ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်တန်းဝင်ခွင့် သိပ္ပံ/၀ိပ္ပံဘာသာတွဲ ရမှတ် ၃၅၀နှင့်အထက်၊ ၀ိဇ္ဇာဘာသာတွဲ ရမှတ် ၃၀၀နှင့်အထက် ရရှိသူများသာ ရွေးချယ်မည်

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်တန်းဝင်ခွင့် သိပ္ပံ/၀ိပ္ပံဘာသာတွဲ ရမှတ် ၃၅၀နှင့်အထက်၊ ၀ိဇ္ဇာဘာသာတွဲ ရမှတ် ၃၀၀နှင့်အထက် ရရှိသူများသာ ရွေးချယ်မည်

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ ဘီအီးဒီငါးနှစ်သင်တန်းကို ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့် ယခင်နှစ်က အောင်မြင်ပြီးသူများကို လက်ခံမည်ဖြစ်သည်။

သိပ္ပံနှင့် ၀ိပ္ပံဘာသာတွဲများကို လျှောက်ထားသူဖြစ်ပါက တက္ကသိုလ်ဝင်တန်းရမှတ်ပေါင်း ၃၅၀နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်သည်။

READ - သမ၀ါယမတက္ကသိုလ်ကို တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝင်ခွင့် စတင်လျှောက်ထားနိုင်ပြီ

ဝိဇ္ဇာဘာသာတွဲကို လျှောက်ထားသူဖြစ်ပါက တက္ကသိုလ်ဝင်တန်းရမှတ်ပေါင်း ၃၀၀နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားလာသူများကို ဒေသဖွံ့ဖြိုးရေးအတွက် ဆရာလိုအပ်ပြီး လေးလံခက်ခဲသော ဒေသများမှ ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် ဒေသတွင် အမှန်တကယ် နေထိုင်နေသူများဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား ဖြစ်ပြီး ရိုးရာဘာသာစကားကို တတ်ကျွမ်းသူဖြစ်ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်တက်ရောက်ရန် ရွေးချယ်ခြင်းခံရပါက အဝေးသင်တက္ကသိုလ် နှင့် အခြားတက္ကသိုလ်တစ်ခုခုတွင် ပူးတွဲတက်ရောက်နေသူမဖြစ်စေရန် ထုန်ပြန်ထားသည်။

သင်တန်းသားများကို ရွေးချယ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ သင်တန်းသား ရွေးချယ်ရေးကော်မတီများသည် သင်တန်းသား (အဓိကနှင့်အရန်) ဦးရေအတိုင်း ရွေးချယ်ပြီး သင်တန်းသား ရွေးချယ်ရေးဗဟိုသို့ ပေးပို့သွားရမည်ဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် အဓိက သင်တန်းသား များ တက်ရောက်နိုင်ခြင်းမရှိပါက အရန်သင်တန်းသားများကို တက်ရောက်ခွင့်ပေး မည်ဖြစ်သည်။

လျှောက်ထားသူများသည် သင်တန်းပြီးမြောက်ပါက စေလွှတ်တာဝန်ပေးသည့်နေရာများသို့ မလွဲမသွေ သွားရောက်တာဝန်ထမ်းဆောင်ပါမည် ဆိုသည့် သူများဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်တန်းကို အစိုးရအထက်တန်းကျောင်း အောင်မြင်ပြီးသူများသာ လျှောက်ထားနိုင်ပြီး ဘော်ဒါတက်ရောက်ပြီး အောင်မြင်သူများကို ရွေးချယ်မည်မဟုတ်ကြောင်း သိရသည်။

ထိုတက္ကသိုလ်သည် ယခင်နှစ်က သင်တန်းသား ၂၀၀ ကျော် ၀င်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8276 times