ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးဆိုင်ရာ အခမဲ့သင်တန်း

ဒီတစ်ခေါက်မှာတော့ ဆရာအတတ်ပညာအရည်အသွေး မြင့်မားစေဖို့ တက်ရောက်နိုင်တဲ့ "ပန်းပျိုးသူဥယျာဉ်မှူး" ဆိုတဲ့ သင်တန်းအစီအစဉ်လေးကို မျှဝေပေးလိုက်ပါတယ်။

ဒီသင်တန်းလေးကတော့ Myanmar Teacher Platform က သင်တန်းအသစ်လေးဖြစ်ပြီး အရင်းအမြစ် နည်းပါးတဲ့ ဒေသတွေမှာ ထိရောက်တဲ့ သင်ကြားသင်ယူမှုပုံစံတွေကို လုပ်ဆာင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဓိကကတော့ ပညာရေးဆိုင်ရာသဘောတရားတွေ၊ သင်ကြားသင်ယူမှုပုံစံတွေ၊ စစ်ဆေးအကဲဖြတ်မှုပုံစံတွေ၊ ဆရာတွေရဲ့ တာဝန်၀တ္တရားတွေကို စာသင်ခန်းအတွင်း လက်တွေ့အသုံးချနိုင်ဖို့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။  

ဒီသင်တန်းမှာ အောက်ပါအတိုင်း မော်ဂျုး (၆) ခု ပါရှိပြီး မိမိ အားလပ်ချိန်တွေမှာ ကိုယ်ပိုင်နှုန်းထားဖြင့် သင်ယူနိုင်ပါတယ်။ 

မော်ဂျူး ၁။ “သင်ကြားရေး၏ အခြေခံအုတ်မြစ်များ” 

ဒီအပိုင်းမှာတော့ ပညာရေးဆိုင်ရာ သဘောတရားများ၊ သင်ကြားသင်ယူမှုပုံစံများနှင့်တကွ ဆရာများရဲ့ အခန်းကဏ္ဍများ၊ တာဝန်ဝတ္တရားများ၊ မိမိတို့၏ သင်ယူမှု တိုးတက်မှု အခြေအနေကို စောင့်ကြည့် စစ်ဆေးဖို့ နည်းလမ်းများကိုပါ လေ့လာရမှာ ဖြစ်ပါတယ်။

တက်ရောက်ရန် > https://mmteacherplatform

မော်ဂျူး ၂။ “ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး” 

ဒီသင်ခန်းစာမှာတော့ စာသင်ခန်းနဲ့ ကိုက်ညီဆီလျော်တဲ့ ခေတ်မီသင်နည်းဗေဒဆိုင်ရာ သဘောတရားများ၊ သင်ကြားသင်ယူနည်းများ၊ စစ်ဆေးအကဲဖြတ်နည်းများကို ဆက်လက် လေ့လာနိုင်ပါတယ်။

တက်ရောက်ရန် > https://mmteacherplatform

မော်ဂျူး ၃။ “စာသင်ခန်း စီမံခန့်ခွဲမှု” 

ဒီအပိုင်း သင်ပြီးရင် ကလေးတွေကို နားလည်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို ပံ့ပိုးပေးရင်း အပြုသဘောဆောင်တဲ့ စည်းကမ်းချက်တွေ၊ တုံ့ပြန်မှုတွေနဲ့ စာသင်ခန်းကို ပျော်ရွှင်အောင် ဘယ်လိုစီမံကိုင်တွယ်မရလဲဆိုတာတွေကို သိသွားမှာဖြစ်ပါတယ်။

တက်ရောက်ရန် > https://mmteacherplatform

မော်ဂျူး ၄။ “ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့်ပြောင်းလဲနိုင်ခြင်း” 

ဒီမှာဆိုရင် ကလေးတိုင်းကို ပညာရေးအခွင့်အလမ်းတွေ ပေးနိုင်ဖို့အတွက် မတူညီတဲ့ ကလေးတွေရဲ့ နောက်ခံအကြောင်းအရာအမျိုးမျိုးကို လိုက်ပြီး သင်ကြားမှုနဲ့ သင်ကြားရေးပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် သင်ကြားနည်းတွေကို လေ့လာကြရပါမယ်။

တက်ရောက်ရန် > https://mmteacherplatform

မော်ဂျူး ၅။ “ကျောင်းသားများ၏ ပေါက်မြောက်အောင်မြင်မှု” 

ဒီအပိုင်းမှာတော့ ကျောင်သားတွေရဲ့ မတူညီတဲ့ သင်ယူမှုပုံစံတွေကို သိရှိပြီး သင်ကြားရေးမှာ စိတ်ပါဝင်စားလာအောင် သင်ကြားရမယ့် နည်းလမ်းတွေနဲ့ စစ်ဆေးအကဲဖြတ်ခြင်းနည်းတွေကိုပါ တစ်ပါတည်း လေ့လာရမှာ ဖြစ်ပါတယ်။

တက်ရောက်ရန် > https://mmteacherplatform

မော်ဂျူး ၆။ “ဆရာအလုပ်၌ ဘဝတစ်သက်တာ နှစ်မြုပ်လုပ်ဆောင်မှု” 

နောက်ဆုံးအနေနဲ့ ဆရာ၊ ဆရာမတစ်ယောက်မှာ ရှိသင့်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ စံသတ်မှတ်ချက်တွေအပြင် ပညာရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေးအခေါ်တွေ ရရှိစေဖို့အတွက် စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာအကြောင်းကိုပါ အသေးစိတ် လေ့လာသွားရမှပဲဖြစ်ပါတယ်။

တက်ရောက်ရန် > https://mmteacherplatform

အထူးအစီအစဉ်

ဖော်ပြပါ မော်ဂျူး (၆) ခုလုံး လေ့လာတက်ရောက်ပြီးပါက Certificate (၆) ခုလုံးကို စုစည်းပေးပို့သူ ပထမ အယောက် (၁၀၀၀) အထိကို K-Pay မေတ္တာလက်ဆောင် ပေးသွားမယ့် အစီအစဉ်လည်း ရှိပါတယ်။

လက်မှတ်ပေးပို့ရန် – [email protected]

အကျိုးကျေးဇူးများ

  • ဆရာအတတ်ပညာကို မြှင့်တင်နိုင်ခြင်း
  • မိမိကိုယ်ပိုင်အချိန်မှာ လေ့လာနိုင်ခြင်း
  • အခမဲ့ဖြစ်ခြင်း
  • သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိခြင်း
  • သင်ကြားရေးကို စိတ်စားသူ ဘယ်သူမဆို တက်ရောက်နိုင်ခြင်း
  • ဆုလက်ဆောင်များ ရရှိခြင်း

မိမိတို့ သင်ကြားပေးနေတဲ့ ကလေးငယ်တွေကို အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတွေအပြင် အမူအကျင့်ကောင်း၊ အလေ့အထကောင်း၊ စိတ်နေသဘောထားကောင်းတွေနဲ့ပါ ပြည့်စုံသူတွေ ဖြစ်အောင် ပြုစု ပျိုးထောင်ပေးနေကြတဲ့ ဆရာ/ဆရာမတို့အတွက် အကျိုးရှိမယ့် သင်တန်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။

Latest Post Vocational Read 15 times