Sales Hotline : 09448001653       Download App



Global MBA Offshore Program အတွက် လျှောက်လွှာခေါ်ယူခြင်း

Global MBA Offshore Program အတွက် လျှောက်လွှာခေါ်ယူခြင်း

စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း Global MBA Offshore Program အတွက်လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ပါသည်။

 

သင်တန်းကိုပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နှင့်ပူးပေါင်း၍ ဇူလှိုင်လမှာ စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

 

သင်တန်းကို နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခများ၊ အမေရိကန် တက္ကသိုလ်များမှ ပါရဂူဘွဲ့ရထိုင်း ပါမောက္ခများ ပူးပေါင်းသင်ကြားပို့ချတဲ့ မဟာဘွဲ့သင်တန်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စီးပွားရေးစီမံ ခန့်ခွဲမှုမဟာဘွဲ့ကို ပြည်တွင်းမှာ တက်ရောက်နိုင်မည့် အခွင့်အရေးဖြစ်ပါသည်။

 

Admission, Application form, Recommendation ပုံစံများကို http:/bit.ly/2WXa6HG တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

 

Read More: ဒဂုံတက္ကသိုလ်တွင် ပထဝီဝင်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်း

 

တက်ရောက်လိုသူတွေ အနေဖြင့် ဇွန် (၂၀) ရက် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ပါသည်။

 

အသေးစိတ်ကို UMFCCI Training Institute ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄~ ၄၉ထိ (လိုင်းခွဲ ၁၃၃၊ ၁၃၄) နှင့် ၀၁-၂၃၀၂၄၈၅ ကို ဇွန် (၂၀) ရက် နောက်ဆုံးထားဆက်သွယ်စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပါသည်။

 

Source: Internet Journal

 

News Read 947 times