SITE မှ ဖွင့်လှစ်မယ့် (၄) လတာ ကာလတိုသင်တန်းများ

စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) တွင် အောက်ဖော်ပြပါ ကာလတိုသင်တန်းများအား ဒီဇင်ဘာလ (၇) ရက်တွင် ဖွင့်လှစ်သင်ကြား သွားမည် ဖြစ်ပါသည်။

ဖွင့်လှစ်သင်ကြားမည့် သင်တန်းများ

(က) Certificate in Modern Building and Furniture Design Technology

(ခ) Certificate in Industrial Control Technology

(ဂ) Certificate in CNC Production Technology

(ဃ) Advanced Certificate in Industrial lot and Automation Technology

လျှောက်ထားသူများသည် အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်-

- အမှတ်စဉ်(က)သင်တန်းအတွက် လျှောက်ထားသူသည် High School Completion Certificate (HSCC) ရရှိထားသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ၊ ITC သင်တန်း အောင်မြင်ပြီးသူများ၊ G.T.H.S(BT,MT) နှင့် A.G.T.I(Civil)သင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

- အမှတ်စဉ်(ခ)(ဂ) သင်တန်းအတွက် လျှောက်ထားသူသည် High School Completion Certificate (HSCC) ရရှိထားသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ၊ ITC သင်တန်း အောင်မြင်ပြီးသူများ၊ G.T.H.S ( ECT, ET, IT, MT, AMT) နှင့် A.G.T.I (EC, EP, Mech, IE ) သင်တန်း တက်ရောက်အောင်မြင် ပြီးသူများ လျှောက်ထားနိုင်သည်။

- အမှတ်စဉ် (ဃ) သင်တန်းအတွက် လျှောက်ထားသူသည် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE)မှ ဖွင့်လှစ်ခဲ့သော Certificate in Basic Industrial Technologies သင်တန်း အောင်မြင်ပြီးသူများ၊ A.G.T.I (EC, EP, Mech, IE )သင်တန်း တက်ရောက် အောင်မြင်ပြီးသူများနှင့် B.Tech / B.E (EC, EP, Mech, MC) ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်သည်။ 

သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျောညီထွေဖြစ်ရမည့်အပြင် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။ ပဏာမရွေးချယ်ခံရပြီးသူများ Interview ဖြေဆိုရမည် ဖြစ်သည်။ 

လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ 

- (၆)လအတွင်း ရိုက်ကူး ထားသော ဓာတ်ပုံ(၃)ပုံ၊ 

- သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊

- နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ 

- ကျန်းမာကြောင်းထောက်ခံချက်မူရင်းနှင့် 

- ရဲစခန်းထောက်ခံစာမူရင်းတို့အား ပူးတွဲလျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထား သည့်အချိန်တွင် သက်ဆိုင်ရာ အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်းတို့အား တစ်ပါတည်း တင်ပြနိုင်ရမည်။ 

နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိပါက (၁) လအတွင်း ပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာနှင့်တကွ ပူးတွဲလျှောက်ထားနိုင် ပါသည်။ 

အဆိုပါသင်တန်းတို့ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်တွင် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး၌ တက်ရောက်ရမည်ဖြစ်သည်။

သင်တန်းကာလ (၄) လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးကြောင်း အသိအမှတ်ပြုအောင်လက်မှတ် (Certificate) ရရှိမည်ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) တွင် လျှောက်လွှာများကို ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အတွင်း ထုတ်ယူပြီး နိုဝင်ဘာ (၃၀) ရက် နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန်

သင်တန်းကျောင်း(SITE) အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗိုလ်ချို (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ 

၀၉-၂၆၈၂၃၇၅၅၂

=======================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News Vocational Read 307 times