Oxford တက္ကသိုလ်က ကမ္ဘာ့တက္ကသိုလ်အဆင့်တစ်နေရာကို (၁၁) နှစ်ဆက်တိုက် ရရှိ

စက်တင်ဘာ (၃၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် Times Higher Education (THE) ၏ ၂၀၂၇ ခုနှစ်အတွက် ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်မှာ Oxford တက္ကသိုလ်က ပထမနေရာကို ရရှိခဲ့သည်။

ဒါဟာ ၂၀၁၇ ခုနှစ်ကတည်းကစလို့ အဆင့် (၁) နေရာကို ဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့သည့် သမိုင်းတစ်လျှောက် အရှည်ကြာဆုံး သက်တမ်းအဖြစ် စံချိန်တင်ခဲ့သည်။

(၁၁) နှစ်ဆက်တိုက် ပထမနေရာတွင် ရပ်တည်နေသည်မှာ Oxford တက္ကသိုလ် ဖြစ်သော်လည်း၊ Massachusetts Institute of Technology (MIT) ကလည်း အမှတ်ကွာဟချက် (၀.၁) ဖြင့် ဒုတိယနေရာ ရရှိခဲ့သည်။ 

Oxford တက္ကသိုလ်သည် သုတေသန ထွက်ရှိမှု၊ နိုင်ငံတကာနှင့် စာတမ်းပူးတွဲရေးသားမှုနှင့် ပါရဂူဘွဲ့ရ ဝန်ထမ်းအချိုးတို့တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း၊ MIT ကမူ ကျောင်းသား-ဝန်ထမ်း အချိုး၊ ကိုးကားမှုနှင့် သုတေသနအရည်အသွေး အားကောင်းမှုတို့ကို ပြသနိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်ဖြစ်သော Tsinghua တက္ကသိုလ်သည် ဆွစ်ဇာလန်နိုင်ငံရှိ ETH Zurich တက္ကသိုလ်ကို ကျော်တက်ကာ အဆင့် (၁၁) ကို ရယူနိုင်ခဲ့ပြီး ထိပ်တန်း (၁၀) ကျောင်းစာရင်းဝင်ရန် အနည်းငယ်သာ လွဲချော်ခဲ့သည်။

အာရှ၏ အဆင့်အမြင့်ဆုံး တက္ကသိုလ်သည် ယခုအခါ ဥရောပတိုက်ကြီးရှိ ထိပ်တန်းတက္ကသိုလ်ထက်ပင် အဆင့်ပိုမိုမြင့်မားနေပြီ ဖြစ်သည်။ 

Tsinghua တက္ကသိုလ်သည် ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် အဆင့် (၁၂) နေရာတွင် ရပ်တည်ပြီး ယခုနှစ်တွင် အဆင့် (၁၁) အထိ ရောက်ရှိလာခဲ့သည်။

၎င်း၏ အဆင့်တက်လာမှုသည် အဓိကအားဖြင့် နိုင်ငံခြားသား ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများ တိုးလာခြင်းကြောင့် ဖြစ်ပြီး အခြားတိုင်းတာချက်တစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ စာတမ်းပူးတွဲရေးသားမှု ကဏ္ဍတွင်မူ အနည်းငယ် နောက်ကျလျက်ရှိသည်။ အဆင့်သတ်မှတ်ချက် (၁၃) နေရာ၌ ရပ်တည်နေသော Peking တက္ကသိုလ်သည်လည်း ထို့အတူပင် ဖြစ်သည်။ 

စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ကလည်း ယခင်က (၁၇) နေရာတွင် ရှိခဲ့ပြီး ယခု (၁၅) နေရာသို့ ရောက်ရှိလာခြင်းကြောင့် ပထမဆုံးအကြိမ်အဖြစ် အာရှတက္ကသိုလ် သုံးခုသည် ထိပ်တန်း (၁၅) ကျောင်းစာရင်းအတွင်း ပါဝင်လာခဲ့ပြီ ဖြစ်သည်။

THE World University Rankings 2027 အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များအဆင့်သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

1. University of Oxford

2. Massachusetts Institute of Technology

3. Princeton University

3. Stanford University

5. University of Cambridge

6. Harvard University

7. California Institute of Technology

8. Imperial College London

9. University of California, Berkeley

9. Yale University

11. Tsinghua University

12. ETH Zurich

13. Peking University

14. University of Pennsylvania

15. National University of Singapore

တက္ကသိုလ်အဆင့်များ ဆက်လက်ကြည့်ရှုရန် 

> world-university-rankings/latest/world-ranking

အထက်ပါ Times Higher Education (THE) ၏ ၂၀၂၇ ခုနှစ် ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ရလဒ်များသည် အနောက်နိုင်ငံများ၏ ပညာရေးဆိုင်ရာ လွှမ်းမိုးမှုနေရာတွင် တဖြည်းဖြည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး အာရှတက္ကသိုလ်များက ထိပ်တန်းနေရာများဆီသို့ အရှိန်အဟုန်ဖြင့် နေရာ၀င်ယူလာကြောင်း တွေ့ရသည်။

International News Read 11 times