OPEN Program ကနေ အခမဲ့ ဖွင့်လှစ်ထားတဲ့ English သင်တန်း (၄) မျိုး

OPEN (Online Professional English Network) ဆိုတာ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ပေးထားတဲ့ အင်္ဂလိပ်စာသင်ကြားရေးအွန်လိုင်းပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ 

OPEN မှာ ကမ္ဘာတစ်ဝှမ်းက English Learners တွေ၊ English Teachers တွေအတွက် ပရော်ဖက်ရှင်နယ်အဆင့်ထိ လေ့လာသင်ယူနိုင်မယ့် အခမဲ့ အွန်လိုင်းသင်တန်းတွေ များစွာ ရှိပါတယ်။

OPEN ပရိုဂရမ်မှာ Global Online Courses (GOCs) နဲ့ Massive Open Online Courses (MOOCs) ဆိုပြီး အင်္ဂလိပ်ဘာသာစကားသင်တန်းအမျိုးအစား (၂) မျိုး ရှိပါတယ်။

  • Massive Open Online Courses (MOOCs) for English Educators and Learners
  • Global Online Courses (GOCs) for English Teacher Training

GOCs က အင်္ဂလိပ်စာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ တက်ရောက်သင့်တဲ့ အွန်လိုင်းသင်တန်းတွေ ဖြစ်ပြီး  မြန်မာနိုင်ငံ အမေရိကန်သံရုံးက နှစ်စဉ် လျှောက်လွှာခေါ်ယူပါတယ်။ ၂၀၂၆ ခုနှစ်အတွက် လျှောက်လွှာခေါ်ယူပြီး ဖြစ်တာကြောင့် အခုလောလောဆယ်တော့ GOCs ကို လျှောက်လို့မရတော့ပါဘူး။ 

ဒါပေမဲ့ MOOC မှာ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါတယ်။ MOOCs မှာ လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကားသင်တန်းတွေအပြင် အင်္ဂလိပ်စာ သင်ကြားရေးဆရာ၊ ဆရာမတွေ တက်ရောက်နိုင်မယ့် သင်တန်းတွေ ရှိပါတယ်။

ဒီသင်တန်းတွေက အသက်အရွယ်၊ လူဦးရေကန့်သတ်ချက်မရှိဘဲ English Level အနည်းဆုံး Intermediate Level လောက်ရှိတဲ့ ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။

လက်ရှိမှာ အောက်ဖော်ပြပါ သင်တန်း (၄) ခုသာ တက်ရောက်နိုင်မှာ ဖြစ်ပြီး တချို့သင်တန်းတွေက မဖွင့်သေးတာ ဖြစ်ပါတယ်။ 

  • English for Tourism Professionals
  • English for Business and Entrepreneurship
  • English for Career Development
  • Fostering Student Motivation and Engagement

စိတ်ဝင်စားရင် massive-open-online-courses-moocs ကနေတဆင့် ကိုယ်တက်ရောက်ချင်တဲ့ သင်တန်းကို Enroll Now နှိပ်ပြီး တက်ရောက်နိုင်ပါတယ်။

သင်ကြားရမယ့် ပုံစံကတော့ ကိုယ်ပိုင်အချိန်ပေးစနစ် (self-paced) အပြင် သင်ကြားပို့ချသူဦးဆောင်စနစ် (instructor-led) လည်း ရှိပါတယ်။ Module တစ်ခုချင်းစီအလိုက် Assignment ဖြေဆိုတဲ့အခါ ရမှတ် (၇၀)% ကျော်ရရင် Digital Certificate ထုတ်ယူနိုင်ပါတယ်။ 

Certificate ထုတ်ယူနိုင်တဲ့ လမ်းညွှန်ချက်ကို အောက်က လင့်ခ်ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

> https://s3.us-east-1.amazonaws.com/resources.aeeteacher.org/

================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 461 times