Sales Hotline : 09448001653       Download App



ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်(အဝေးသင် သင်တန်း) ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်(အဝေးသင် သင်တန်း) ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

၁။ ၂၀၁၈ ခုနှစ်၊ ပညာသင်နှစ်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပခဲ့သော ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အဝေးသင် သင်တန်း) (ဘွဲ့) စာမေးပွဲကို အောင်မြင်ခဲ့ကြသည့်ပုဂ္ဂိုလ်များသည် ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ကြပါသည်။

 

၂။ လျှောက်လွှာပုံစံကို (.x) လက်မအရွယ် ဆေးသားကောင်းသည့် ဓာတ်ပုံအသစ် () ပုံ၊ (ဓာတ်ပုံတွင် လက်ပြတ်အင်္ကျီမဖြစ်စေရ) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတို့ကိုပူးတွဲ၍ (၂၁--၂၀၁၉) (ဗုဒ္ဓဟူးနေ့)မှ (၂၀--၂၀၁၉) ရက် (သောကြာနေ့) အထိ ရုံးချိန်အတွင်း လျှောက်ထားရပါမည်။

 

၃။ ဘွဲ့နှင်းသဘင်တက်ရောက်၍ ဘွဲ့ယူလိုသူ ပုဂ္ဂိုလ်များသည် ဘွဲ့နှင်းကြေး (၁၅၀၀)ကျပ်ကိုလည်းကောင်း၊ အဝေးရောက်ဘွဲ့ယူလိုသူပုဂ္ဂိုလ်များသည် အဝေးရောက်ဘွဲ့ကြေး(၁၀၀၀)ကျပ်ကိုလည်းကောင်း ပေးသွင်းရပါမည်။

 

၎။ ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံများကို မိမိတို့ဖြေဆိုအောင်မြင်ခဲ့သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အဝေးသင် သင်တန်း) တွင်အခမဲ့ ရယူနိုင်ပါသည်။

 

၅။ လျှောက်လွှာပုံစံကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်(အဝေးသင် သင်တန်း) သို့ ပေးသွင်းရန်ရှိသော ငွေကြေးများပေးဆောင်ပြီးဖြစ်ကြောင်း ထောက်ခံချက်ရယူ၍ သတ်မှတ်ဘွဲ့နှင်းကြေးများကို မိမိစာမေးပွဲအောင်မြင်ခဲ့သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အဝေးသင် သင်တန်း)တွင် ပေးသွင်းလျှောက်ထားရပါမည်။

 

၆။ နယ်မှလျှောက်ထားသူများသည် သတ်မှတ်ကြေးများကို သက်ဆိုင်ရာ ရန်ကုန်အနောက်တိုင်းတက္ကသိုလ်(အဝေးသင် သင်တန်း)သို့ စာတိုက်ငွေပို့လွှာ (Postal Money Order) ဖြင့် ပေးပို့နိုင်ပါသည်။ ငွေပို့လွှာအောက်ခြေတွင် ဘွဲ့နှင်းသဘင်ကြေးဟု ထင်ရှားစွာရေးသား၍ လျှောက်လွှာရှင်၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဖခင်အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာစသည့်တို့ကို တိကျစွာဖော်ပြရပါမည်။

 

၇။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စာတိုက်ငွေပို့လွှာဖြင့် လျှောက်ထားလာခြင်းကို လုံးဝခွင့်မပြုပါ။

 

၈။ လျှောက်လွှာပုံစံကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်သော်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အဝေးသင် သင်တန်း) တွင် ဘွဲ့ဆိုင်ရာကျသင့်ငွေ ပေးသွင်းခြင်း၊ မပြုလျှင်သော်လည်းကောင်း၊ အချိန်မီ လျှောက်ထားခြင်း မပြုသော်လည်းကောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အဝေးသင် သင်တန်း) ကဘွဲ့အပ်နှင်းမည်မဟုတ်ပါ။

 

Read More:>>>> အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ လျှောက်ထားနိုင်သော စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်း

 

၉။ ၂၀၁၈ ပညာသင်နှစ်မတိုင်မီက ဘွဲ့စာမေးပွဲအောင်မြင်သူများသည် အဝေးရောက်ဘွဲ့အတွက်သာလျှင် လျှောက်ထားနိုင်ပါသည်။

 

၁၀။ တက်ရောက်ဘွဲ့လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့် အချိန်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။

 

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်

(အဝေးသင် သင်တန်း)

 

Source: ကြေးမုံ

 

News Read 1437 times