ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဗီယက်နမ်ဘာသာစကားအခြေခံသင်တန်းကို စနေ၊ တနင်္ဂနွေ ဖွင့်လှစ်မည်ဖြစ်သောကြောင့် တက်ရောက်လိုသူများအနေဖြင့် အောက်တိုဘာ (၃၀) ရက်နေ့တွင် စတင် လျှောက်ထားနိုင်သည်။
အနိမ့်ဆုံးပညာအရည်အချင်းသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူဖြစ်ရမည်ဖြစ်သည်။
ဝင်ခွင့်လျှောက်လွှာများအား အောက်တိုဘာ (၃၀) ရက်နေ့တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနမှာ လျှောက်ထားနိုင်ပြီး၊ သင်တန်းကြေးကို ငွေလက်ခံဌာနတွင် တစ်ပါတည်း ပေးသွင်းရမည်ဖြစ်သည်။
သင်တန်းကာလသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့အထိ ဖြစ်ပြီး (၃) လ တက်ရောက်ရပါမည်။ အဆိုပါသင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တက်ရောက်ရပါမည်။
သင်တန်းလျှောက်ထားရာတွင် -
တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်းနှင့်မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ
နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ
ပတ်စ်ပို့ဓါတ်ပုံ (၃) ပုံတို့ကို တင်ပြရန် လိုအပ်သည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၀၁-၇၅၁၃၁၉၀ (သို့) YUFL Page Messenger တွင် ရုံးချိန်အတွင်း မေးမြန်းဆက်သွယ်နိုင်သည်။
==================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။