အလယ်တန်းမှ တက္ကသိုလ်အဆင့် မသန်းစွမ်းကျောင်းသားများအတွက် ပေးအပ်မည့် ပညာသင်ဆု

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူများ၏ ပညာရေးကို အားပေးမြှင့်တင်လိုသည့်အတွက် မသန်စွမ်းအဖွဲ့အစည်းများ၏ ပါဝင်အားဖြည့်ပေးမှုဖြင့် “5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

“Building Bridges by Breaking Barriers - 5B PWDs Scholarship Program” ဆိုတာ ပညာသင်ကြားရန် အမှန်တကယ် ငွေကြေးထောက်ပံ့မှုလိုအပ်သည့် Grade 8 မှ Grade 12 အတန်းပညာ (သို့မဟုတ်) တက္ကသိုလ်ပညာသင်ကြားနေသော မည်သည့် မြန်မာနိုင်ငံသား မသန်စွမ်းသူမဆို လျှောက်ထားနိုင်သည့် ပညာသင်ဆု ဖြစ်သည်။

ပညာသင်ဆုကြေးအနေဖြင့် Grade 8 မှ Grade 12 ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်လကို (၁) သိန်း (၈) သောင်းကျပ်ဖြင့် (၉) လ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

တက္ကသိုလ်နေ့သင်တန်းတွင် ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်လကို (၂) သိန်းကျပ်ဖြင့် လစဉ် ထောက်ပံ့မှု ပေးအပ်ခြင်း အစီအစဉ် ရှိပါသည်။

တက္ကသိုလ်အဝေးသင် တက်ရောက်နေသော မသန်စွမ်းကျောင်းသား/သူများအတွက် တစ်ဦးလျှင် (၆) သိန်းကျပ်ကို နှစ်ကြိမ်ခွဲ၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုအား လျှောက်ထားလိုပါက ပညာသင်ဆုလျှောက်လွှာ၊ ဝန်ခံကတိပြုချက်၊ ကျောင်းထောက်ခံစာ၊ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ (၁.၂ လက်မ x ၁.၅ လက်မ)၊ မသန်စွမ်းမှုအားမြင်သာစေသည့် တစ်ကိုယ်လုံးပုံ (၄ လက်မ x ၆ လက်မ)၊ မမြင်သာသော မသန်စွမ်းမှုဖြစ်ပါက ဆေးထောက်ခံချက် (သို့) ဆေးကုသမှု ခံယူထားကြောင်း အထောက်အထား (သို့မဟုတ်) ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ မသန်စွမ်းသူဖြစ်ကြောင်း ထောက်ခံချက် တစ်ခုခု ပါဝင်ရပါမည်။

ပညာသင်ဆုသည် လူဦးရေကန့်သတ်ချက်ရှိပါသဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ ဇူလိုင်လ (၃) ရက်နေ့ထိ အချိန်မီ လျှောက်ထားကြရန် လိုအပ်ပါသည်။

မေးမြန်းစုံစမ်းရန်နှင့် ပညာသင်ဆုလျှောက်လွှာဖောင်များကို အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်၍ ရယူနိုင်ပါသည်။

၁။ ဦးအောင်သန်းလွင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် - ၀၉ ၄၀၁၅၉၁၆၅၁

၂။ ဦးအောင်သူ၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) - ၀၉ ၈၉၂၉၁၁၁၄၁

၃။ ဒေါ်မေမွန်ဖိုး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) – ၀၉၈၈၂၃၄၅၂၃၅ 

၄။ ဦးစိုင်းမြတ်မိုး၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း - ၀၉ ၂၅၀၆၃၈၄၅၇

၅။ မြန်မာနိုင်ငံမျက်မမြင်များအသင်း - ၀၉ ၂၆၂၂၄၇၀၇၈

၆။ ဒေါ်မိုးမြင့်နိုင်၊ ရွှေအင်အားတောင်ဒဂုံမသန်စွမ်းသူများအသင်း - ၀၉ ၇၉၆၉၄၅၃၆၂

================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local Local News Read 97 times