အထက်တန်းအောင်နှင့် ဘွဲ့ရများအတွက် မြန်မာ့ဩဘာကပေးအပ်တဲ့ ပညာသင်ဆု

အီတလီသံရုံးနဲ့ မြန်မာ့ဩဘာတို့က ပူးပေါင်းပြီး မြန်မာကျောင်းသား/သူ (၄) ဦးကို အီတလီနိုင်ငံက တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ကြားဖို့ ပညာသင်စရိတ်ထောက်ပံ့ပေးသွားမယ့် အစီအစဉ်ကို ကြေညာထားပါတယ်။

ပညာသင်ဆုရရှိသူတွေဟာ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်၊ ရေရှည်တည်တံ့ခိုင်မြဲမှု သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သက်ဆိုင်တဲ့ ဘာသာရပ်များ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အစားအစာဆိုင်ရာ သိပ္ပံဘာသာရပ် နယ်ပယ်တွေမှာ ဘွဲ့ကြို (သို့မဟုတ်) မဟာဘွဲ့ သင်တန်းတွေကို အီတလီနိုင်ငံမှာ တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားရင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ထက် နောက်မကျဘဲ အီတလီသံရုံး အီးမေးလ်မှတဆင့် လျှောက်လွှာတင်သွင်းရမှာ ဖြစ်ပါတယ်။ 

လျှောက်မယ့် ကျောင်းနဲ့ ပရိုဂရမ်ကို ရွေးချယ်ရန်

> https://www.universitaly.it/

အရည်အချင်းသတ်မှတ်ချက်များ

  • မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။
  • ဘွဲ့ကြိုအတွက် (၁၂) တန်းပညာရေး ပြီးဆုံးအောင်မြင်ထားသူဖြစ်ရပါမယ်။
  • မဟာဘွဲ့အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရပါမယ်။
  • ဘွဲ့ကြိုအတွက် အသက် (၂၅) နှစ်ထက်ကြီးသူ မဖြစ်ရပါ။
  • မဟာဘွဲ့အတွက် အသက် (၃၅) နှစ်ထက် ကြီးသူ မဖြစ်ရပါ။
  • အီလီဘာသာစကားနဲ့ သင်ကြားမယ့် ပရိုဂရမ်ကို တက်ရောက်လိုတယ်ဆိုရင် အီတလီဘာသာစကား (B2) Level ရှိရပါမယ်။
  • အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားမယ့် ပရိုဂရမ်ကို တက်ရောက်လိုတယ်ဆိုရင် အင်္ဂလိပ်ဘာသာစကား (B2) Level ရှိရပါမယ်။ 

လျှောက်ထားရမယ့်ပုံစံ 

လျှောက်လွှာပုံစံနှင့်တကွ အောက်ဖော်ပြပါ စာရွက်စာတမ်းတွေကို အီတလီသံရုံးအီးမေးလ် ( [email protected]) ကို ဇွန်လ (၆) ရက်နေ့ နောက်ဆုံးထား ပေးပို့ရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • လျှောက်လွှာဖောင် (https://ambyangon.esteri.it/en/news)
  • နိုင်ငံသားမှတ်ပုံတင် (သို့) ပတ်စ်ပို့
  • (၁၂) တန်းအောင်လက်မှတ် (သို့) ဘွဲ့လက်မှတ်
  • အမှတ်စာရင်းများ
  • အီတလီတက္ကသိုလ်တစ်ခုခုမှာ ကျောင်းလျှောက်ထားကြောင်း ထောက်ခံစာ
  • ကိုယ်ရေးအကျဉ်း
  • Motivation Letter

ပညာသင်ဆုရွေးချယ်ခံရရင် စုစုပေါင်း ယူရို (၉,၀၀၀) ကို တစ်ကြိမ် ယူရို (၃,၀၀၀) စီဖြင့် သုံးကြိမ်ခွဲပြီး ရရှိမှာ ဖြစ်ပါတယ်။ 

အရင်နှစ်တုန်းက ဒီပညာသင်ဆုကို ရရှိထားသူတွေက ဒီနှစ်အတွက် ပညာသင်ဆုထပ်လိုချင်ရင် Renewal ထပ်လျှောက်ဖို့ လိုပါတယ်။ မိမိတက်ရောက်နေဆဲ တက္ကသိုလ်က အမှတ်စာရင်းတွေကို ([email protected]) ကို ပေးပို့ပြီး လျှောက်ထားနိုင်ပါတယ်။

===============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Local Read 541 times