Sales Hotline : 09448001653       Download App



မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဒီပလိုမာ နှင့် မဟာဝိဇ္ဇာသင်တန်းများစတင်လျှောက်ထားနိုင်

 

 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ပထမနှစ်ဒီပလိုမာ (အချိန်ပြည့်/ အချိန်ပိုင်း) သင်တန်းများ နှင့် မဟာဝိဇ္ဇာသင်တန်းများကို အောက်တိုဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 

 

ဝင်ခွင့်လျှောက်လွှာများကိုဘွဲ့လက်မှတ် မူရင်း/မိတ္တူများ နှင့်အတူ  မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌနတွင် ရုံးချိန်အတွင်း လာရောက်တင်သွင်းကြရမည်ဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ကျင်းပမည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူး၏ လူတွေ့စာမေးပွဲကိုပါ ဖြေဆိုရမည်ဖြစ်သည်။ 

 

နိုင်ငံ့ဝန်ထမ်းဖြစ်ပါကသက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်အဆင့်ရှိအရာရှိက သင်တန်းတက်ရောက်ခွင့်ပြုကြောင်းခွင့်ပြုမိန့်မူရင်းအားတင်ပြရမည်။လျှောက်ထားနိုင်သောသင်တန်းများမှာအောက်ပါအတိုင်းဖြစ်သည်။

 

(၁) သင်တန်းအမည် - တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား

     ပညာအရည်အချင်း - တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ

     သင်တန်းကာလ - အချိန်ပိုင်း (၄) နှစ်

     သင်တန်းအချိန် - နံနက် ၇ နာရီ မှ ၉ နာရီ (တနင်္လာမှသောကြာ)


 

(၂) သင်တန်းအမည် - Diploma in English (One Year Full Time Course)

     ပညာအရည်အချင်း - တက္ကသိုလ်တစ်ခုခုမှအင်္ဂလိပ်စာအထူးပြုဘွဲ့ရရှိပြီးသူ

    သင်တန်းကာလ - ၁ နှစ် (အချိန်ပြည့်)

     သင်တန်းအချိန် - အချိန်ပြည့် တနင်္လာမှသောကြာ


 

(၃) သင်တန်းအမည် - Diploma in Thai (Two Year Full Time Course)

       ပညာအရည်အချင်း - တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ

       သင်တန်းကာလ - ၂ နှစ် (အချိန်ပြည့်)

       သင်တန်းအချိန် - အချိန်ပြည့် တနင်္လာမှသောကြာ


 

(၄) သင်တန်းအမည် - မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာသင်တန်း)

     ပညာအရည်အချင်း - B.A (English) ရရှိပြီးသူ၊ အချိန်ပြည့် ၁ နှစ်အင်္ဂလိပ်ဘာသာ         ဒီပလိုမာ DEF ဘွဲ့ရရှိရမည် (သို့) မန္တလေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် အင်္ဂလိပ်စာသင်     ကြားရေးဒီပလိုမာ ELT ဘွဲ့ရရှိရမည် (သို့) မဟာဝိဇ္ဇာ (အင်္ဂလိပ်စာ)သင်တန်း တက်          ရောက်ရန် အရည်အချင်းပြည့်မှီသူဖြစ်ရမည်။                 

     သင်တန်းကာလ -  ၂ နှစ် (အချိန်ပြည့်)

    သင်တန်းအချိန် - အချိန်ပြည့် တနင်္လာမှသောကြာ


 

သင်တန်းဝင်ခွင့် နှင့် ပတ်သက်ပြီး အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ကျောင်းသားရေးရာဌာန ဖုန်း ၀၂ - ၄၀၆၁၄၀၂ ၊ ၀၉ - ၃၃၀၃၉၉၇၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

News Local News Read 1215 times