Teaching English Asia - British Council မှ ဦးစီးပြီး အရှေ့တောင်အာရှက အင်္ဂလိပ်စာသင်ကြားရေး ဆရာ၊ ဆရာမတွေအတွက် Free Join လို့ရမယ့်အပြင် Free Certificate ပါ ပေးမယ့် Workshops တွေကို ပြုလုပ်ပေးထားပါတယ်။
ASEAN TeachingEnglish Online Conference 2026 ကို အောက်တိုဘာ (၁၉) ရက်ကနေ (၃၀) ရက်နေ့အထိ အပတ်စဉ် (၂) ပတ်ခွဲပြီး မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ Session (၁၁) ခုကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
အင်္ဂလိပ်စာ သင်ကြားရေး အွန်လိုင်း ကွန်ဖရင့် အစီအစဉ် (ပထမအပတ်)
Day 1: တနင်္လာနေ့ (၁၉ အောက်တိုဘာ ၂၀၂၆)
1. Global Englishes, AI and the case for innovation in assessment
ဟောပြောသူ - Luke Harding
အချိန် - ညနေ ၃:၃၀ - ၄:၄၀ (မြန်မာ)
အကြောင်းအရာ - AI ခေတ်တွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို အကဲဖြတ်စစ်ဆေးခြင်း၊ စာသင်ခန်းအတွင်း ပြောဆို/နားထောင်စွမ်းရည် အကဲဖြတ်နည်းများနှင့် Lancaster University ၏ EMI Corpus အသုံးပြုပုံ။
2. Teaching with Care: Supporting learner and teacher well-being
ဟောပြောသူ - Yongfeng Liu
အချိန် - ညနေ ၅:၃၀ - ၆:၄၀ (မြန်မာ)
အကြောင်းအရာ - UNESCO–UNICEF–WHO လမ်းညွှန်ချက်များအရ ကျောင်းသားများနှင့် ဆရာ/မများ၏ စိတ်လက်ချမ်းသာရေး၊ စိတ်ဓာတ်ကျဆင်းမှုလက္ခဏာများကို ကူညီပေးနိုင်မည့် လက်တွေ့ကျ နည်းလမ်းများ။
Day 2: အင်္ဂါနေ့ (၂၀ အောက်တိုဘာ ၂၀၂၆)
3. How to make feedback inclusive
ဟောပြောသူ - Marie Yeo
အချိန် - ညနေ ၃:၃၀ - ၄:၄၀ (မြန်မာ)
အကြောင်းအရာ - ကျောင်းသားများအတွက် အကျိုးရှိစေမယ့် feedback များ ပေးခြင်းနှင့် AI နှင့် non-AI နည်းလမ်းများ အသုံးပြု၍ လမ်းညွှန်ပေးခြင်း။
4. Indonesia country spotlight: Scalable models for teacher professional development
ဟောပြောသူများ - Genta Ulina Hutagalung, Harry Ramadan Putra, Rabbania Zaikalina, Muhammad Said
အချိန် - ညနေ ၅:၃၀ - ၆:၄၀ (မြန်မာ)
အကြောင်းအရာ - အင်ဒိုနီးရှားနိုင်ငံမှ ဆရာ/မများ တိုးတက်ရေးအတွက် InClass App နှင့် Communities of Practice တို့ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်ပေးခဲ့သည့် နမူနာပုံစံများ။
Day 3: ဗုဒ္ဓဟူးနေ့ (၂၁ အောက်တိုဘာ ၂၀၂၆)
5. Panel discussion: Purposeful AI for language teaching
ဟောပြောသူများ - Tran Quang Ngoc Thuy, Daniel Widhiatama, Sopheak Prak
အချိန် - ညနေ ၃:၃၀ - ၄:၄၀ (မြန်မာ)
အကြောင်းအရာ - Visual communication၊ ဝေါဟာရနှင့် စကားပြော လေ့ကျင့်ရာတွင် AI ကို ထိရောက်စွာ အသုံးပြုနိုင်ရေး ဆွေးနွေးပွဲ။
Day 4: ကြာသပတေးနေ့ (၂၂ အောက်တိုဘာ ၂၀၂၆)
6. Lessons for building a community of practice
ဟောပြောသူများ - Jennedy (Ned) Pungawon, Şirin Soyöz
အချိန် - ညနေ ၃:၃၀ - ၄:၄၀ (မြန်မာ)
အကြောင်းအရာ - မလေးရှားနိုင်ငံ Sabah ဒေသမှ ဆရာ/မများ စုစည်း၍ ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည့် ပညာရေး ကွန်ရက်တည်ဆောက်ခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများ။
ပထမအပတ်မှာ Session (၆) ခု ပါရှိပြီး တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါလင့်ခ်ကနေတဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။
