ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ညနေပိုင်းသင်တန်းများ လျှောက်လွှာခေါ်ယူ

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ညနေပိုင်းသင်တန်းများ လျှောက်လွှာခေါ်ယူ

Basic level 2 သင်တန်းနှင့်အထက် သင်တန်းသားများသည် တက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထား ရ မည် ဖြစ်ပါသည်။

ထိုလျှောက်လွှာများကို www.yufl.edu.mm သို့ဝင်ရောက် လျှောက်ထားနိုင်ပါသည်။

အင်္ဂလိပ်စာသင်တန်းကို ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂ ရက်မှ မတ်လ ၂၄ ရက်အထိ ၃ လ ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်ဘာသာရပ်များမှာ ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ ဖြစ်ပါသည်။

သင်တန်းများကို တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ညနေ ၅ နာရီ ၂၀ မိနစ် မှ ၇ နာရီထိ သင်ကြားပေးမည် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၂၆ ရက် နှင့် ၂၇ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီထိ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် သင်တန်းကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည်။

လိုအပ်ချက်များ

- လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည် ဖြစ်ပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း နှင့် မိတ္တူ သို့မဟုတ် အမှတ်စာရင်း မူရင်းနှင့် မိတ္တူ သို့မဟုတ် ဘွဲ့လက်မှတ်မူရင်း နှင့် ဓာတ်ပုံ သုံးပုံတို့ကို ပူးတွဲ တင်ပြရမည် ဖြစ်သည်။

- အွန်လိုင်းမှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားပြီး ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ဆာဗာသို့ အရင်ရောက်ရှိသော လျှောက်လွှာများကို ဦးစားပေး အစီအစဉ်အတိုင်း လက်ခံပေးမည် ဖြစ်သည်။

တက်ရောက်ရမည့်သူစာရင်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ပေးမည် ဖြစ်သည်။

Contact Detail

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

၀၁-၅၁၅၂၃၆, ၀၁-၅၃၅၉၈၅

Ref: internet journal

News Read 7547 times