Sales Hotline : 09448001653       Download App



ကိုရီးယား တက္ကသိုလ်များ နိုင်ငံခြား ကျောင်းသား ခေါ်ယူခွင့် ၁ နှစ် ပိတ်ပင်ခံရ

ကိုရီးယား တက္ကသိုလ်များ နိုင်ငံခြား ကျောင်းသား ခေါ်ယူခွင့် ၁ နှစ် ပိတ်ပင်ခံရ

တောင်ကိုရီးယား တက္ကသိုလ်များ နိုင်ငံခြား ကျောင်းသား ခေါ်ယူခွင့် ၁ နှစ် ပိတ်ပင်ခံရပါသည်။

ဗီဇာ ခွင့်ပြုကာလ ကျော်လွန်ပြီး တောင်ကိုရီးယားတွင် ဆက်လက်နေထိုင်ကြသော နိုင်ငံခြားသား ကျောင်းသူကျောင်းသားများ လက်ခံခဲ့သည့် တက္ကသိုလ်များကို အစိုးရက အရေးယူဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။


တောင်ကိုရီးယားတွင် ဗီဇာသက်တမ်းလွန် နေထိုင်ခြင်း overstay ပြုသည့် နိုင်ငံခြားသား ကျောင်းသူကျောင်းသားများ အရေအတွက် များလာခြင်းသည် ပြည်နယ်တက္ကသိုလ်များအတွက် အဓိကခေါင်းခဲရသည့် ကိစ္စရပ် ဖြစ်နေသည်။ ထိုတက္ကသိုလ်များသည် ပြည်ပမှ ကျောင်းသူကျောင်းသားများ ခေါ်ယူလက်ခံခြင်း တစ်နှစ်ပိတ်ပင်ခံရသည်။

အစိုးရမှ ထုတ်ပြန်သော အချက်အလက်များအရ တောင်ကိုရီးယားသို့ ကျောင်းသူကျောင်းသားအဖြစ် ရောက်လာပြီး ဗီဇာသက်တမ်းလွန် စားရင်းမရှိအင်းမရှိ နေထိုင်ကြသူ ထောင်ချီပြီး ရှိနေသည်။ သူတို့၏ တက္ကသိုလ်ပညာရေး သို့မဟုတ် ဘာသာစကား သင်ယူမှု အစီအစဉ်  ပြီးဆုံးခဲ့ပြီးပြီ ဖြစ်သည့်အပြင် ဗီဇာသက်တမ်းလည်း ကုန်လွန်နေပြီ ဖြစ်သော်ငြားလည်း သူတို့သည် တောင်ကိုရီးယားတွင် ဆက်လက်နေထိုင်လျက် ရှိကြသည်။


ထိုသုိ့ ရက်လွန်နေထိုင်ခြင်း overstay ကျောင်းသူကျောင်းသားများကို မူလက ဖိတ်ခေါ်ခဲ့သော တက္ကသိုလ်များသည် ယခုအခါ နောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်နေကြရသည်။ နိုင်ငံခြားသား ကျောင်းသူကျောင်းသား အသစ်လက်ခံခြင်း တစ်နှစ်ပိတ်ခံရသည်။ သို့ဖြစ်ရာ နိုင်ငံခြားသား ကျောင်းသူကျောင်းသား အသစ်များထံမှ ရရှိလာမည့် ဝင်ငွေများ မရနိုင်တော့ချေ။
တက္ကသိုလ်များသည် ဘဏ္ဍာရေး ဖူလုံရန် နိုင်ငံခြားသား ကျောင်းသူကျောင်းသားများ ပေးသွင်းသည့် ကျူရှင်ခများအပေါ်  အကြီးအကျယ် မှီခိုထားကြသဖြင့် ယခုအခါ အခက်ကြီး ခကါကုန်ကြသည်။ 
တောင်ကိုရီးယားတွင် မွေးဖွားနှုန်း ကျဆင်းသဖြင့် နိုင်ငံသား ကျောင်းသူကျောင်းသားဦးရေ လျော့ကျသွားပြီး တက္ကသိုလ်များအနေဖြင့် လုံလောက်သော ကျောင်းသူကျောင်းသားဦးရေကို ပြည်တွင်းမှ မရနိုင်ကြချေ။
အစိုးရ အထောက်အပံ့များကလည်း တစ်စထက်တစ်စ လျော့နည်းလာနေသည်။ ပြည်တွင်း ကျောင်းသူကျောင်းသား လုံလုံလောက်လောက်မရရှိသဖြင့် ကောက်ခံရရှိသည့် ကျူရှင်ခများလည်း လျော့နည်းနေသည်ဖြစ်ရာ တက္ကသိုလ် အများအပြားတို့သည် ဘဏ္ဍာရေး အခက်အခဲ ကြုံကြရသည်မှာ လွန်ခဲ့သော တစ်ဆယ်နှစ်ဝန်ူကျင်ကတည်းက ဖြစ်သည်။
ထိုအခြေအနေကို ဖြေရှင်းရန် ကျောင်းအများအပြားတို့က နိုင်ငံတကာ ကျောင်းသူကျောင်းသားများကို ဆွဲဆောင်ရန် မဟာဗျူဟာသစ်ကို ခင်းကျင်းကြသည်။

