Tianjin University သည် ပထမဆုံး BCI ဘွဲ့ကြိုပရိုဂရမ်ကို စတင်မိတ်ဆက်

 

Tianjin University သည် ၎င်း၏ ဆောင်းဦးရာသီ စာသင်ကာလအတွက် နိုင်ငံ၏ ပထမဆုံး ဦးနှောက်-ကွန်ပြူတာ ကြားခံစနစ် (BCI) ဘွဲ့ကြိုပရိုဂရမ်ကို ကမ္ဘာတစ်ဝှမ်းတွင် အရေးပါသော နည်းပညာ ခြေလှမ်းသစ်တစ်ခုအဖြစ် အမှတ်အသားပြု စတင်မိတ်ဆက်ခဲ့ပါသည်။ 

 

BCI နည်းပညာသည် ဦးနှောက်နှင့် ကွန်ပျူတာ (သို့မဟုတ်) ခြေတုလက်တုကဲ့သို့သော ပြင်ပကိရိယာကြား တိုက်ရိုက်ဆက်သွယ်မှုကို လုပ်ဆောင်နိုင်သည့် နည်းပညာဖြစ်သည်။ အဆိုပါ နည်းပညာပရိုဂရမ်ကို School of Future Technology နှင့် Tianjin University ၏ the Medical School တို့မှ ပူပေါင်းပြီး တည်ထောင်ခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ ပြောကြားခဲ့သည်။ 

 

"BCI ကဏ္ဍတွင် ပညာရှင်များ လိုအပ်မှု တိုးလာခြင်းကြောင့် Tianjin University သည် ဆေးကျောင်း၊ လျှပ်စစ်အလိုအလျောက်စနစ်နှင့် သတင်းအချက်အလက် အင်ဂျင်နီယာ၊ မိုက်ခရိုအီလက်ထရွန်းနစ်၊ ကွန်ပျူတာ၊ သင်္ချာ၊ သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်တို့ အပါအဝင် ဌာနအသီးသီးမှ အရင်းအမြစ်များကို အသုံးချပြီး ပရိုဂရမ်ကို စတင်ခဲ့ပါသည် " ဟု တက္ကသိုလ်၏ BCI ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးလက်ထောက်လည်းဖြစ် BCI ပရောဂျက်၏ ခေါင်းဆောင်လည်းဖြစ်သော Xu Minpeng မှ ပြောကြားခဲ့သည်။

 

 

BCI တွင် ထိပ်တန်းကျွမ်းကျင်သူများသည် အခြေခံသီအိုရီများ၊ စက်စနစ်များနှင့် BCI နည်းပညာ၏ လက်တွေ့ကမ္ဘာအသုံးပြုမှုများ ပါဝင်သော ကျယ်ပြန့်သည့် သုတေသနနှင့် သင်ကြားရေးအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း Xu က ပြောကြားခဲ့သည်။

 

တက္ကသိုလ်သည် အနာဂတ်တွင် ဇီဝဉာဏ်ရည်ဉာဏ်သွေးရှိသော အီလက်ထရွန်းနစ် ကြားခံကိရိယာများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သုတေသနပြုနိုင်သည့် ထူးချွန်သော အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ပြီး ယင်းကြောင့် BCI နည်းပညာကို မြှင့်တင်ပေးပြီး ဇီဝဗေဒနှင့် နည်းပညာ ပေါင်းစပ်ထားသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်နိုင်သည်ဟု ယူဆထားသည်။ 

 

အဆိုပါ ပရိုဂရမ်အား လျှောက်ထားသူ ရာနှင့်ချီရှိသည့်အနက်မှ ကျောင်းသားအယောက် (၂၀) သာ လက်ခံမည်ဖြစ်ကြောင်း တက္ကသိုလ်မှ သိရသည်။ ပရိုဂရမ်၏ အဓိကရည်မှန်းချက်မှာ ကျောင်းသားများကို BCI ၏ သုတေသနနှင့် လက်တွေ့အသုံးချမှု နှစ်ခုလုံးတွင် ကျွမ်းကျင်သူများ ဖြစ်စေရန် လေ့ကျင့်ပေးရမည်ဖြစ်သည်။

 

Source - China Daily 

 

International News Read 32 times