အမေရိကန်ကို စရိတ်ငြိမ်းသွားပြီး သုတေသနပြုလုပ်နိုင်မယ့် ပညာသင်ဆု

အမေရိကန်-အာဆီယံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိတဲ့ ကဏ္ဍတွေ၊ အာဆီယံဒေသတွင်းက ဦးစားပေးကဏ္ဍတွေကို သုတေသနပြုလုပ်လိုတဲ့ မြန်မာနိုင်ငံက ပညာရှင်တွေအတွက် ရည်ရွယ်ပြီး Fulbright U.S.-ASEAN Visiting Scholar Program လျှောက်လွှာခေါ်ယူလျက်ရှိပါတယ်။ 

အမေရိကန်နိုင်ငံမှာ စရိတ်ငြိမ်း (၃) လကနေ (၄) လအထိ သုတေသနပြုလုပ်ရမှာဖြစ်ပြီး နေထိုင်စဉ်အတွင်း ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ (Seminars)၊ ပညာရပ်ဆိုင်ရာ/လုပ်ငန်းဆိုင်ရာ ညီလာခံတွေမှာ ပါဝင်ခြင်းဖြင့် အာဆီယံနိုင်ငံသားတစ်ယောက်ရဲ့ ရှုထောင့်ကို မျှဝေတင်ပြဖို့ အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ်။

သတ်မှတ်အရည်အချင်းများ

  • အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • မာစတာဘွဲ့ ရရှိပြီးသူဖြစ်ရမည်။
  • အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရမည်။
  • လျှောက်ထားသည့် သုတေသနနယ်ပယ်နှင့် ကိုက်ညီသော ဘွဲ့ဒီဂရီနှင့် လုပ်ငန်းအတွေ့အကြုံ သိသိသာသာ ရှိရမည်။
  • အမေရိကန်နိုင်ငံတွင် ပညာသင်ကြားဖူးခြင်း သို့မဟုတ် အလုပ်လုပ်ဖူးသည့် အတွေ့အကြုံ အနည်းငယ် (သို့) လုံး၀ မရှိရပါ။
  • လက်ရှိလုပ်ကိုင်နေသော အဖွဲ့အစည်း သို့မဟုတ် တာဝန်မှ ခွင့်ယူနိုင်ရမည်။

လျှောက်ထားနိုင်သူများ 

  • တက္ကသိုလ် ကထိက/ပါမောက္ခများ၊ 
  • ပုဂ္ဂလိကကဏ္ဍမှ ပညာရှင်ဝန်ထမ်းများ
  • သုတေသနဆိုင်ရာပညာရှင်များ
  • Think Tanks (မူဝါဒလေ့လာရေးနှင့် အကြံပေးအဖွဲ့များ)

လေ့လာနိုင်သည့် ဘာသာရပ်နယ်ပယ်များ

Fulbright Visiting Scholar Program မှာ အာဆီယံ ဒေသတွင်း အကျိုးပြုမယ့် ခေါင်းစဉ်တွေတင်မကဘဲ အမေရိကန်ပြည်ထောင်စုရဲ့ အာဆီယံ ဒေသဆိုင်ရာ မူဝါဒနဲ့ ရည်မှန်းချက်တွေကို အထောက်အကူပြုနိုင်မယ့် သုတေသနတွေကို ဦးစားပေး ခွင့်ပြုထားတာ ဖြစ်ပါတယ်။

  • Regional Economic and Financial Market Integration
  • Artificial Intelligence (AI)
  • Critical and Emerging Technology Policies
  • Maritime Cooperation
  • Legal Expertise in Maritime Law
  • Cybersecurity
  • Energy Security
  • Critical Minerals
  • Supply Chain Resilience
  • Countering Transnational Crime
  • Space Cooperation
  • Trade and Investment
  • Public Health
  • Other Related Topics

အကျိုးခံစားခွင့်များ

  • အသွားအပြန် လေယာဉ်စရိတ်
  • လစဉ်ကြေး
  • သုတေသနဆိုင်ရာကုန်ကျစရိတ်

သတိပြုရမည့်အချက်များ

- လျှောက်ထားသူများသည် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် လိုအပ်သော ဗီဇာနှင့် ခရီးသွားလာခွင့်ဆိုင်ရာ သတ်မှတ်ချက်များကို ပြည့်မီရပါမည်။

- ပညာသင်ဆုရရှိသူများ၏ မှီခိုသူ မိသားစုဝင်များ အမေရိကန်နိုင်ငံသို့ လိုက်ပါခွင့် မပြုပါ။

တင်သွင်းရမည့် လျှောက်လွှာနှင့် အထောက်အထားများ

  • လျှောက်လွှာဖောင် 
  • သုတေသန စီမံကိန်းအကျဉ်းချုပ် (အနည်းဆုံး စာမျက်နှာ ၃ မျက်နှာမှ အများဆုံး ၅ မျက်နှာအထိ)
  • ကျမ်းကိုးစာရင်း (Bibliography)
  • ကိုယ်ရေးအကျဉ်း (အများဆုံး စာမျက်နှာ ၆ မျက်နှာ)
  • အမေရိကန်မှ လက်ခံမည့် တက္ကသိုလ်/အဖွဲ့အစည်းထံမှ လက်ခံစာ (လျှောက်ထားချိန်တွင် ရှိရင် ပိုကောင်းသော်လည်း မရှိမဖြစ် မလိုသေးပါ၊ သို့သော် နောက်ဆုံးရွေးချယ်ချိန်နှင့် မထွက်ခွာမီ မဖြစ်မနေ တင်ပြရမည်)
  • ထောက်ခံစာ အနည်းဆုံး (၂) စောင်

လျှောက်လွှာ > https://apply.iie.org/apply/?sr=ce172ee1-17d0-4569-923a-27bdcc1264e3

လျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

အပြည့်အစုံဖတ်ရန်

> https://mm.usembassy.gov

=====================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို
Telegram မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

International Latest Post Read 14 times