ရန်ကုန်တက္ကသိုလ်တက်ရောက်မယ့်သူတွေ သတ်မှတ်အမှတ်ထက်ကျော်ရင် ပညာသင်ဆုပေးမယ်

ရန်ကုန်တက္ကသိုလ်တက်ရောက်မယ့်သူတွေ သတ်မှတ်အမှတ်ထက်ကျော်ရင် ပညာသင်ဆုပေးမယ်

“သတ်မှတ်ထားတဲ့ အမှတ်တွေထက် ကျော်တဲ့သူတွေကို ပေးမှာပါ၊  ဥပမာ – ရူပဗေဒအထူးပြုယူတဲ့ သူတွေမှာ အမှတ်ပေါင်းက ဘယ်လောက်ဆိုတာ ရှိတယ်၊ ကျောင်းသားဦးရေလဲ မကန့်သတ်ထားဘူး၊ သတ်မှတ်တဲ့ အမှတ်ဝင်ရင် လက်ခံမှာပါ”လို့  ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ  ဖိုးကောင်းက ပြောပါတယ်။

READ - စာသင်ဆောင်မလောက်င၍ ပထမနှစ် သင်တန်းသားများကို ရန်ကုန်တက္ကသိုလ် ပင်မတွင်တက်ခွင့်မပြုတော့

ရန်ကုန်တက္ကသိုလ်မှာ ဒီဇင်ဘာလ  ဖွင့်လှစ်မယ့် ဘွဲ့ကြိုပထမ နှစ် သင်တန်း တွေအတွက်တစ်ဘာသာကို ၁၀ဝ ဦးနဲ့  ဘာသာရပ် ၂၂ ခုအတွက်  ကျောင်းသူ ကျောင်းသား ၂၂၀ဝ ဦး လက်ခံမှာ ဖြစ်တယ်လို့  သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို အဆင့် မြင့် ပညာဦးစီးဌာနက ထုတ်ပေးမယ့် တက္က သိုလ်ဝင်ခွင့်လျှောက်လွှာနဲ့ လျှောက်ထား ရမှာဖြစ်ပြီး လျှောက်လွှာတွေကို အမှတ်အများဆုံးကနေ အနည်းဆုံးအထိ စိစစ်ကာ ၁၀ဝ ပြည့်တဲ့ အထိ ခေါ်ယူမယ်လို့ သိရပါ တယ်။

ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနု ဿဗေဒ၊ ရှေးဟောင်း သုတေသန၊ ဓာတု ဗေဒ၊  ရူပဗေဒ၊  သင်္ချာ၊သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊  ကုန်ထုတ်ဓာတုဗေဒ၊ နိုင်ငံ ရေးသိပံ၊ မြန်မာမှုပညာ၊ စာကြည့်တိုက်နဲ့  သုတပညာစတဲ့  ဘာသာရပ်ပေါင်း ၂၂ ခုကို  သင်ကြားပေးနေတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အထူးပြု ဘာသာရပ်အလိုက် တက်ရောက်ခွင့်ရရှိသူတွေထဲက သတ်မှတ်ထားတဲ့ အမှတ်ကျော်လွန်သူတွေကို သိပံ္ပထူးချွန်ဆုနဲ့ ဝိဇ္ဇာထူးချွန်ဆု တွေ ပေးအပ်မှာ ဖြစ်ပြီး ပညာသင်ထောက်ပံ့ ကြေး တစ်လကို ကျပ် ၁၀ဝ,ဝ၀ဝ ပေးအပ် မယ်လို့  သိရပါတယ်။

ဘာသာရပ်  ၂၂ ခုလုံးမှာ သတ်မှတ် အ မှတ်ထက် ကျော်လွန်သူတွေ အားလုံးကို ပေးအပ်မှာဖြစ်ပြီး ဘာသာရပ်အလိုက်သတ်မှတ်ထားတဲ့ အမှတ်တွေကိုတော့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှာ ရေးသား ဖော်ပြပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

Local Read 3544 times