Sales Hotline : 09448001653       Download App



တိုင်းရင်းသားဘာသာစကား (၆၃) မျိုးကို သင်ကြားပေးလျက်ရှိ

** Unicode **

ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ရန် တိုင်းရင်းသားဘာသာစကား (၆၃) မျိုး သင်ကြားပေးလျက်ရှိကြောင်းအဆိုပါဝန်ကြီးဌာနမှ သိရပါတယ်။

တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ ထိန်းသိမ်းမြှင့်တင်နိုင်ဖို့ ဒေသခံတိုင်းရင်းသားဆရာတွေနဲ့ ဘာသာစကားသင်ဆရာတွေခန့်ထားပြီ တိုင်းရင်းသားဘာသာစကား (၆၃) မျိုးသင်ကြားပေးနေကြောင်း ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောကြားပါတယ်။

ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်းမြှင့်တင်ရန် ဒေသခံတိုင်းရင်းသားဆရာနှင့် ဘာသာစကားသင်ဆရာ (၃၁၇၄၂) ဦးအား ခန့်အပ်တာဝန်ပေးထားပြီး ကျောင်းသား (၈၄၈၄၈၀) ဦးအား ကျောင်းပေါင်း (၁၄၀၀၈) ကျောင်းတွင် တိုင်းရင်းသားဘာသာစကား (၆၃) မျိုးသင်ကြားပေးလျက်ရှိပါတယ်။

ထို့ပြင် ကျောင်းပြင်ပ ပညာရေးနှင့် သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်များကိုလည်း တစ်နှစ်ပတ်လုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခမဲ့ ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်ကာ ပညာသင်ယူရန် အခက်အခဲရှိသော ကလေးငယ်များအတွက်လည်း လူတိုင်းအကျုံးဝင် ပညာရေးကို မြှင့်တင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး တန်းတူမျှတသော ပညာသင်ယူခွင့်ရရှိရေးအတွက် အရေးပါသော ဦးစားပေးအစီအစဉ်တစ်ရပ်အဖြစ် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

Soft Drink & Beverage Production Training Centres (3) သောက်စရာနှင့် အဖျော်ယမကာ သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ပညာရေးဝန်ကြီးဌာနသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးကာ တက္ကသိုလ်သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မြှင့်တင်ရေးနှင့် တက္ကသိုလ်များတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့သင်တန်းအသစ်များ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ တိုင်းရင်းသားဘာသာစကား၊ စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက်လည်း ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါတယ်။

Credit:မြဝတီ
 

** Zawgyi **

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ တိုင္းရင္းသားဘာသာစကား၊ စာေပ၊ ယဥ္ေက်းမႈႏွင့္ ဓေလ့ထံုးစံမ်ားကို ထိန္းသိမ္းျမွင့္တင္ရန္ တိုင္းရင္းသားဘာသာစကား (၆၃) မ်ိဳး သင္ၾကားေပးလ်က္ရွိေၾကာင္းအဆိုပါဝန္ႀကီးဌာနမွ သိရပါတယ္။

တိုင္းရင္းသားဘာသာစကား၊ စာေပ၊ ယဥ္ေက်းမႈနဲ႔ ဓေလ့ထံုးစံေတြ ထိန္းသိမ္းျမွင့္တင္ႏိုင္ဖို႔ ေဒသခံတိုင္းရင္းသားဆရာေတြနဲ႔ ဘာသာစကားသင္ဆရာေတြခန္႔ထားၿပီ တိုင္းရင္းသားဘာသာစကား (၆၃) မ်ိဳးသင္ၾကားေပးေနေၾကာင္း ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားအတြက္ ဥေရာပသမဂၢ၏ အေထာက္အပံ့ေပးေရးဆိုင္ရာ ညွိႏႈိင္းေဆြးေႏြးပြဲတြင္ ပညာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးမွေျပာၾကားပါတယ္။

ပညာေရးဝန္ႀကီးဌာနသည္ တိုင္းရင္းသားဘာသာစကား၊ စာေပ၊ ယဥ္ေက်းမႈႏွင့္ ဓေလ့ထံုးစံမ်ား ထိန္းသိမ္းျမွင့္တင္ရန္ ေဒသခံတိုင္းရင္းသားဆရာႏွင့္ ဘာသာစကားသင္ဆရာ (၃၁၇၄၂) ဦးအား ခန္႔အပ္တာဝန္ေပးထားၿပီး ေက်ာင္းသား (၈၄၈၄၈၀) ဦးအား ေက်ာင္းေပါင္း (၁၄၀၀၈) ေက်ာင္းတြင္ တိုင္းရင္းသားဘာသာစကား (၆၃) မ်ိဳးသင္ၾကားေပးလ်က္ရွိပါတယ္။

ထို႔ျပင္ ေက်ာင္းျပင္ပ ပညာေရးႏွင့္ သက္ႀကီးစာတတ္ေျမာက္ေရး အစီအစဥ္မ်ားကိုလည္း တစ္ႏွစ္ပတ္လံုး အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိၿပီး အခမဲ့ ပညာေရးအစီအစဥ္ကို အေကာင္အထည္ေဖာ္ကာ ပညာသင္ယူရန္ အခက္အခဲရွိေသာ ကေလးငယ္မ်ားအတြက္လည္း လူတိုင္းအက်ံုးဝင္ ပညာေရးကို ျမွင့္တင္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံအတြင္းရွိ ေက်ာင္းေနအရြယ္ကေလးမ်ားအားလံုး တန္းတူမ်ွတေသာ ပညာသင္ယူခြင့္ရရွိေရးအတြက္ အေရးပါေသာ ဦးစားေပးအစီအစဥ္တစ္ရပ္အျဖစ္ ဥေရာပသမဂၢႏွင့္ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရပါတယ္။

Soft Drink & Beverage Production Training Centres (3) ေသာက္စရာႏွင့္ အေဖ်ာ္ယမကာ သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ပညာေရးဝန္ႀကီးဌာနသည္ သုေတသနႏွင့္ တီထြင္ဆန္းသစ္မႈကို အားေပးကာ တကၠသုိလ္သင္ရိုးညႊန္းတမ္းမ်ားကို ျပန္လည္ဆန္းစစ္ျမွင့္တင္ေရးႏွင့္ တကၠသုိလ္မ်ားတြင္ ေဒသလိုအပ္ခ်က္ႏွင့္ ကိုက္ညီေသာ ဘြဲ႔သင္တန္းအသစ္မ်ား ဖြင့္လွစ္သင္ၾကားႏိုင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ နည္းပညာ သက္ေမြးပညာေရးႏွင့္ ေလ့က်င့္ေရး၊ တုိင္းရင္းသားဘာသာစကား၊ စာေပဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားအတြက္လည္း ဥေရာပသမဂၢႏွင့္ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္းသိရပါတယ္။

Credit:ျမဝတီ
 

Latest Post News News Tips Tips Read 1721 times