ရေသတ္တဝါမွေးမြူရေးဆိုင်ရာဒီပလိုမာသင်တန်းကို စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ တက်ရောက်လိုသူတွေအတွက် ရန်ကုန်တက္ကသိုလ်ကနေ ဒီဇင်ဘာ (၁) ရက်နေ့မှာ စတင် ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်။
အဆိုပါသင်တန်းကို ဘာသာရပ်အသီးသီးမှ ဘွဲ့တစ်ခုခုရရှိပြီးသူများ တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလကတော့ (၁၀) လဖြစ်ပြီး စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ တက်ရောက်နိုင်ပါတယ်။
လျှောက်ထားလိုသူများသည် အောက်တိုဘာ (၂၀) ရက်နေ့မှစပြီး နိုဝင်ဘာ (၃၀) ရက်နေ့အထိ အခန်း (၃၀၇)၊ ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးပညာရုံခန်း၊ ရန်ကုန်တက္ကသိုလ်မှာ သွားရောက် လျှောက်ထားနိုင်ပါတယ်။
သင်တန်းကို ဒီဇင်ဘာ (၁) ရက်နေ့ စတင် တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက ရေသတ္တဝါမွေးမြူရေးဆိုင်ရာဒီပလိုမာဘွဲ့ (Diploma in Aquaculture) ကို ရရှိပါမယ်။
အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ငါးလုပ်ငန်းပညာ၊ ရန်ကုန်တက္ကသိုလ်၊ ဖုန်း - 09420177563၊ 09-409396906 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။