Sales Hotline : 09448001653       Download App



အဝေးသင် တက္ကသိုလ်စာမေးပွဲမေးခွန်းကို သက်ဆိုင်ရာ တက္ကသိုလ်များမှသာ မေးခွန်းထုတ်မည်

အဝေးသင် တက္ကသိုလ်စာမေးပွဲမေးခွန်းကို သက်ဆိုင်ရာ တက္ကသိုလ်များမှသာ မေးခွန်းထုတ်မည်

လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ် ပထမနှစ်စတင်တက်ရောက်ကြမည့် ကျောင်းသား/သူ များအတွက် စာမေးပွဲမေးခွန်းကို ယခင်ကဲ့သို့ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့မှ မေးခွန်းထုတ်မည် မဟုတ်ဘဲ သက်ဆိုင်ရာ တက္ကသိုလ်များမှသာ မေးခွန်းထုတ်ခွင့်ပြုထားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး လာမည့်နှစ်တွင် ပထမနှစ်စတက်မည့် အဝေးသင် တက္ကသိုလ်ကျောင်းသား/သူများမှစ၍ စာမေးပွဲမေးခွန်းများကို မိမိတို့ တက်ရောက်သည့် တက္ကသိုလ်မှ ထုတ်ပေးမည် ဖြစ်သည်။

သင်ထောက်ကူပစ္စည်းများနှင့် သင်ရိုးညွှန်းတမ်းများကိုသာ အထက်မြန်မာပြည်အတွက် မန္တလေး အဝေးသင်တက္ကသိလ်မှ ဖြန့်ဝေပေးမည်ဖြစ်ပြီး အောက်မြန်မာပြည် အတွက် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ဖြန့်ဝေပေးမည် ဖြစ်သည်။

ထိုစနစ်ကို ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ်ပထမနှစ် တက်ရောက်မည့် ကျောင်းသူများမှစ၍ ပြုလုပ်မည်ဖြစ်ပြီး အတန်းတစ်ဆင့် တက်ရောက်သွားပါက သက်ဆိုင်ရာ တက္ကသိုလ်များကသာ တာဝန်ယူဆောင်ရွက် မည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့ပူးပေါင်း၍ ကျောင်းအပ်လက်ခံခြင်း၊ စာစဉ် လက်ခံခြင်း၊ စာမေးပွဲ ကျင်းပခြင်း၊ အဖြေလွှာ စစ်ဆေးခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ် ၃၆ ခုတွင် ဌာနခွဲများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: မြ၀တီ

News Read 3609 times