Sales Hotline : 09448001653    



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Online CHRD ဘာသာစကား သင်တန်းများ လျှောက်လွှာခေါ်ယူခြင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန Online ဖြင့် သင်ကြားမည့် နိုင်ငံခြားဘာသာစကားသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)မှ Online စနစ်ဖြင့် နိုင်ငံခြား ဘာသာစကား အခြေခံ (Level I) သင်တန်းများ (တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနှင့် မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်)) ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်မှတ်ပုံတင်ခြင်းနှင့် သင်တန်းကြေးပေးသွင်းခြင်းများအား https://chrd.yufl.edu.mm မှတစ်ဆင့် online စနစ်ဖြင့်သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် မိမိသင်ယူလိုသည့် ဘာသာစကားအား တိကျသေချာစွာ ရွေးချယ်ရမည်ဖြစ်ပြီး သင်တန်းကြေးပေးသွင်းခြင်း အတွက် KBZ Pay, AYA Pay တို့ဖြင့် ပေးချေရမည်ဖြစ်ပါသည်။

သင်တန်းကြေးပေးသွင်းပြီးကြောင်း အကြောင်းကြားစာ Email လက်ခံရှိမှသာ သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ။

ဆက်စပ်ဖတ်ရှုရန် >>> ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Online CHRD ဘာသာစကားသင်တန်းများ ဖွင့်လှစ်

အရည်အချင်းသတ်မှတ်ချက်အနေဖြင့် အနိမ့်ဆုံး အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများ (သို့မဟုတ်) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက်ရောက်နိုင်မည် ဖြစ်ပါသည်။

(သင်တန်းအတွက် သတ်မှတ်ထားသည့် ပညာအရည်အချင်းများနှင့် ကိုက်ညီမှုမရှိဘဲ သင်တန်းတက်ရောက်နေကြောင်း စစ်ဆေးတွေ့ရှိပါက သင်တန်းမှထုတ်ပယ်မည်ဖြစ်သည့်အပြင်သင်တန်းကြေးငွေအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။) 

သင်တန်းဝင်ခွင့်လျှောက်လွှာဖြည့်သွင်းရာတွင် အောက်ပါအချက်အလက်များအား တစ်ပါတည်း ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။ ။

  • အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် (သို့မဟုတ်)
  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း (သို့မဟုတ်)
  • အမှတ်စာရင်းမူရင်း (သို့မဟုတ်)
  • ဘွဲ့လက်မှတ်မူရင်းနှင့် ဓါတ်ပုံ

သင်ကြားမည့်အစီအစဉ် - Online မှ သင်ကြားခြင်း online ဖြင့်

လျှောက်ထားရမည့်ရက် - (၁-၂-၂၀၂၁)ရက်နေ့(အင်္ဂလိပ်ဘာသာစကားသင်တန်း)

                                    (၂-၂-၂၀၂၁)ရက်နေ့ (တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ထိုင်း၊ မြန်မာ)

                                    (နံနက် ၉:၃၀ နာရီမှ သတ်မှတ်ဦးရေပြည့်သည့်အထိ)

သင်တန်းကာလ           - (၁၀) ပတ်

သင်တန်းကြေး            - ၆၀၀၀၀/- (ခြောက်သောင်းကျပ်)

                                   မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသားများအတွက် (USD 200) နှင့်ညီမျှသော မြန်မာငွေပေါက်ဈေးပေးသွင်းရန်)

သင်တန်းပို့ချမည့်နေ့ရက် သင်တန်းပို့ချမည့်အချိန် သင်တန်းကာလ
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ (၅:၃၀ - ၇:၃၀)နာရီ (၁၅-၂-၂၀၂၁ မှ ၂၃-၄-၂၀၂၁)
အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေ (၅:၃၀ - ၇:၃၀)နာရီ (၁၆-၂-၂၀၂၁ မှ ၂၄-၄-၂၀၂၁)
စနေ၊ တနင်္ဂနွေ နေ့လည် (၂:၃၀ - ၅:၃၀) နာရီ (၂၀-၂-၂၀၂၁ မှ ၂၅-၄-၂၀၂၁)

*မိမိကြိုက်နှစ်သက်ရာ အချိန်ပိုင်းသင်တန်းအား ရွေးချယ်လျှောက်ထားနိုင်ပါသည်။

 

၁။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာအချိန်ပိုင်းသင်တန်းတွင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနှင့် မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်) သင်တန်းများလျှောက်ထားနိုင်ပါသည်။ ။

၂။ အင်္ဂါ၊ ကြာသပတေး၊ စနေအချိန်ပိုင်းသင်တန်းတွင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်) သင်တန်းများ လျှောက်ထားနိုင်ပါသည်။

၃။ စနေ၊ တနင်္ဂနွေအချိန်ပိုင်းသင်တန်းတွင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်) သင်တန်းများကို လျှောက်ထားနိုင်ပါသည်။

သင်တန်းဝင်ခွင့် လျှောက်လွှာများအား (၁-၂-၂၀၂၁) ရက်နေ့ နံနက် ၉:၃၀ နာရီမှသာ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် Website ၏ သတ်မှတ် Address တွင် စတင်မြင်တွေ့ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

(သတ်မှတ်သင်တန်းသားဦးရေ ပြည့်သွားပါက အလိုအလျောက် မှတ်ပုံတင်ခွင့် ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ သင်တန်းကြေးပေးသွင်းပြီးမှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည်ဖြစ်သည်။)

သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်းအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website တွင် (၈-၂-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြေညာပေးမည်ဖြစ်ပါသည်။

*အသေးစိတ်အချက်အလက်များ သိရှိလိုပါက yufl facebook page တွင်လည်းကောင်း၊ [email protected] email သို့လည်းကောင်း၊ ဖုန်းနံပါတ် ၀၁-၅၁၅၂၃၆၊ ၀၁-၅၁၃၁၉၃၊ ၀၉၂၅၄၀၃၂၇၄၄၊ ၀၉၄၂၀၀၅၈၀၃၉၊ ၀၉၄၃၁၃၈၀၇၂၊ ၀၉၄၂၁၁၁၄၁၁၇၊ ၀၉၇၇၉၀၈၅၈၄၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

By Myanmae Education Guide (EDGE) 
 

News Read 3939 times