Sales Hotline : 09448001653       Download App



အမေရိကန် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

အမေရိကန် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

အေမရိကန္ႏုိင္ငံသုိ႔ သြားေရာက္သင္ၾကားရမည့္ Fullbright U.S-ASEAN Visiting Scholar Program ကို အေျခခံပညာမွ ဆရာ၊ ဆရာမမ်ား ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

 

အေမရိကန္ျပည္ေထာင္စုတြင္ ၂၀၂၀ ျပည့္ႏွစ္ ေႏြဦးပုိင္းတြင္ သံုးလမွ ေလးလအၾကာ ဖြင့္လွစ္မည့္ Fullbright U.S-ASEAN Visiting Scholar Program ကို အေျခခံပညာဦးစီးဌာနမွ ဆရာ၊ ဆရာမမ်ားလည္း ေလွ်ာက္ထားႏုိင္မည္ျဖစ္ၿပီး ေလွ်ာက္ထားလုိေသာ ဆရာ၊ ဆရာမမ်ားအေနျဖင့္ နုိဝင္ဘာ (၁၅) ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးရွိ ပညာေရးမွဴး႐ံုးမ်ားကုိ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

 

''ဒီအစီအစဥ္ကုိ ဆရာေတြ ေလွ်ာက္ထားႏုိင္ဖုိ႔ ဝန္ႀကီး႐ံုးက အေၾကာင္းၾကားလုိ႔ ျပန္အေၾကာင္းၾကားေပးတာ။ အစအဆံုး ဟိုဘက္ကပဲ က်ခံမွာ ေရြးတာကလည္း သူတို႔သတ္မွတ္ခ်က္နဲ႔ ကုိက္တဲ့သူကို သူတို႔ကုိယ္တုိင္ေရြးမွာ" ဟု အေျခခံပညာေရးဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားသည္။

 

ယင္းအစီအစဥ္သည္ နယ္ပယ္က႑ေပါင္းစုံမွ ဘာသာရပ္ဆုိင္ရာ ပညာရွင္မ်ား၊ သက္ေမြးဝမ္းေက်ာင္းဆိုင္ရာ ကၽြမ္းက်င္သူမ်ားအား အေမရိကန္ျပည္ေထာင္စုတြင္ သုေတသနျပဳလုပ္ႏုိင္ေစမည့္ အခြင့္အလမ္းတစ္ခုျဖစ္ၿပီး အေမရိကန္-အာဆီယံဆက္ဆံေရးအေပၚကို သက္ေရာက္မႈရွိေစေသာ အေရးႀကီးသည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္သည့္ အာဆီယံအျမင္႐ႈေထာင့္တစ္ခုကို မိမိတို႔ႏွင့္ ပညာရပ္နယ္ပယ္တူေသာ အေမရိကန္ပညာရွင္မ်ားႏွင့္ ကၽြမ္းက်င္သူမ်ားကုိ ပို႔ခ်ခ်က္မ်ား၊ ႏွီးေႏွာဖလွယ္ပြဲမ်ားႏွင့္ ေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ မွ်ေဝႏုိင္မည္ျဖစ္ေၾကာင္း အေမရိကန္သံ႐ံုး၏ ထုတ္ျပန္ခ်က္အရ သိရသည္။

 

International Universities & Colleges (69) ႏိုင္ငံတကာတကၠသုိလ္ႏွင့္ ေကာလိပ္မ်ား ႏွင့္ပတ္သက္ျပီး (69)ခု ရွာရန္ႏွိပ္ပါ။

 

Fullbright U.S-ASEAN Visiting Scholar Program ကို ပုိမိုသိရွိႏုိင္ရန္အတြက္ fhttp://mm.usembassy.gov/education/scholarship-program/Application တြင္ ဝင္ေရာက္ၾကည့္႐ႈနုိင္သလို ေလွ်ာက္ထားလုိသူမ်ားသည္ Rangoo [email protected] တြင္ ေလွ်ာက္လႊာပံုစံမ်ား ျဖည့္စြက္၍လည္းေကာင္း၊ အေမရိကန္သံ႐ံုး၊ ယဥ္ေက်းမႈဌာနစိတ္၊ ျပည္သူ႔ေရးရာဌာနခြဲသုိ႔လည္းေကာင္း ေပးပို႔ေလွ်ာက္ထားႏိုင္သည္။

