Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အဖြစ် Environment and Water Studies ဘာသာရပ်အသစ်ဖွင့်မည်

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အဖြစ် Environment and Water Studies ဘာသာရပ်အသစ်ဖွင့်မည်

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လာမည့် ၂၀၁၉-၂၀ ပညာသင် နှစ်တွင် Environment and Water Studies ဘာသာရပ်အသစ်ကို ရန်ကုန်တက္ကသိုလ်၌ ဖွင့် မည်ဟု ပါမောက္ခချုပ်ဒေါက်တာ ဖိုးကောင်း က ပြောသည်။

အဆိုပါဘာသာရပ်ကို ဘွဲ့ ကြိုသင်တန်းနှင့် ဘွဲ့လွန်သုတေ သနသင်တန်းများ ဖွင့်လှစ်ပို့ချနိုင် ရန် Central European University, Manchester University, Kyoto University တို့နှင့် ပူး ပေါင်းကာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲနေပြီး ရန်ကုန်တက္ကသိုလ် သက်တမ်းနှစ် (၁၀၀)ပြည့်မြောက် မည့် ၂၀၂၀ ပြည့်နှစ်အမီ ဖွင့်လှစ် နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

‘‘အဓိကကတော့ ရေနဲ့ပတ် သက်ပြီး လေ့လာတဲ့ဘာသာရပ် ပေါ့။ ရေဆိုးရေညစ်တွေကို ရေ သန့်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့နည်းပညာတွေလည်း ပါ မယ်။ ဘာသာရပ်တော်တော်များ များ ပေါင်းစပ်သင်ရမယ့်ဘာသာ ရပ်ဖြစ်ပါတယ်။ လူမှုရေးသိပ္ပံ ဘာသာရပ်တွေလည်း ပါမယ်။ ရေနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ၊ ရေနဲ့ပတ်သက်တဲ့ အကြောင်းအ ရာတွေပါမယ်’’ ဟု ဒေါက်တာဖိုး ကောင်းက ပြောသည်။

၂၀၁၉-၂၀ ပညာသင်နှစ် ဒီဇင်ဘာကျောင်းဖွင့်ချိန်တွင် ထို ဘာသာရပ်အသစ်ကို စတင်သင် ကြားနိုင်ရန် လျာထားပြီး ဘွဲ့ကြို သင်တန်းအတွက် ယခုနှစ်တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သူ များအနက် ကျောင်းသား၊ ကျောင်း သူ ၅၀ မှ ၁၀၀ ကြား လက်ခံသင်ကြားမည်ဟု ၎င်းက ဆိုသည်။

READ - ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်း ထောက်ပံ့မည်

ထို့အပြင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာနှင့် ရေအရင်းအမြစ် ဆိုင်ရာသုတေသနသင်တန်းများ လည်း ပို့ချရန်လျာထားသည်ဟုဆိုသည်။

Environment and Water Studies ဘာသာရပ်အတွက် အသုံးပြုသင်ကြားမည့် ဓာတ်ခွဲခန်း တည်ဆောက်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းက ကျပ်သိန်း ၁၀၀ လှူ ဒါန်းထားပြီး ငွေကြေးအပြင် အဆောက်အအုံ၊ သင်ထောက်ကူ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ လှူဒါန်းနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံတွင် ချောင်း၊ မြစ်၊ ကန်၊ ပင်လယ်ကမ်းခြေများ ပေါများ၍ ယနေ့ခေတ်ရာသီဥတု အပြောင်းအလဲနှင့်အတူ လိုအပ် နေသည့် Water Studies ဘာသာ ရပ်ကို ရန်ကုန်တက္ကသိုလ်၌ ဖွင့် လှစ်စေလိုပြီး သုတေသနနယ် ပယ်တွင် အထူးနယ်ပယ်ကို Water Studies အဖြစ်ရယူထားပါက နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာနိုင်ငံ သို့ လာရောက်သုတေသနပြုနိုင် မည်ဖြစ်ကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  ၂၀၁၈ ဩဂုတ်က ပြုလုပ်သည့်ရန်ကုန် တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၁၄ ပညာသင်နှစ်က ဘွဲ့ ကြိုဘာသာရပ်သင်တန်း ၂၁ ခု ပြန်လည်ဖွင့်လှစ်ခဲ့သည်။ စာ ကြည့်တိုက်နှင့် သုတပညာ၊ ဇီဝ ဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ၊ ငါး လုပ်ငန်း ဆိုင်ရာ ဘာသာရပ် အသစ်ငါးခု တိုးချဲ့ဖွင့်လှစ်ရာ လက်ရှိတွင် ဘွဲ့ကြိုဘာသာရပ် သင်တန်း၂၆ ခု ဖွင့်လှစ်ထားသည်။

READ - ဘွဲ့ဒီဂရီများ၏ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆု ဆိုင်ရာ ဆွေးနွေးပွဲ

source: 7day

News Read 5855 times