၂။ (က) တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) (၆) နှစ်သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၂၀) မှတ်နှင့်အထက် ရရှိသူ အမျိုးသားဦးရေ (၅၀) နှင့် အမျိုးသမီးဦးရေ (၅၀) ဦး စုစုပေါင်း (၁၀၀) ဦး လက်ခံမည်။
(ခ) မွေးမြူရေးပညာဘွဲ့ (BASc) (၄) နှစ် သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၃၇၀) မှတ်နှင့်အထက် ရရှိသူ အမျိုးသားဦးရေ (၇၅) နှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်။
၃။ ၀င်ခွင့်လျှောက်ထားသူသည် -
(က) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
(ဂ) ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် အသက် ၁၈ နှစ်ထက် မကြီးစေရ။
(ဃ) ကျန်းမာရေးနှင့် ပြည့်စုံသူ ဖြစ်ရမည်။
၎။ ပထမနှစ်ဝင်ခွင့် လျှောက်လွှာသတ်မှတ်ပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်နှင့် (A4 Size) စာရွက်ဖြင့် ကွန်ပျူတာစာစီ၍ သတ်မှတ်ရက်အတွင်း တိုက်ရိုက်လျှောက်ထားရန် ဖြစ်ပါသည်။
READ - တက္ကသိုလ်ဝင်တန်း အမှတ် (၄၀၀) နှင့်အထက်ရရှိသူများ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် လျှောက်နိုင်
၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည် -
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)
(ခ) တက္ကသိုလ်ဝင် အမှတ်စာရင်း (မူရင်း)
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး/သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)
(ဃ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ်ဆရာဝန်၏ ထောက်ခံချက် (မူရင်း)
(င) လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)
(စ) လိုင်စင်ဓာတ်ပုံ (၃) ပုံ
၆။ လျှောက်လွှာကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားရေးရာဌာန (ရေဆင်း) သို့လိပ်မူ၍ ၃၁-၈-၂၀၁၈ ရက် (သောကြာနေ့)နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။
သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မမှန်မကန်ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေး တွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရမည်။
၇။ အကယ်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ၀င်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့်ဆုံးရှုံးမှု မဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ် ၀င်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။
၈။ အသေးစိတ်သိရှိလိုပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း ၀၆၇-၃၄၁၆၆၅၉၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဖုန်း ၀၆၇-၃၄၁၆၅၂၆ တို့ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ website ဖြစ်သော www.uvsyezin.edu.mm တွင် ကြည့်ရှုရယူနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: university of veterinary science