ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် သင်တန်းအသီးသီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် သင်တန်းအသီးသီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၏ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် (ဥပဒေပညာ)၊ ပထမနှစ်မှ တတိယနှစ်အထိ ဂုဏ်ထူးတန်းများ၊ မဟာ အရည်အချင်း စစ် သင်တန်းများ၊ ပထမနှစ်၊ ဒုတိယနှစ်မဟာသင်တန်းများကို ဒီဇင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၂၃ ရက်မှ စတင်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ပြုလုပ်နိုင်သည်။

READ - ယခုပညာသင်နှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့် ကျောင်းသား၊ ကျောင်းသူ ၄၅၁ ဦး ရရှိ

ပထမနှစ် ဒီပလိုမာ၊ ဒုတိယနှစ် ဒီပလိုမာ၊ ဒုတိယနှစ် မဟာသင်တန်းများ၊ မဟာသုတေသန သင်တန်းများကို ဒီဇင်ဘာ ၁ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ပထမနှစ် (ထူးချွန်) သင်တန်းများကို ဒီဇင်ဘာ ၄ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်မှ စတင်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းအားလုံး၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို သတ်မှတ်အချိန်များအတွင်း ဆောင်ရွက်ရမည် ဖြစ်သည်။

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီစေရန်အတွက် ကျောင်းတက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိပါက စာမေးပွဲဝင်ရောက် ဖြေဆိုခွင့် ပေးမည်မဟုတ်ကြောင်း သိရသည်။

“ဒီနှစ်ဝင်ခွင့်ရတဲ့ကလေးတွေက ဒီကျောင်းတက်မယ်ဆိုရင် ဒီကျောင်းရဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို ပိုပြီး လေးစားလိုက်နာကာ သတ်မှတ်အချိန်တွေ အတွင်း ကျောင်းအပ်နှံပြီး ကျောင်းတက်ရမှာပါ။ ကျောင်းလည်းလာမအပ်ဘူး။ ကျောင်လည်း မတက်ဘူးဆိုရင် သင်တန်းဝင်ခွင့်ရတဲ့အထဲက နေ ပယ်ဖျက်မှာပါ” ဟုပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4421 times