ရုရှားကျောင်းများတွင် ကမ္ဘာ့ပထမဆုံး ဒရုန်းသင်ခန်းစာဖတ်စာအုပ် ထုတ်ဝေ

ရုရှားနိုင်ငံသည် ၎င်း၏နိုင်ငံတော်ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဒရုန်းလုပ်ဆောင်ချက်များကို တရားဝင်ပေါင်းစပ်သင်ကြားသွားမည်ဖြစ်ပြီး ပထမဆုံးနိုင်ငံတော်မှ ခွင့်ပြုထားသော ဒရုန်းသင်ခန်းစာများ ပါဝင်သည့် ကျောင်းသုံးဖတ်စာအုပ်ကို (၈) တန်းနှင့် (၉) တန်း ကျောင်းသားများကို စတင် မိတ်ဆက်ခဲ့သည်။

ဒရုန်းထုတ်လုပ်သူ Geoscan နှင့် ဖတ်စာအုပ်ထုတ်ဝေသူ Prosveshcheniye မှ ပူးပေါင်းလုပ်ဆောင်ထားသည့် သင်တန်းတွင် မတူညီသော ဒရုန်းအမျိုးအစားများအား ခွဲခြားခြင်း၊ ၎င်းတို့ကို တည်ဆောက်ပုံ၊ ၎င်းတို့၏ အီလက်ထရွန်းနစ်ပစ္စည်းများ အလုပ်လုပ်ပုံ၊ ၎င်းတို့ကို ပျံသန်းပုံနှင့် ၎င်းတို့ကိုယ်တိုင် ပျံသန်းရန် အစီအစဉ်ဆွဲနည်းတို့ကိုပင် လေ့လာသင်ယူကြရမည်ဖြစ်သည်။ 

အဆိုပါသင်တန်းတွင် ဒရုန်းနှင့်ပတ်သက်ပြီး အနာဂတ်အလုပ်အကိုင်များအကြောင်းကိုလည်း ပြောသွားမည်ဖြစ်ကာ နည်းပညာဘာသာရပ်ထဲက "စက်ရုပ်" ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် စာသင်နှစ်တစ်နှစ်တွင် (၃၄) နာရီ သင်ကြားရပါမည်။

ဤပညာရေးအစီအစဉ်သစ်သည် အထူးသဖြင့် ယူကရိန်းစစ်ပွဲတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာခြင်းကြောင့် ရုရှားသမ္မတ ပူတင်းသည် (၂၀၃၀) ခုနှစ်တွင် ဒရုန်းအသုံးပြုနိုင်သူ (၁) သန်းကို လေ့ကျင့်ပေးလိုသည့် မဟာဗျူဟာရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။  

သို့သော်လည်း အဆိုပါ အစီအစဉ်သည် သမ္မတပူတင်၏ မိသားစုနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုအောက်ရှိ ကုမ္ပဏီအချို့နှင့် ချိတ်ဆက်မှုရှိနေပြီး ဒရုန်းများကို စစ်ပွဲအတွက် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူအချို့က စိုးရိမ်နေကြသည်။

Source - Fossbytes

 

International News Read 21 times