TKT Course ကို အွန်လိုင်းကနေ အခမဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေး

Teaching Konwledge Test ရဲ့ အတိုကောက်ဖြစ်တဲ့ TKT ဆိုတာ အင်္ဂလိပ်ဘာသာစကားသင်ကြားတဲ့ ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးအသိပညာကို Cambridge English Langugage Assessment ကနေ စစ်ဆေးတဲ့ သင်ကြားရေးအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။

ဒီ TKT လက်မှတ်ကို နိုင်ငံတကာက အသိအမှတ်ပြုထားတာဖြစ်တဲ့အတွက် ပြည်တွင်းသာမက ပြည်ပမှာပါ သင်ကြားရေးအလုပ်တွေ လျှောက်တဲ့အခါ အတော်လေး အသုံးဝင်ပါတယ်။

သင်က အင်္ဂလိပ်ဘာသာစကား သင်တဲ့သူဖြစ်ဖြစ်၊ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး ဘာသာရပ်တစ်ခုခုကို သင်ကြားနေရတဲ့သူဖြစ်ဖြစ် TKT စာမေးပွဲကို ဖြေထားသင့်ပါတယ်။

ဒါကြောင့် TKT ကို ဖြေဆိုဖို့ ပြင်ဆင်နေသူတွေ၊ အင်္ဂလိပ်စာသင်ကြားရေးဆရာ၊ ဆရာမတွေ၊ သင်ကြားရေးအတွေ့အကြုံ တစ်နှစ်အထက်ရှိသူတွေအတွက် TKT Course ကို အခမဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေးကို မျှဝေပေးသွားပါမယ်။

ဒီ TKT အခမဲ့ သင်တန်းကို TEAMS ကနေ ဦးစီးဖွင့်လှစ်ပေးမှာ ဖြစ်ပြီး Cambridge TKT ရဲ့ အောက်ပါ အဓိက Core Modules (၃)မျိုးကို အခြေခံထားတဲ့ သင်ခန်းစာတွေကို လေ့လာရမှာဖြစ်ပါတယ်။ 

Module 1 : Background to language learning and teaching

ဘာသာစကားသင်ကြားရေးအပါ် လွှမ်းမိုးနိုင်တဲ့ အဓိကအချက်တွေ၊ သင်ကြားသူတွေရဲ့ လိုအပ်ချက်ကိုလိုက်ပြီး အသုံးပြုနိုင်တဲ့ သင်ကြားနည်းတွေကို လေ့လာနိုင်ပါတယ်။

Module 2 : Lesson planning and use of resources for language teaching

အင်္ဂလိပ်စာ သင်ကြားရေးအတွက် သင်ခန်းစာအစီအစဉ်ပြုလုပ်ပုံတွေ၊ သင်ကြားရေးအရင်းအမြစ် အသုံးပြုပုံတွေကို လေ့လာရပါတယ်။

Module 3 : Managing the teaching and learning process

သင်ကြားရေးနဲ့ သင်ယူမှုလုပ်ငန်းစဉ်ကို ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ သင်ယူရမှာ ဖြစ်ပါတယ်။

ဒီအခမဲ့ သင်တန်းကို တက်ရောက်ဖို့ အောက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်-

  • အင်္ဂလိပ်စာ Intermediate level (B1) ရှိသူများ
  • သင်ကြားရေးအတွေ့အကြုံ (၁) နှစ်နှင့် အထက်ရှိသူများ
  • အင်္ဂလိပ်စာ အဓိက သင်ကြားတဲ့ ဆရာ၊ ဆရာမများ 

သင်တန်းကို ဇူလိုင်လ (၇) ရက်မှ အောက်တိုဘာလ (၁) ရက်နေ့အထိ (၃) လကြာ တက်ရောက်ရမှာဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့မှာ ည (၇) နာရီခွဲမှ (၉) နာရီအထိ Zoom ကနေတဆင့် တက်ရောက်ရပါမယ်။

သင်တန်းတက်ရောက်ဖို့ လျှောက်ထားလိုသူဆိုရင် အောက်ပါလင့်ခ်ကနေတဆင့် ဇွန်လ (၂၂) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့် ရရှိသူတွေကို ဇွန်လ (၂၂) ရက်နေ့ နောက်ဆုံးထားပြီး Email/Telegram မှတစ်ဆင့် TEAMS မှ ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

> https://docs.google.com/forms/d/

မူရင်းပို့စ်လင့်ခ် - https://www.facebook.com/share/p/18soZ9Q1mT/

====================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local Local News Vocational Read 412 times