 

Read More:>>> ငယ္ရြယ္တဲ့အခ်ိန္မွာ ပညာကိုဘာေၾကာင့္ အမွန္တကယ္သင္ယူသင့္သလဲ

 

ႏုိင္ငံျခားပညာသင္ဆုမ်ား ေလွ်ာက္ထားမည့္ ဆရာ၊ ဆရာမမ်ားအေနျဖင့္ လုပ္ထံုးလုပ္နည္း၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေလွ်ာက္ထားႏုိင္ေၾကာင္းကုိ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ေအာက္တုိဘာ (၁၈) ရက္က က်င္းပေသာ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ား၏ လုပ္ငန္းညွိႏႈိင္း အစည္းအေဝးတြင္ ေျပာၾကားထားသည္။


Source: Democracy

 

**Unicode**

 

အမေရိကန်နိုင်ငံသို့ သွားရောက်သင်ကြားရမည့် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာမှ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်ကြောင်း သိရသည်။


အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၀ ပြည့်နှစ် နွေဦးပိုင်းတွင် သုံးလမှ လေးလအကြာ ဖွင့်လှစ်မည့် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများလည်း လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသော ဆရာ၊ ဆရာမများအနေဖြင့် နိုဝင်ဘာ (၁၅) ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ပညာရေးမှူးရုံးများကို အကြောင်းကြားထားကြောင်း သိရသည်။


''ဒီအစီအစဉ်ကို ဆရာတွေ လျှောက်ထားနိုင်ဖို့ ဝန်ကြီးရုံးက အကြောင်းကြားလို့ ပြန်အကြောင်းကြားပေးတာ။ အစအဆုံး ဟိုဘက်ကပဲ ကျခံမှာ ရွေးတာကလည်း သူတို့သတ်မှတ်ချက်နဲ့ ကိုက်တဲ့သူကို သူတို့ကိုယ်တိုင်ရွေးမှာ" ဟု အခြေခံပညာရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။


ယင်းအစီအစဉ်သည် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများအား အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်နိုင်စေမည့် အခွင့်အလမ်းတစ်ခုဖြစ်ပြီး အမေရိကန်-အာဆီယံဆက်ဆံရေးအပေါ်ကို သက်ရောက်မှုရှိစေသော အရေးကြီးသည့် အကြောင်းအရာများနှင့် ပတ်သက်သည့် အာဆီယံအမြင်ရှုထောင့်တစ်ခုကို မိမိတို့နှင့် ပညာရပ်နယ်ပယ်တူသော အမေရိကန်ပညာရှင်များနှင့် ကျွမ်းကျင်သူများကို ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ဆွေးနွေးပွဲများမှတစ်ဆင့် မျှဝေနိုင်မည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။


International Universities & Colleges (69) နိုင်ငံတကာတက္ကသိုလ်နှင့် ကောလိပ်များ နှင့်ပတ်သက်ပြီး (69)ခု ရှာရန်နှိပ်ပါ။


Fullbright U.S-ASEAN Visiting Scholar Program ကို ပိုမိုသိရှိနိုင်ရန်အတွက် fhttp://mm.usembassy.gov/education/scholarship-program/Application တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို လျှောက်ထားလိုသူများသည် Rangoo [email protected] တွင် လျှောက်လွှာပုံစံများ ဖြည့်စွက်၍လည်းကောင်း၊ အမေရိကန်သံရုံး၊ ယဉ်ကျေးမှုဌာနစိတ်၊ ပြည်သူ့ရေးရာဌာနခွဲသို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်သည်။


Read More:>>> ငယ်ရွယ်တဲ့အချိန်မှာ ပညာကိုဘာကြောင့် အမှန်တကယ်သင်ယူသင့်သလဲ


နိုင်ငံခြားပညာသင်ဆုများ လျှောက်ထားမည့် ဆရာ၊ ဆရာမများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်ကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာ (၁၈) ရက်က ကျင်းပသော တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားထားသည်။


Source: Democracy

 

 

International Read 1117 times