သင့်အရေးအသားကို ပိုကောင်းလာအောင် ကူညီပေးမယ့် AI tool (၅) ခု

တီထွင်ဖန်တီးမှုဆိုင်ရာ အိုင်ဒီယာများ စဉ်းစားသည့်အခါ၊ မတူညီသည့် အကြောင်းအရာများ ဖန်းတီးရသည့်အခါ၊ အရေးအသားပိုင်းမှာ အမှားနည်းပြီး တိကျလိုသည့်အခါ AI Tools များကို အသုံးပြုနိုင်သည်။

AI Tools များသည် သင်လုပ်ရမည့် အလုပ်တာဝန်ကို လွယ်ကူစေပြီး အချိန်မြန်မြန် ပြီးမြောက်စေပါသည်။ သို့ဖြစ်ပါ၍ အသုံးပြုရသည်မှာ လွယ်ကူပြီး အသုံးဝင်သည့် AI Writing Tools (၅) ခုကို မျှဝေပေးသွားပါမည်။ 

1. Jasper AI 

Jasper AI ကို စာသားဖန်တီးရန်၊ ဘာသာပြန်ရန်၊ Content အမျိုးမျိုးကို ရေးသားရန်နှင့် သင့်မေးခွန်းများအတွက် အထောက်အကူဖြစ်စေသော အဖြေများ ပေးရန်အတွက် အသုံးပြုနိုင်ပါသည်။

၎င်းသည် အရေးအသားစတိုင် ရွေးချယ်နိုင်ခြင်း၊ SEO စစ်ဆေးပေးခြင်း၊ အရေးအသား ခိုးယူမှု ရှာဖွေခြင်း၊ Brand Voice နှင့် ရုပ်ပုံထုတ်လုပ်ခြင်းတို့ကို ပေးဆောင်သည့်အတွက် Marketing ပိုင်းတွင် အသုံးများကြပါသည်။ 

2. Grammly 

Grammarly သည် ကျောင်းသားတိုင်း မသိသူမရှိသည့် AI Tool တစ်ခုပါ။ အရေးအသားပိုင်းမှာ အရည်အသွေးကောင်းရန်၊ သဒ္ဒါမှန်ရန် အသုံးပြုပြီး စကားလုံးအသုံးအနှုန်း၊ စာကြောင်းတည်ဆောက်မှုနှင့် အရေးအသားစတိုင် အကြံပြုချက်များကို ပေးဆောင်ပါသည်။

၎င်းကို အခမဲ့ အသုံးပြုနိုင်ပြီး Writing Tool အပြင် Plagiarism Detection Tool အဖြစ်လည်း အသုံးပြုနိုင်သည်။ စာသား (သို့) Format အမျိုးမျိုးဖြင့် Save ထားသည့် File များကို Plagiarism ငြိ/မငြိလည်း စစ်ဆေးပေးနိုင်သည်။

3. Notion AI 

Notion AI သည် ChatGPT ကဲ့သို့ သင်သိလိုသော မေးခွန်းများကို မေးနိုင်သလို အရေးအသားပုံစံကိုလည်း လိုက်လျောညီထွေဖြစ်စေရန် လိုအပ်သလို ပြင်ဆင်ပြောင်းလဲနိုင်သည်။

Content များရေးသားဖန်တီးခြင်း၊ စာသားများကို အကျဉ်းချုပ်ခြင်း၊ အကြံဉာဏ်များပေးခြင်း၊ ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည့်အတွက် လုပ်ငန်းပိုင်းသာမက ပညာရေးပိုင်းတွင်လည်း အသုံးပြုနိုင်ပါသည်။ 

4. Rytr

Rytr သည် အခမဲ့ အသုံးပြုနိုင်သည့် အကောင်းဆုံး AI Writing Tool တစ်ခုဖြစ်သည်။ ၎င်းကို Content Idea များ စဉ်းစားသည့်အခါ၊ Socail Media ပို့စ်များ ရေးသားသည့်အခါ၊ SEO-Friendly ဖြစ်လိုသည့်အခါ အသုံးပြုနိုင်ပြီး အရေးအသားပိုင်းနှင့် ပတ်သက်သည့် သဒ္ဒါအမှား/အမှန်နှင့် အရေးအသားစတိုင်တို့ကိုလည်း ပြင်ဆင်ပေးပါသည်။

ထို့ကြောင့် Rytr ကို Content Marketing ပိုင်းမှာ အသုံးများကြသော်လည်း ပညာရေးပိုင်းအတွက် Essay၊ Report နှင့် Academics Writing များ ရေးသားသည့်အခါတွင်လည်း အသုံးပြုနိုင်ပါသည်။ 

5. YouWrite 

AI Writting Assitant Tool များကို ဖော်ပြသည့်အခါ You.com ၏ Feature တစ်ခုဖြစ်သည့် YouWrite ကိုလည်း ချန်ခဲ့လို့ မရပါဘူး။ ၎င်းတွင် Email၊ Paragraph၊ Social Media Post၊ Title၊ Blog နှင့် Essay စသဖြင့် မိမိရေးသားလိုသည့် အကြောင်းအရာအား အတိုချုံ့ပြောပြရုံဖြင့် AI မှတဆင့် ရေးသားပေးမည်ဖြစ်သည်။

ထို့အပြင် မိမိစာကို ဖတ်မည့်သူ အဆင်ပြေစေရန် အရေးအသားစတိုင်ကိုလည်း သင့်တော်သည့်ပုံစံ (၅) မျိုးဖြင့် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ပညာရေးပိုင်းတွင်သာမက လုပ်ငန်းပိုင်းမှာပါ အသုံးဝင်ပါသည်။  

အရေးအသားပိုင်း တိုးတက်လိုပြီး Content အိုင်ဒီယာများ ဖန်တီးသည့်အခါ လွယ်ကူမှုရှိစေရန် အထက်ဖော်ပြပါ AI Writing Tools များကို အသုံးပြုနိုင်ပါသည်။ ကျောင်းသားများအနေဖြင့်လည်း ကျောင်းစာများ ရေးသားသည့်အခါ အမှားနည်းစေရန် အသုံးပြုနိုင်ပါသည်။

သို့သော် ပညာရေးတွင် AI Tools များ အသုံးပြုပြီး ရေးသားသည့်အခါ Plagiarism ငြိတတ်ပါသည်။ ထို့ကြောင့် Plagiarism ငြိ/မငြိကို စစ်ဆေးပေးနိုင်သည့် Checking Tools များကိုလည်း သိထားသင့်သောကြောင့် လင့်ခ်ထဲတွင် ဖော်ပြထားသည်။ 

>> https://www.edge.com.mm/article/-plagiarism-online-tools.html

====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post University / College Read 1503 times