ တစ်ကြိမ်ကို စကားလုံး ၁,၀၀၀ အထိပဲ စစ်ဆေးနိုင်ပါတယ်။ သုံးရတာ လွယ်ကူပြီး အခမဲ့ အသုံးပြုနိုင်တဲ့ Plagiarism Checker Tool ဖြစ်ပါတယ်။
DupliChecker မှာ Plagiarism ကို စစ်ဆေးနိုင်သလို Grammar အရေးအသား မှန်ကန်မှုရှိ/မရှိကိုပါ စစ်ဆေးနိုင်ပါတယ်။ စာသားတွေကို Copy/Paste လုပ်လိုက်တာနဲ့ Scan ဖတ်ပြီး စစ်ဆေးပေးတဲ့အတွက် သုံးရတာလည်း လွယ်ကူပါတယ်။ Grammar နဲ့ Spelling ပိုင်းမှာလည်း ထောက်ပြပေးတဲ့အတွက် အသုံးဝင်တဲ့ Writing Tool လည်း ဖြစ်ပါတယ်။
Grammarly ကိုတော့ အရေးအသားပိုင်းမှာ အရည်အသွေးကောင်းဖို့၊ Grammar မှန်ဖို့၊ အရေးအသား စတိုင်အကြံပြုချက်တွေ ရရှိဖို့ အသုံးပြုပါတယ်။ သူက အခမဲ့ အသုံးပြုလို့ရတဲ့ Writing Assistant Tool တင်မကဘဲ Plagiarism Detection Tool အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
Quetext ကတော့ စာရေးဆရာတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေ အသုံးများတဲ့ Plagirism Checker Tool ဖြစ်ပါတယ်။ ဝက်ဘ်စာမျက်နှာပေါင်းများစွာက ဒေတာအချက်အလက်တွေနဲ့ ကိုက်ပြီး စစ်ဆေးပေးတာဖြစ်တဲ့အတွက် Quetext က တိကျမှုလည်းရှိပါတယ်။
QuillBot မှာ Plagirism စစ်ဆေးနိုင်ရုံသာမက စာအရေးအသားပိုင်းကိုပါ ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ပါတယ်။ အဓိပ္ပါယ်တူပြီး အသုံးအနှုန်းမတူတဲ့ အရေးအသားပုံစံကို ကူညီပေးနိုင်တဲ့ Paraphrasing Tool ကိုလည်း အသုံးပြုနိုင်ပါတယ်။ Quillbot က txt၊ .pdf၊ .docx နှင့် .html အပါအဝင် ဖိုင်အမျိုးအစားများစွာကို လက်ခံစစ်ဆေးပေးပါတယ်။
PlagiarismDetector.net ကလည်း ယုံကြည်စိတ်ချရတဲ့ Plagiarism စစ်ဆေးမှုတွေကို ပြုလုပ်ပေးပါတယ်။ Quillbot လိုပဲ သူလည်း Paraphrasing Tool ကို အသုံးပြုနိုင်ပါတယ်။ Plagiarism စစ်ဆေးဖို့ URL (သို့) ဖိုင်ကို Upload တန်းလုပ်နိုင်တာကြောင့် စာသားကူးထည့်ခြင်းကို မလုပ်ရင်လည်း ရပါတယ်။
အထက်မှာ ဖော်ပြပေးခဲ့တဲ့ Tools တိုင်းဟာ Free အသုံးပြုလို့ရနိုင်တယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေကတော့ ရှိနိုင်တာကြောင့် အခကြေးငွေပေးပြီး သုံးမယ်ဆိုရင် Feature တွေ ပိုပြီး စုံပါတယ်။
ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို အမှတ်ပေးဖို့အတွက်သာမက မိမိရဲ့ စာတမ်းရေးသားမှုတွေအတွက်ပါ အသုံးပြုနိုင်တဲ့ Plagiarism Tools တွေဖြစ်ပါတယ်။ Plagiarism စစ်ဆေးနိုင်တဲ့အပြင် တချို့ Tools တွေက Grammar၊ Spelling နဲ့ Paraphrase စသဖြင့် အရေးအသားပိုင်းကိုပါ ကူညီနိုင်ပါတယ်။
======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။