အထက်တန်းပြီးဆုံးပြီး စီးပွားရေးဆိုင်ရာ အထူးပြုဘာသာရပ်တွေကို Bangkok University မှာ တက်ရောက်ချင်သူတွေအတွက် Super BBA Talent Scholarship ကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။
တက်ရောက်ရမယ့်တက္ကသိုလ်
Bangkok University
လျှောက်ထားနိုင်တဲ့ ပရိုဂရမ်
Bachelor of Business Administration Program (International Program)
ပညာသင်ဆု ခံစားခွင့်များ
- ကျောင်းလခနှင့် Semester ကြေးကင်းလွတ်ခွင့်
- တစ်လကို ဘတ် (၁၂,၀၀၀) လစဉ်စရိတ် ပေးအပ်ခြင်း
- အဆောင်တွင် (၁) နှစ်စာ အခမဲ့ နေထိုင်ခွင့်
သတ်မှတ်အရည်အချင်းများ
- (၁၂) တန်းပညာရေးပြီးမြောက်အောင်မြင်ထားသူဖြစ်ရမည်။ (GED ပြီးထားသူများလည်း လျှောက်ထားနိုင်သည်။)
- ယခင်က တက္ကသိုလ်တစ်ခုခုတွင် ကျောင်းတက်ဖူးသူ မဖြစ်ရပါ။ (နိုင်ငံတကာ ကျောင်းသားဖလှယ်ရေး အစီအစဉ်ဖြင့် ခဏတာ တက်ရောက်ဖူးသူများ ကင်းလွတ်ခွင့်ရှိသည်။)
- အထက်တန်းနောက်ဆုံး (၃) နှစ်၏ GPA အနည်းဆုံး 3.00 ရှိရမည်။
- အခြားသော ထူးချွန်ဆုများ၊ ပြိုင်ပွဲဝင် အောင်မြင်မှုများ ရှိရမည်။
- ကမ္ဘာ့စီးပွားရေးအတွက် တီထွင်ဖန်တီးနိုင်စွမ်း၊ ခေါင်းဆောင်မှုနှင့် အလားအလာကို ပြသနိုင်သည့် Portfolio တစ်ခု တင်ပြရမည်။ (PDF သို့မဟုတ် Video သို့မဟုတ် ပရောဂျက်စာရွက်စာတမ်းများ)
- ၅ မိနစ်ထက် မပိုသော မိတ်ဆက် ဗီဒီယို
- TOEFL၊ IELTS သို့မဟုတ် ၎င်းတို့နှင့် ညီမျှသော အင်္ဂလိပ်စာမေးပွဲ အမှတ်များရှိလျှင် ပိုမို ဦးစားပေး စဉ်းစားခံရမည် (မရှိမဖြစ် မလိုပါ။)
လိုအပ်တဲ့ စာရွက်စာတမ်းများ
- အထက်တန်း အမှတ်စာရင်း သို့မဟုတ် GED အမှတ်စာရင်း/လက်မှတ်
- ထောက်ခံစာ (Recommendation Letter) ၁ စောင်
- နိုင်ငံတကာအဆင့် အသိအမှတ်ပြုဆု သို့မဟုတ် ပညာရေးဆိုင်ရာ ထူးချွန်ဆု အထောက်အထားများ
- Portfolio
Portfolio တွင် ထည့်သွင်းရမယ့် အချက်များ
- ကိုယ်ရေးအကျဉ်း (Personal Background)
- နိုင်ငံတကာအဆင့် ဆုများ သို့မဟုတ် ပညာရေးဆိုင်ရာ အောင်မြင်မှုများ အကြောင်း
- BBA မေဂျာနှင့် သက်ဆိုင်သော နိုင်ငံတကာ လှုပ်ရှားမှု/ပွဲများတွင် ပါဝင်ခဲ့သည့် အတွေ့အကြုံများ
- BU ၏ BBA ပရိုဂရမ်ကို တက်ရောက်လိုသည့် အကြောင်းအရင်း
လျှောက်ထားရမည့်ကာလ
လျှောက်လွှာလက်ခံသည့် ကာလ: ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက် - ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်
လူတွေ့စစ်ဆေးရန် စာရင်းထွက်မည့်ရက်: ၂၀၂၇ ခုနှစ် မတ်လ ၅ ရက်
လူတွေ့မေးမြန်းမည့် ကာလ (Interview): ၂၀၂၇ ခုနှစ် မတ်လ ၈ ရက် - မတ်လ ၁၂ ရက်
အင်တာဗျူး အဖြေထွက်မည့်ရက်: ၂၀၂၇ ခုနှစ် မတ်လ ၁၇ ရက်
ကျောင်းအပ်နှံရမည့်ရက် (Registration): ၂၀၂၇ ခုနှစ် မတ်လ ၂၃ ရက်
လျှောက်ထားရန် > https://www.bu.ac.th/en/scholarship/113
=========================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။