တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၅၀) ဦးကို ဧရာပညာသင်ဆု ပေးအပ်မည်

ဧရာ၀တီဖောင်ဒေးရှင်းမှ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးကို ရွေးချယ်ပြီး တက္ကသိုလ်တက်ရောက်မယ့်ကာလတစ်လျှောက်လုံးအတွက် ပညာသင်ဆု ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ 

ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ကိုက်ညီသူတွေက ပညာသင်ဆုကြေးအဖြစ် လစဉ် (၃) သိန်းကျပ်နှင့်အတူ သင်ထောက်ကူပစ္စည်းတွေအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်ကို ရရှိမှာဖြစ်ပါတယ်။ 

အရည်အချင်းသတ်မှတ်ချက်များ

- မြန်မာနိုင်ငံသား ဖြစ်ရမယ်။

- ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမယ်။

- သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတစခုခုမှာ ဝင်ခွင့်ရရှိထားသူ ဖြစ်ရမယ်။

- ပညာရေးမှာ ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာရှိသူ ဖြစ်ရမယ်။

- ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်တဲ့ ‌ကျောင်းသား ကျောင်းသူများ ဖြစ်ရမယ်။

လျှောက်ထားနိုင်မယ့် တက္ကသိုလ်များ

- ဆေးတက္ကသိုလ်များ

- နည်းပညာတက္ကသိုလ်များ

- စီးပွါးရေးတက္ကသိုလ်များ

- ကွန်ပျူတာတက္ကသိုလ်များ

- စိုက်ပျိုးရေးတက္ကသိုလ်များ

လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

- ပညာသင်ဆုလျှောက်လွှာ

- ကိုယ်တိုင်ရေးသားထားတဲ့ ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်း ဖော်ပြစာ

- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း

- အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ 

- အိမ်ထောင်စုစာရင်း မိတ္တူ

- တက္ကသိုလ်ဝင်ခွင့် အထောက်အထား 

- ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ

လျှောက်ထားရမယ့် နည်းလမ်း

- သတ်မှတ်ထားတဲ့ ပညာသင်ဆုလျှောက်လွှာပုံစံကို လင့်ခ်မှတဆင့် ရယူပါ။

- အချက်အလက်တွေကို ပြည့်စုံစွာ ဖြည့်စွက်ပါ။

- လျှောက်လွှာနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အောက်တိုဘာလ (၃၁) ရက် ၊ ၂၀၂၆ မတိုင်ခင် ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းလိပ်စာကို ပေးပို့ လျှောက်ထားပါ။

လျှောက်လွှာဖောင်ရယူရန် 

> https://www.ayeyarwadyfoundation.org/AYA_Scholarship.pdf

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Local Read 19 times