၂၀၀၆ တွင် တစ်နိုင်ငံလုံးမှာ ကျောင်းသူကျောင်းသား ဦးရေ ၃၃,၀၀၀ ရှိခဲ့ပါသည်။ တိုးများလာခဲ့ရာ ၂၀၂၁ တွင် ဦးရေ ၁၆၉,၀၀၀ နီးပါး ရှိသည်။ ပညာရေးဝန်ကြီးဌာနကလည်း ကျောထောက်နောက်ခံပြုပေးခဲ့သည်။ ၂၀၂၃ တွင် ဦးရေ ၂၀၀,၀၀၀ ရှိရမည်ဟု လျာထားသည်။


ကိုဗစ်ကပ်ရောဂါ စတင်ခဲ့ပြီးသည့် နောက်တွင် ဗီဇာ သက်တမ်းကုန်ဆုံးသော်လည်း တိုင်းပြည်မှ မပြန်တော့သည့် နိုင်ငံတကာ ကျောင်းသူကျောင်းသား ဦးရေ ပိုများလာခဲ့သည်ဟု တရားရေးဝန်ကြီးဌာနထံမှ အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၁၉ မှ ၂၀၂၁ အထိ ဘွဲ့ကြို သင်တန်း ပညာဆည်းပူးသည့် နိုင်ငံတကာ ကျောင်းသူကျောင်းသား ဦးရေ ၂၀ % မြင့်တက်ခဲ့သည်။
ထိုကာလတွင် ဗီဇာသက်တမ်းကုန်ဆုံးသော်လည်း ဆက်လက်နေထိုင်လျက်ရှိသူ ဦးရေသည် ၁၂၀% ကျော် ပိုများပြားခဲ့သည်။ 
၂၀၁၉ တွင် တောင်ကိုရီးယားသို့ D-2 student visa ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား ဦးရေ ၂,၈၃၃ ရှိခဲ့သည်။ ၂၀၂၀ တွင် ၄,၆၉၂ သို့ မြင့်တက်သည်။ ၂၀၂၁ တွင် ၆,၂၈၄ ဦး ရှိခဲ့သည်။


၂၀၁၂ မှစ၍ ပညာရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့က နှစ်စဉ် အကဲဖြတ်သုံးသပ်ချက်အရ နိုင်ငံအတွင်း တရားမဝင်နေထိုင်နေသည့် ကျောင်းသူကျောင်းသား အ‌ရေအတွက် အများဆုံးကျောင်းများကို လူသစ်မခေါ်ရန် တစ်နှစ် ပိတ်ပင်ခဲ့သည်။

ယခုနှစ်တွင် ကျောင်း ၁၈ ခု တစ်နှစ်ပိတ်ခံရသည်။  Suwon, Yongin နှင့် Jeonju တက္ကသိုလ်တို့ ပါဝင်သည်။

တက္ကသိုလ် ၁၉ ခုသည် ပထမနှစ်တွင် ကိုရီးယား ဘာသာစကား သင်ကြားမည့်အစီအစဉ်များအတွက် ကျောင်းသူကျောင်းသားများ လက်မခံရန် တားမြစ်ခံရသည်။ Hanshin, Chosun နှင့်  Daejin တက္ကသိုလ်တို့ ပါဝင်ပါသည်။

Latest Post International/Private News Read 1603 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176