Sales Hotline : 09448001653       Download App



ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ ကျောင်းသားများအတွက် ဆက်လက်ရှန်သန်ရန်အကူအညီပေး 

ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ ကျောင်းသားများအတွက် ဆက်လက်ရှန်သန်ရန်အကူအညီပေး ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေချိန်အတွင်း ဂျပန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုက ကျောင်းသား အများအပြားဟာ အလုပ်အကိုင်အခွင့်အလမ်း နည်းလာသည့် အတွက် စားဝတ်နေ‌ရေးအတွက် လိုအပ်နေသည့် ကျောင်းသားများကို တက္ကသိုလ်မှ အစားအသောက်တွေ စတင် ထောက်ပံ့ပေးနေပြီ ဖြစ်ပါသည်။ 

Tsukuba တက္ကသိုလ်သည်  နိုင်ငံတွင်းရှိ ကျောင်းသား အများအပြားအနေဖြင့်  စီးပွားရေးပြဿနာများဖြင့် ရင်ဆိုင်နေရပြီး ထောက်ပံ့ပေးဖို့ တောင်းဆိုနေတာကို သိရှိခဲ့ရသဖြင့်  Tsukuba တက္ကသိုလ်မှ  ဒီဇင်ဘာလတွင် ကျောင်းသားတွေအပေါ် စစ်တမ်းကောက်ယူခဲ့ရာမှာ ဖြေဆိုသူ ၇၀ရာခိုင်နှုန်းက ဝင်ငွေ လျော့ကျခဲ့ကြောင်း ဖြေဆိုကြပါသည်။

ဒေသတွင်းရှိ ကုမ္ပဏီများနှင့် လယ်သမားများက  လိုအပ်တဲ့ ကျောင်းသားတွေကို အစားအသောက်တွေ လှူဒါန်းပေးဖို့ Tsukuba တက္ကသိုလ်က တောင်းဆိုခဲ့ပါသည်။

ထို့နောက် ဆန်၊ ဟင်းသီးဟင်းရွက်နှင့် အသင့်စားခေါက်ဆွဲခြောက် စုစုပေါင်း ၇တန်အပါအဝင် အစားအသောက်တန်ချိန် ၂၀ကျော်လောက် ရရှိခဲ့ပါသည်။ 

၎င်း အစားအသောက်များကို သောကြာနေ့တွင် ကျောင်းသား ၂,၅၀၀ကျော်ကို ပေးဝေခဲ့ပါသည်။ နိုင်ငံခြားသား ကျောင်းသားတစ်ယောက်မှလည်း သူ့အနေဖြင့်  မိသားစုဆီမှ အထောက်အပံ့ ရရှိတာမျိုး မရှိတဲ့အပြင် ကပ်ရောဂါကြောင့် သူ့မှာ အချိန်ပိုင်းအလုပ် မရှိတော့တဲ့အတွက် ယခုလို ကူညီပေးတာကို ကျေးဇူးတင်ကြောင်း ပြောထားပါသည်။ 

မြို့တော်တိုကျိုမှာ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက် ၉၈၆ ဦး ရှိတယ်လို့ အတည်ပြုခဲ့ကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ပြောပါသည်။ 

တိုကျိုမှာ ဇန်နဝါရီလ ၁၂ရက် နောက်ပိုင်း တစ်နေ့တာ ကူးစက်ခံရသူအသစ် အရေအတွက် ၁,၀၀၀ အောက် ကျဆင်းခြင်းမှာ ယခုတစ်ကြိမ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး လက်ရှိတွင် ကူးစက်ခံရသူ စုစုပေါင်း ၉၃,၈၉၀ ဦး ရှိနေပြီ ဖြစ်ပါသည်။

Ref: NHK News

By Myanmar Education Guide (EDGE) 

News Read 1003 times