Sales Hotline : 09448001653       Download App



သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှပထမနှစ်သင်တန်းသားများစတင်ခေါ်ယူ

 

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၏ လက်အောက်ရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တွင် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

 

ဝင်ခွင့်လျှောက်လွှာများကို မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ၏ ကျောင်းသားရေးရာဌာန နှင့် တက္ကသိုလ်ဝက်ဘ်ဆိုဒ်ဖြစ်သော www.miit.edu.mm တွင် Download ပြုလုပ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့အထိ လျှောက်ထားနိုင်သည်။ လျှောက်ထားရာတွင် ရုံးချိန်အတွင်းသာ လျှောက်ထားရမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်မည့်သူများမှာ အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်။

 

  • လျှောက်ထားသူများသည်မြန်မာနိုင်ငံသားဖြစ်ရမည်။လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့်ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။မိမိကိုင်ဆောင်သောနိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ်(နိုင်)(ပြု)(ဧည့်)ကို အပြည့်အစုံဖော်ပြ၍ မိတ္တူများကိုလည်း ပူးတွဲတင်ပြရမည်။

 

  • လျှောက်ထားသူသည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချမှုအား နားလည်နိုင်သော အရည်အချင်းရှိရမည်။ 

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောက်ဖော်ပြပါ ဘာသာရပ်များဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်သည်။

 

  • မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ

  • မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ

  • မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာ၊ ရူပဗေဒ၊ ဓာတုဗေဒ

  • မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ

  • မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ

 

တက်ရောက်ရမည့် သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပြီး B.E (Hons.) ဘွဲ့ကို အပ်နှင်းမည်ဖြစ်သည်။တက်ရောက်နိုင်သည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပြီး ဘာသာရပ်တစ်ခုလျှင် ကျောင်းသား/သူ ဦးရေ အယောက်(၆၀) စီသင်ကြားလက်ခံပေးသွားမည်။ 

 

  • Computer Science and Engineering (CSE)

  •  Electronics and Communications Engineering (ECE)

 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

  • ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ် (မူရင်း/မိတ္တူ)

  • ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင့်သည့်အမှတ်စာရင်း  (မူရင်း/မိတ္တူ)

  • လျှောက်ထားသူ နှင့် မိဘနှစ်ပါးလုံး၏ နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ)

  • (၆)လ အတွင်းရိုက်ကူးထားသော ပတ်စ်ပို့တ်ဓာတ်ပုံ (၄) ပုံ

  • သက်ဆိုင်ရာ ရပ်ကွက် နှင့် ရဲစခန်းမှအကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်မူရင်း

 

လျှောက်ထားလာသော လျှောက်လွှာများအနက် သတ်မှတ်ချက်နှင့်ကိုက်ညီသော လျှောက်လွှာများကို စီစစ်ရွေးချယ်မည်ဖြစ်ပြီး အချက်အလက်ပြည့်စုံသော လျှောက်ထားသူများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် စာစစ်ဌာန၌ အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုကြရမည်ဖြစ်သည်။

 

ဝင်ခွင့်စာမေးပွဲမှာ (၂) နာရီမေးခွန်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒဘာသာရပ်ဆိုင်ရာ မေးခွန်းများကိုဖြေဆိုရမည်။ ဖြေဆိုရမည့် ခုံအမှတ်များကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကြော်ညာသင်ပုန်းများ နှင့် www.miit.edu.mm ၌ ကြော်ငြာပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို အောက်တိုဘာလ ၂၈ ရက်နေ့ နှင့် အောက်တိုဘာလ ၃၁ ရက်နေ့များတွင် ထုတ်ပေးမည်ဖြစ်သည်။ 

 

၂၀၂၂-၂၀၂၃ ဘွဲ့ကြိုသင်တန်းများစတင်ဖွင့်လှစ်မည့်ရက်ကို အသိပေးထုတ်ပြန်သွားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက www.miit.edu.mm တွင်လည်းကောင်း ဖုန်းနံပါတ် ၀၉-၇၈၅၅၅၇၇၀၆ နှင့် ၀၉-၇၈၅၅၅၇၇၀၉ တို့ကိုလည်းကောင်း တိုက်ရိုက်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

News Local News Read 2103 times