Sales Hotline : 09448001653       Download App
HTMi Singapore သို့သွားရောက်လေ့လာမည့် တစ်ပတ်တာခရီးစဉ်အတွက် လျှောက်ထားနိုင်
HTMi Singapore သို့သွားရောက်လေ့လာမည့် တစ်ပတ်တာခရီးစဉ်အတွက် လျှောက်ထားနိုင်
Computer Applications (480) Computer Applications နှင့်ပတ်သက်ပြီး သင်တန်း (480) ခုရှာရန်နှိပ်ပါ။
**Unicode**
Hotel နဲ့ Tourism ပညာရပ်ကို ဝင်ငွေလစာရ အလုပ်သင်ပါပူးတွဲလုပ်ကိုင်နိုင်မယ့် အခွင့်အရေးတွေရရှိနိုင်မယ့် Hotel and Tourism Management Institute (HTMi) Singapore မှာ သွားရောက်လေ့လာမယ့် တစ်ပတ်တာခရီးစဉ်ကို Study Abroad Information Centre မှတစ်ဆင့် လျှောက်ထားနိုင်မယ်လို့သိရပါတယ်။
Be a hotelier in one week programme မှာ ဟိုတယ်နှင့် ခရီးသွားပညာရပ်ကို စိတ်ဝင်စားပြီး ဟိုတယ်နှင့် ခရီးသွားပညာရပ်နှင့် အသက်မွေးဝမ်းကျောင်းပြုလိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ (၁၅) ရက်မှ (၂၁) ရက်အထိကြာမြင့်မှာဖြစ်ပါတယ်။
ကုန်ကျစရိတ်အနေနဲ့ နေစရိတ်နဲ့ စားစရိတ်အပြီးအစီး (SGD 1695) ကျသင့်မှာဖြစ်ပါတယ်။ အဆိုပါ (၅) ရက်ကြာ Programme မှာ နိုင်ငံတော်တော်များများရှိ စီးပွားရေးအတွက်များစွာ အကျိုးပြုတဲ့ ဟိုတယ်နှင့်ခရီးသွား ပညာရပ်အတွက် အရေးကြီးတဲ့အခန်းကဏ္ဍများကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်နှင့် မန္တလေးရှိ ကွန်ပျူတာတက္ကသိုလ်များမှ ကွန်ပျူတာပါရဂူဘွဲ့ သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ
ခရီးသွားပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စတင်နေသူတွေအတွက် HTMi (Singapore) မှာလိုအပ်တဲ့ အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကို သိရှိစေရန်အလို့ငှာ လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့ပုံစံအတိုင်း အစားအသောက်ခင်းကျင်းပုံများ၊ အဝတ်အစားများသပ်သပ်ရပ်ရပ်ဝတ်စားပုံ၊ အခန်းများသန့်ရှင်းသပ်ရပ်မှုရှိအောင်ပြုလုပ်ပုံတွေကို လေ့လာနိုင်မယ့်အပြင် Singapore နိုင်ငံရှိ နာမည်ကြီးရေပန်းစားတဲ့ နေရာတွေကိုပါသွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။
Read More:>>>ရန်ကုန်နှင့် မန္တလေးရှိ ကွန်ပျူတာတက္ကသိုလ်များမှ ကွန်ပျူတာပါရဂူဘွဲ့ သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ
သွားရောက်လိုတဲ့ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ နိုဝင်ဘာ (၂၅) ရက်နောက်ဆုံးထားပြီး ဖုန်း - ၀၉၅၁၅၁၀၀၈၊ ၀၉၇၃၂၄၂၄၀၄ နှင့် ၀၉၄၂၀၀၉၉၉၉၇ ကိုလျှောက်ထားရမှာဖြစ်ပါတယ်။
Source: Internet Journal
International Read 927 times