မြန်မာလူငယ်တွေအနေနဲ့ ဂျာမနီမှာ ပညာသင်ဆုနဲ့ ဘွဲ့လွန်မဟာတန်း တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် DAAD- EPOS ပညာသင်ဆုကို လျှောက်ထားလို့ရပါတယ်။
DAAD- EPOS ပညာသင်ဆုဆိုတာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်အတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိတဲ့ ဘွဲ့ရတွေ လျှောက်ထားနိုင်ပြီး ဂျာမနီနိုင်ငံရှိ အစိုးရတက္ကသိုလ်တွေ (သို့) အစိုးရအသိအမှတ်ပြု တက္ကသိုလ်တွေမှာ ဘွဲ့လွန်မဟာတန်းများ တက်ရောက်နိုင်မယ့် ပညာသင်ဆု ဖြစ်ပါတယ်။
လျှောက်ထားနိုင်မယ့် ပညာနယ်ပယ်များ
ဘာသာရပ်များနှင့် လျှောက်လွှာပိတ်ရက်များ
> https://static.daad.de/media
ပညာသင်ဆုကာလ
မိမိရွေးချယ်သည့် ကျောင်းနှင့် ဘာသာရပ်များအပေါ် မူတည်ပြီး ပညာသင်ယူရမယ့် ကာလမှာ (၁၂) လမှ (၄၂) လအထိ ကြာမြင့်နိုင်ပါတယ်။
ပညာသင်ထောက်ပံ့ကြေး
ပညာသင်စရိတ်ကိုလည်း တစ်လကို Graduate တွေအတွက် 934 ယူရို ရရှိမှာဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ပညာသင်စရိတ်အပြင် ကျန်းမာရေးနဲ့ မတော်တဆမှုတွေအတွက် အာမခံလည်း ရရှိဦးမှာဖြစ်ပြီး ခရီးစရိတ်တွေ၊ လစဉ် ငှားရမ်းခတွေနဲ့ မိသာစုဝင်တွေအတွက် လစဉ်ထောက်ပံ့ကြေးကိုပါ ပေးသွားမှာဖြစ်ပါတယ်။
ဝင်ခွင့်သတ်မှတ်ချက်များ
- မိမိရွေးချယ်လိုတဲ့ ပရိုဂရမ်အလိုက် သက်ဆိုင်ရာ ပညာရေးလိုအပ်ချက်တွေကို ပြည့်မီရပါမယ်။
- ဘွဲ့ရပြီးတာ (၆) နှစ်ထက် မကျော်သူဖြစ်ရပါမယ်။
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရပါမယ်။
- German B1 (သို့) ပရိုဂရမ်အလိုက် English ဘာသာစကားစွမ်းရည် သတ်မှတ်ချက်ကို ပြည့်မီရပါမယ်။
လိုအပ်တဲ့စာရွက်စာတမ်းများ
- လက်မှတ်ထိုးထားတဲ့ Checklist ဖောင်
- EPOS လျှောက်လွှာဖောင်
- CV
- Letter of Motivation
- Letter of recommendation
- Certificate of Employment
- ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား (ဂျာမန် (သို့) အင်္ဂလိပ်)
- တက္ကသိုလ်ဘွဲ့လက်မှတ်များ
- တက္ကသိုလ် ရမှတ်စာရင်း
လျှောက်ထားရမယ့်ပုံစံ
မိမိ ရွေးချယ်ထားတဲ့ တက္ကသိုလ်ကိုပဲ ဝင်ခွင့် တိုက်ရိုက် လျှောက်ထားရမှာဖြစ်ပြီး နောက်ဆုံးရက်သတ်မှတ်ချက်ကလည်း လျှောက်ထားမယ့် ပရိုဂရမ်အပေါ်မှာပဲ မူတည်ပါတယ်။ တက္ကသိုလ်ဘက်က ရွေးချယ်ခံရတဲ့ လျှောက်ထားသူတွေကို DAAD ဘက်က ပြန်လည် ဆက်သွယ်ပေးမှာ ဖြစ်ပြီး လျှောက်လွှာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို DAAD Portal မှာ တင်ပေးရမှာ ဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။