YUFL မှ အချိန်ပိုင်း ဘာသာစကားသင်တန်းများ အောက်တိုဘာလဆန်းတွင် ဖွင့်မည်

YUFL မှ အချိန်ပိုင်း ဘာသာစကားသင်တန်းများ အောက်တိုဘာလဆန်းတွင် ဖွင့်မည်

အဆိုပါသင်တန်းများသို့ အပါတ်စဉ် (၆၁) တွင် အမည်စာရင်းကို (Successfully registered) မှတ်ပုံတင်နိုင်ခဲ့ပြီးတက်ရောက်ခွင့်မရသေးသူများကို (၁၃-၇-၂၀၁၈) ရက်နေ့ ညနေ (၄:၀၀)နာရီတွင် အမည်စာရင်းကိုထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါသည်။

အမည်စာရင်းတွင် ပါဝင်သူများသည် (၁၆-၇-၂၀၁၈)ရက်နေ့မှ (၂၃-၇-၂၀၁၈) ရက်နေ့အတွင်း သင်တန်းတက်ရောက်ရန် စရန်ငွေ (၅၀၀ဝိ) ကျပ်ဖြင့် လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

READ - 2018 ခုနှစ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း

တက္ကသိုလ်ပထမနှစ် ဝင်ခွင့်ကိစ္စရပ်များဆောင်ရွက်ဆဲဖြစ်ပါ၍သတ်မှတ်ထားသောကာလအတွင်း စာရင်းလာရောက်ပေးသွင်းကြပါရန်နှင့် စရန်ငွေနှင့်တကွစာရင်းပေးသွင်းရန်ပျက်ကွက်သူများကို ထပ်မံခေါ်ယူလက်ခံတော့မည်မဟုတ်ကြောင်းအသိပေးကြေငြာပါသည်။

မှတ်ပုံမတင်ရသေးသောသင်တန်းသားသစ်များကို စက်တင်ဘာလပထမပတ်အတွင်း သီးခြားကြေငြာ၍ခေါ်ယူပါမည်။

သင်တန်းသားသစ်များသည် Online မှတစ်ဆင့် သတ်မှတ်ရက်သတ်မှတ်အချိန်တွင် စာရင်းပေးသွင်းရန်ထပ်မံကြေငြာပါမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: yufl

News Read 4275 times