ဂျပန်နိုင်ငံမှာ Fully Funded နဲ့ ကျောင်းသွားတက်ချင်သူများအတွက် MEXT Scholarship လျှောက်ဖို့ အထောက်ပံ့ကောင်းတစ်ခုဖြစ်တဲ့ EJU သင်တန်း ပညာသင်ဆုအစီအစဉ်ကို Myanmar Association of Japan Alumni (MAJA) မှ စီစဉ်ထားပါတယ်။
MEXT Scholarship
MEXT Scholarship ဆိုတာ ဂျပန်ရဲ့ ထိပ်တန်းတက္ကသိုလ်နဲ့ ကောလိပ်တွေမှာ စရိတ်ငြိမ်း ပညာသင်ယူနိုင်ဖို့ ဂျပန်အစိုးရက ပညာသင်စရိတ်နဲ့ နေထိုင်စားသောက်စရိတ်တို့ကို ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆုဖြစ်ပါတယ်။ ဒီပညာသင်ဆု ရရှိဖို့ အထောက်အပံ့ကောင်းဖြစ်တဲ့ EJU သင်တန်းကို MAJA မှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
EJU
Examination for Japanese University Admission for International Students (EJU) ဆိုတာက နိုင်ငံခြားကျောင်းသား၊ ကျောင်းသူတွေ ဂျပန်နိုင်ငံက တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ယူနိုင်ဖို့ ဖြေဆိုရတဲ့ ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါတယ်။
ဒီစာမေးပွဲဖြေဆိုဖို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲမှာ (၄) ဘာသာဂုဏ်ထူးရှင် (သို့) အမှတ်ပေါင်း (၄၅၀) နှင့်အထက်ရရှိသူတွေကို ရွေးချယ်ပြီး သင်တန်းကြေးအခမဲ့နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
EJU အတန်းကို သင်တန်းကြေး ကင်းလွတ်ခွင့်နဲ့ လျှောက်ထား တက်ရောက်နိုင်မယ့်အကြောင်းနဲ့ MEXT Scholarship အကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိခွင့်ရမယ့် အွန်လိုင်း Seminar ကို ဇူလိုင်လ (၁၀) ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ရှိပါတယ်။
ဂျပန်ပညာရေးလမ်းကြောင်းကို စိတ်ဝင်စားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဒီ Seminar ကို တက်ရောက်ပြီး ပညာသင်ဆုအခွင့်အလမ်းတွေ ရယူနိုင်ပါတယ်။
အွန်လိုင်း Seminar အစီအစဉ်
နေ့ရက် ။ ။ ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် (သောကြာနေ့)
အချိန် ။ ။ နေ့လယ် ၁ နာရီမှ နေ့လယ် ၃ နာရီအထိ
နေရာ ။ ။ ZOOM
စာရင်းပေးသွင်းရန် > https://docs.google.com/forms/
အသေးစိတ်စုံစမ်းရန် (MAJA)
ဖုန်း - 09 428 613 848 (တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)
လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
=========================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။