Victoria Academy Global ကနေ လာမယ့် ဒီဇင်ဘာ (သို့) ဇန်နဝါရီလမှာ GED ဖြေဖို့ ပြင်ဆင်နေသူတွေအတွက် GED Exam Preperation မှ တက္ကသိုလ်ဝင်ခွင့်အထိကို ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆုအကြောင်း မျှဝေပေးလိုက်ပါတယ်။
ဒီပညာသင်ဆုက GED Exam Ready အတန်းအတွက် သင်တန်းကြေးအပြင် စာမေးပွဲကြေး၊ နိုင်ငံခြားတက္ကသိုလ်ဆက်တက်ဖို့အတွက် GED လက်မှတ်နဲ့အတူ ပူးတွဲတင်ပြလျှောက်ထားရမယ့် IELTS၊ SAT အတန်းတွေအတွက် သင်တန်းစရိတ်တွေ၊ စာမေးပွဲစရိတ်တွေအထိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်နှင့် ပညာသင်ဆု လျှောက်ထားရာမှာလည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တာကြောင့် Study Abroad အိမ်မက်ရှိသူတွေသူတွေအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်မှာပါ။
ပညာသင်ဆုအတွက် ကျောင်းသား (၅၀) ဦးကို ရွေးချယ်ပြီး ဒီဇင်ဘာ (၂) ရက်နေ့မှာ စတင် တက်ရောက်ရမယ့် နှစ်ပတ်တာ GED Exam Ready Preparation Program ကို (၁၀၀%) အခမဲ့ တက်ရောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။
Exam Ready နှစ်ပတ်တာကို တက်ရောက်နေစဉ်အတွင်း Academic Performance၊ တိုးတက်မှုနဲ့ Commitment ကောင်းမွန်တဲ့ ကျောင်းသားတွေထဲက သတ်မှတ်ချက်နဲ့ အကိုက်ညီဆုံး ကျောင်းသား (၅) ဦးကို ထပ်ရွေးပြီး GED Exam Fee အတွက် အပြည့်အဝ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
GED စာမေးပွဲဖြေဆိုပြီး Result ထွက်လာတဲ့အခါ အမှတ်ကောင်းမွန်သူနဲ့ Program တစ်လျှောက် စဉ်ဆက်မပြတ် ကြိုးစားသူတွေထဲက ရွေးချယ်ပြီး IELTS နဲ့ လိုအပ်ရင် SAT အတွက်ကိုပါ ပညာသင်ဆု ထပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာတက္ကသိုလ်တစ်ခုခုမှာ ဝင်ခွင့်ရဖို့၊ ပညာသင်ဆုလျှောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း Application နှင့် Visa ကိစ္စတွေအထိပါ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
GED Exam Preperation ကနေ International University ကို ရောက်ရှိနိုင်ရေးအထိ One Stop Education Pathway Support ပေးသွားမယ့် အစီအစဉ်ဖြစ်တဲ့အတွက် စိတ်ဝင်စားရင် အောက်ပါလင်ခ့်ကနေတဆင့် နိုဝင်ဘာလ (၁၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
> https://docs.google.com/forms
လျှောက်ထားသူများအနက် ကျောင်းသား (၅၀) ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပြီး ပညာသင်ဆု ရရှိသူတွေကို နိုဝင်ဘာ (၃၀) ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်ကို သိရှိလိုပါက Victoria Academy Global Facebook Page တွင် မေးမြန်းနိုင်ပါတယ်။
===============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။