Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ ယောပညာသင်ထောက်ပံ့ကြေး

ဆယ်တန်းအောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ ယောပညာသင်ထောက်ပံ့ကြေး

ယောပညာသင်ထောက်ပံ့ရေးအဖွဲ့မှ ယောပညာသင်ထောက်ပံ့ကြေး လျှောက်လွှာ ခေါ်ယူနေပါတယ်။

ယောဒေသတွေဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်တွေနဲ့ ပုလဲမြို့နယ်၊ ပိတောက်ကုန်းရွာအထက်မှ ဂန့်ဂေါနယ်စပ် တောင်ပေါ်ဒေသအထိ ဒေသများမှ ၂၀၁၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ ဖြစ်ရမှာဖြစ်ပါတယ်။

ဆေးတက္ကသိုလ်နှင့်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်နှင့် နည်းပညာကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များ၊သူနာပြုတက္ကသိုလ်နှင့် သူနာပြုသင်တန်းများ၊ ရေကြောင်းပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ ၀ိဇ္ဇာတက္ကသိုလ်များမှ ဘာသာရပ်ထူးချွန် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာကို မိမိလက်ရေးနဲ့ ဖြည့်စွက်ပြီး ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားကာ အမှတ် ၁၁၇/ခ၊ ၇၇လမ်း၊ ၂၈-၂၉လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ သို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ယောပညာသင်ထောက်ပံ့ရေးအဖွဲ့ Memory Hotel အမှတ် ၁၁၇/ခ၊ ၇၇လမ်း၊ ၂၈-၂၉လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၆၆၃၅၇၊ ၀၂-၄၀၃၀၇၉၈၊ ၀၉-၇၆၈၁၅၅၅၄၅ မှာရယူနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

Local Read 2356 times