တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည့် အင်္ဂလိပ်စာသင်တန်း

ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန (SEAMEO CHAT) မှ CHAT Communication in English Course သင်တန်းအမှတ်စဉ် (၆၀) Basic Level I အတန်းကို ဖွင့်လှစ်မည်ဖြစ်သဖြင့် အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်သည်။

စနစ်ဟောင်း (၁၀) တန်းအောင်မြင်ပြီးသူ (သို့) စနစ်သစ် (၁၂) တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး ဝင်ခွင့်စာမေးပွဲအောင်မြင်ပါက ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန၊ ပြည်လမ်း၊ ရန်ကုန်မြို့တွင် တက်ရောက်ရပါမည်။

သင်တန်းကာလမှာ ၂၀၂၆ ခုနှစ်။ အောက်တိုဘာ (၃၁) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ (၃) ရက်နေ့အထိ​ ဖြစ်ပြီး သင်တန်းအချိန်များမှာ စနေ၊ တနင်္ဂနွေ နံနက် (၈) နာရီမှ (၁၁) နာရီအထိ၊ စနေ၊ တနင်္ဂနွေ နံနက် (၁၁) နာရီမှ နေ့လယ် (၂) နာရီအထိ၊ စနေ၊ တနင်္ဂနွေ နေ့လယ် (၂) နာရီမှ ညနေ (၅) နာရီအထိ ကြိုက်ရာအချိန် ရွေးချယ် တက်ရောက်နိုင်သည်။

သင်တန်းဝင်ခွင့်အတွက် Online Registration ကို အောက်တိုဘာ (၁၉) ရက်နေ့၊ နံနက် (၉) နာရီတွင် SEAMEO CHAT Facebook တွင် ဖော်ပြပေးထားမည့် လင့်ခ်ထဲသို့ ဝင်ရောက်ပြီး ဖြည့်စွက် တင်သွင်းရပါမည်။ 

Online Registration အောင်မြင်သူများကို အီးမေးလ်မှတဆင့် ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပြီး အောက်တိုဘာ (၂၄) ရက်နေ့ စနေနေ့တွင် Basic Level I ဝင်ခွင့်ဖြေဆိုရပါမည်။

ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင် အောက်ပါတို့ကို ယူဆောင်သွားရပါမည်။

- မှတ်ပုံတင်မူရင်း (လျှောက်ထားဆဲ (သို့) ပျောက်ဆုံးသူများ ရပ်ကွက်ထောက်ခံစာ ယူလာရန်)

- ဆယ်တန်း (သို့) ဆယ့်နှစ်တန်းအောင်လက်မှတ် (သို့) ဘွဲ့လက်မှတ် မူရင်း

- စာမေးပွဲကြေး ၃၀၀၀/-ကျပ်

ဝင်ခွင့်အောင်မြင်သောသူများသည် SEAMEO CHAT မှ ကြေညာမည့် သတ်မှတ်ရက်အတွင်း သင်တန်းအပ်ရပါမည်။

သင်တန်းအပ်ရာတွင် လိုအပ်သော အချက်အလက်များမှာ -

- မှတ်ပုံတင် မူရင်းနှင့် မိတ္တူ (ပျောက်ဆုံး၊ ပျက်စီး၊ ပြုလုပ်ဆဲများသည် ရပ်ကွက်ထောက်ခံစာ ယူလာ ပေးပါရန်)

- ဆယ်တန်း (သို့) ဆယ့်နှစ်တန်းအောင်လက်မှတ် (သို့) ဘွဲ့လက်မှတ် မူရင်းနှင့်မိတ္တူ

- ဓါတ်ပုံ (၃)ပုံ (ပုံစံတူ၊ဆိုဒ်တူ)၊ ဓါတ်ပုံဆိုဒ်မှာ (၁.၂) လက်မ x (၁.၅)လက်မ (ဓါတ်ပုံများတွင် လည်ဟိုက်၊ လက်ပြတ်များမရပါ။)

- သင်တန်းကြေး Level တစ်ခုစာ (၁၁၀,၀၀၀/-ကျပ်)

CHAT Communication in English Course တွင် - 

- Basic I
- Basic II
- Intermediate I
- Intermediate II
- Advance I
- Advance II အစရှိသည်ဖြင့် Level (၆) ခု ရှိပါသည်။ 

Level တစ်ခုပြီးတိုင်း Certificate ရရှိမည်ဖြစ်ပြီး Advance II အထိ တက်ရောက်အောင်မြင်ပြီးပါက Diploma လက်မှတ်ကို ရရှိပါမည်။

========================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News Vocational Read 432 times