အင်္ဂလိပ်စာ သင်ကြားရေး အွန်လိုင်း ကွန်ဖရင့် အစီအစဉ် (ဒုတိယပတ်)
Day 5: အင်္ဂါနေ့ (၂၇ အောက်တိုဘာ ၂၀၂၆)
1. Inclusion, agency and learner-centred classrooms
ဟောပြောသူ - Annamaria Pinter
အချိန် - ညနေ ၅:၃၀ - ၆:၄၀ (မြန်မာ)
အကြောင်းအရာ - သင်ယူသူများကို ဗဟိုပြုသည့် သင်ကြားရေး (Learner-centred)၊ ပါဝင်နိုင်စွမ်းရှိမှု၊ လူမှုတရားမျှတမှုနှင့် ကျောင်းသားများ ကိုယ်ပိုင်ဖန်တီးသင်ယူနိုင်စွမ်းတို့ကို စာသင်ခန်းအတွင်း လက်တွေ့အကောင်အထည်ဖော်မည့် နည်းလမ်းများ။
Day 6: ဗုဒ္ဓဟူးနေ့ (၂၈ အောက်တိုဘာ ၂၀၂၆)
2. Viet Nam country spotlight: Using Teacher Activity Groups
ဟောပြောသူများ - Nguyen Thi Hong Nhat, Nguyen Thi Hong Minh, Mai Nguyen, Cao Thi Phuong Dung, Phan Thi Bao Ngoc, Nguyen Thanh Giang
အချိန် - ညနေ ၃:၃၀ - ၄:၄၀ (မြန်မာ)
အကြောင်းအရာ - ဗီယက်နမ်နိုင်ငံ၏ အင်္ဂလိပ်စာကို ဒုတိယဘာသာစကား (ESL) အဖြစ် အကူးအပြောင်းပြုလုပ်သည့် နှစ် ၂၀ မူဝါဒအောက်တွင် ဆရာ/မများ တိုးတက်ရေးအတွက် Teacher Activity Groups (TAGs) ကို စမ်းသပ်ကျင့်သုံးခဲ့သည့် အတွေ့အကြုံများ။
3. Teachers share: Adapting for our learners
ဟောပြောသူများ - Fajarudin Akbar, Deng Guodong (Nick), Yang Yong (Peter), Tin Ma Ma Htet (Htet)
အချိန် - ညနေ ၅:၃၀ - ၆:၄၀ (မြန်မာ)
အကြောင်းအရာ - AI သုံး၍ သင်ထောက်ကူများ ပြင်ဆင်ခြင်း၊ စကားပြောရဲသည့် သတ္တိကို မွေးမြူပေးခြင်းနှင့် သင်ယူသူအားလုံးကို တန်းတူညီမျှ သင်ကြားနိုင်ရေးအတွက် သင်ကြားရေးလမ်းကြောင်းများ ခွဲခြားဖန်တီးခြင်းဆိုင်ရာ အတွေ့အကြုံများ။
Day 7: ကြာသပတေးနေ့ (၂၉ အောက်တိုဘာ ၂၀၂၆)
4. Thailand country spotlight: The importance of English at primary
ဟောပြောသူ - Suparuthai Sumonwiriya
အချိန် - ညနေ ၅:၃၀ - ၆:၄၀ (မြန်မာ)
အကြောင်းအရာ - ထိုင်းနိုင်ငံ၏ 'PreBoot' အစီအစဉ်မှတစ်ဆင့် မူလတန်းအဆင့် အင်္ဂလိပ်စာ ဆရာ/မများကို ပြုစုပျိုးထောင်ပေးခြင်း၊ အထူးသဖြင့် နယ်စွန်နယ်ဖျားနှင့် ကျေးလက်ဒေသများမှ ဆရာ/မများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များ။
Day 8: သောကြာနေ့ (၃၀ အောက်တိုဘာ ၂၀၂၆)
5. Panel discussion: How Communities of Practice empower teachers in ASEAN
ဟောပြောသူများ - Phuong Hoang Yen, Myo Nyunt Maw, Nguyen Thi Thanh Binh, Hasmadani, Kartika Yoga Eka Pratiwi Negara
အချိန် - ညနေ ၅:၃၀ - ၆:၄၀ (မြန်မာ)
အကြောင်းအရာ - မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရေးခေါင်းဆောင်များ ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး ASEAN ဒေသတွင်း ဆရာ/မများ ကွန်ရက် (Communities of Practice) များမှတစ်ဆင့် ဆရာ/မများ၏ စိတ်လက်ချမ်းသာရေးနှင့် အရည်အသွေး တိုးတက်စေရေး နည်းလမ်းများ။
ဒုတိယအပတ်မှာ Session (၅) ခု ပါဝင်ပြီး တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါလင့်ခ်ကနေတဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။
တစ်ပတ်တာအတွက် စာရင်းပေးသွင်းပြီးရင် အဲဒီအပတ်မှာ ပြုလုပ်မယ့် Workshop Session တိုင်းကို Zoom ကနေတဆင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
===================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။