Sales Hotline : 09448001653       Download App



ပြေတီဦးပညာရေး ဖောင်ဒေးရှင်းမှ ပေးအပ်သော ပညာသင်စရိတ်ထောက်ပံ့ငွေကို လျှောက်ထားနိုင်ပြီ

2020-2021 ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်အမှတ်များ ထွက်ရှိပြီး နောက်တွင် တက္ကသိုလ်တက်ရန် အခက်အခဲ ဖြစ်နေသူများ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းမှ ပေးအပ်သော ပညာသင်စရိတ်ထောက်ပံ့ငွေကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ 

ပညာသင်စရိတ်ထောက်ပံ့ငွေလျှောက်ထားလိုသူများအတွက် စည်းကမ်းချက်များ 

ပြေတီဦးပညာရေး ဖောင်ဒေးရှင်းအဖွဲ့ သည် ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် (၂၀၁၀)ခုနှစ်မှစတင်ဖွဲ့စည်းတည်ထောင်ခဲ့သော ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါသည်။ အဓိကအားဖြင့် အခြေခံပညာအထက်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီးနောက် (၂၀၂၀-၂၀၂၁)ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်သို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ (၅)ဦး၊ စက်မှုတက္ကသိုလ်သို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ (၅)ဦး၊ ဥပဒေကျောင်းသား/ကျောင်းသူ (၂)ဦး၊ ပညာရေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ (၂)ဦး၊ စုစုပေါင်း(၁၄)ဦးတို့အား (၁၁)ကြိမ်မြောက် ဖောင်ဒေးရှင်းမှ ထောက်ပံ့မည်ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ လျှောက်ထားနိုင်ပါသည်။

  1. မိမိကိုယ်တိုင်ရေးသားသည့် လျှောက်လွှာဖြင့် လျှောက်ထားရန်။ 
  2. အခြေခံပညာအထက်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အမှတ်စာရင်းမိတ္တူ။ 
  3. လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ။
  4. ကာလာပတ်စ်ပို့ဓါတ်ပုံ (၃)ပုံ။ (ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့် ဆက်သွယ်၍ရမည့်ဖုန်းနံပါတ်) 
  5. မိဘ (သို့) အုပ်ထိန်းသူများအနေဖြင့် မိမိတို့ သား၊ သမီး ပညာသင်ကြားနိုင်ရေးအတွက် အမှန်တကယ် အခက်အခဲရှိနေကြောင်း တင်ပြချက်။ ။ 
  6. တက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေးအခက်အခဲရှိကြောင်း မိမိနေထိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ။ 

အောက်ပါအချက်များကို ကိုယ်တိုင်ဝန်ခံချက်ရေးသားရပါမည်။ 

  • တစ်နှစ်တစ်တန်းအောင်မြင်ရန် တာဝန်ယူကြောင်းနှင့်စာမေးပွဲကျပါက နောင်နှစ်တွင် ထောက်ပံ့ကြေးရရှိမည် မဟုတ်သည်ကိုသိရှိပါကြောင်း (သက်ဆိုင်ရာတက္ကသိုလ်မှကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့် မရရှိလျှင်လည်း စာမေးပွဲကျသည်ဟု မှတ်ယူမည်။ 
  • မည်သည့် ပုဂ္ဂိုလ်/အဖွဲ့ အစည်း၏ ထောက်ပံ့မှုရယူထားခြင်းမရှိပါကြောင်း ဝန်ခံချက်။ ပညာသင်ကြားနေစဉ်အတွင်း ပါတီနိုင်ငံရေးလုပ်ဆောင်ခြင်း ပြုလုပ်မည်မဟုတ်ပါကြောင်း ဝန်ခံချက်။
  • ပြေတီဦးဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေဖြင့် ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိပါက မိမိနိုင်ငံအတွင်း မရှိနွမ်းပါးသော ပြည်သူများ၏ ကျန်းမာရေးကို အနည်းဆုံး(၅)နှစ် ဦးစားပေး စောင့်ရှောက်သော ဆရာဝန်အဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း ဝန်ခံချက်။

"ပြေတီဦးပညာရေးဖောင်ဒေးရှင်း” အမှတ်-၃၁၁၊ အခန်း(၁၁) ဗိုလ်ချုပ်အောင်ဆန်းလမ်း(၃၅လမ်းထောင့်)၊ (၂)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့သို့ ပြေတီဦးဖောင်ဒေးရှင်း Facebook Page Messenger(သို့) စာတိုက်မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ ထောက်ပံ့ငွေရရှိသူများကို ကျောင်းဖွင့်ရက်မတိုင်မီ ဆက်သွယ်အကြောင်းကြားပါမည်။ 

ရွေးချယ်ခံရသောကျောင်းသား/သူများအား လစဉ် ၁ဝဝဝဝဝိ/- (တစ်သိန်းကျပ်) ထောက်ပံ့ပါမည်။(ကျောင်းပိတ်သောလများတွင် ၂၀၀၀ဝိ/- (နှစ်သောင်းကျပ်) ထောက်ပံ့ပါမည်။) 

(၁၄)ဦးထက်ပိုသော ကျောင်းသား/သူများကိုလည်း ပြင်ပအလှူရှင်များရှိပါက ဆက်သွယ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အမှုဆောင်အဖွဲ့ 

(ပြေတီဦးပညာရေးဖောင်ဒေးရှင်း) 

Contact Ph: 09 7312344, 

09 449123444, 

09 250794440, 

09 252602244, 

09 252602244

By Myanmar Education Guide (EDGE) 
 

Local Read 1716 times